Main menu

Background

အမေရိကန် စက်အစိတ်အပိုင်းများ မပါဘဲ ဟွာဝေးက 5G အခြေခံစခန်းများတည်ဆောက်မည်

Wed, 10/02/2019 - 13:01 -- journal_editor

    အမေရိကန်စက်အစိတ်အပိုင်းများမပါဘဲ 5G အခြေခံစခန်းများကို  တည်ဆောက်သွားရန် အသင့်ဖြစ်နေကြောင်းနှင့် လာမည့်နှစ်တွင် ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်သွားမှာဖြစ်ကြောင်း ဟွာဝေးကုမ္ပဏီတည်ထောင်သူနှင့် စီအီးအို ရန်ဇန်ဖေးက စက်တင်ဘာ ၂၇ ရက်တွင်ပြောသည်။ အောက်တိုဘာလမှစ၍ ဟွာဝေးသည် တစ်လကို 5G ဆက်သွယ်ရေးအခြေခံစခန်း ၅၀၀၀ တည်ဆောက်သွားမည်ဖြစ်ပြီး လာမည့်နှစ်တွင် အခြေစိုက်စခန်း ၁ ဒသမ ၅ သန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်က ဖိုရမ်တစ်ခုတွင်ပြောသည်။

    တရုတ်အစိုးရက သူလျှိုလုပ်ငန်းများကိုဆောင်ရွက်ရာတွင်  ဟွာဝေး၏ကိရိယာများကို အသုံးချနိုင်သည်ဟူသော စိုးရိမ်မှု ကြောင့် ကမ္ဘာ့တယ်လီကွန်းကုမ္ပဏီကြီးဖြစ်သော ဟွာဝေးကို အမေရိကန်က ကုန်သွယ်ရေးနာမည် ပျက်စာရင်းတွင် ထည့်သွင်းခဲ့သည်။ စွပ်စွဲချက်များကို ဟွာဝေးက အကြိမ်ကြိမ်ငြင်းဆိုခဲ့သော်လည်း ဂယက်ရိုက်ခတ်မှုများ သက်သာအောင် ဆောင်ရွက်ခဲ့သည်။ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုက အရေးကြီးသော အမေရိ ကန် နည်းပညာကို ဟွာဝေးကရယူရာတွင် အဟန့်အတားဖြစ် စေခဲ့သည်။ ဟွာဝေး၏နောက်ဆုံးမိုဒယ်ဖြစ်သော Mate 30 ကို ယခင်သီတင်းပတ်က ဥရောပတွင်စတင်ရောင်းချခဲ့ရာတွင် ဂူဂဲ၏ မိုဘိုင်းနှင့် ပူးတွဲဆောင်ရွက်ခြင်း မရှိခဲ့ပေ။ 'စမ်းသပ်မှုတွေကိုကျွန်တော်တို့က သြဂုတ်နဲ့ စက်တင်ဘာမှာ လုပ်ခဲ့ပါတယ်။ အောက်တိုဘာက စပြီး တစ်လလုံးရေ ၅၀၀၀ ထုတ်ပြီး အလုံးအရင်းနဲ့ထုတ်သွားမှာပါ ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ဒီနှစ်ထုတ်လုပ် မှုက အလုံးရေ ၆၀၀၀၀၀ ရှိပြီး နောက်နှစ်မှာ အလုံးရေ ၁ ဒသမ ၅ သန်းရှိမယ်လို့ခန့်မှန်းပါတယ်' ဟုရန်းကပြောသည်။

 

စံမီအောင်