Main menu

Background

ဗီယက်နမ်ကျောင်းများတွင် လုပ်ငန်းသစ်ထူထောင်ရေး စွမ်းရည်ပြည့်ဝရေးကို အလေးထားသင်ကြားရန်တိုက်တွန်း

Thu, 10/24/2019 - 14:09 -- journal_editor

      လုပ်ငန်းသစ်ထူထောင်ရေး စွမ်းရည်ပြည့်ဝရေးကို ဗီယက်နမ် ကျောင်းများနှင့် လူငယ်များကမျက်ကွယ်ပြုထားကြသည်မှာ လွန်စွာ ကြာမြင့်ပြီဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Bui The Duy က ပြောကြားကြောင်း ဗီယက်နမ်နယူးအေဂျင်စီသတင်းတွင် ဖော်ပြသည်။ ဗီယက်နမ်ထူထောင်စ စီးပွားရေးလုပ်ငန်း အသိုက်အဝန်းတွင် လုပ်ငန်းပေါင်း ၃၀ဝ၀ ခန့်ရှိသော်လည်း ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ကမ္ဘာနှင့်ယှဉ်ပါက အများကြီး နောက်ကျကျန်နေကြောင်း အောက်တိုဘာ ၁၆ ရက်ကကျင်းပသော '၂၀၁၉ ခုနှစ် ဗီယက်နမ် စီးပွားရေးထိပ်သီးဆွေးနွေးပွဲ'၌ ပြုလုပ်သော စကားဝိုင်းဆွေးနွေးပွဲ တွင် ီကပ ကပြောသည်။ အသေးစားကုမ္ပဏီများသည် စီပွားရေးလုပ်ငန်း အနာဂတ် ဖွံ့ဖြိုးရေးအခြေခံအဖြစ် ကမ္ဘာ့စီးပွားရေး၌ ပါဝင်လှုပ်ရှားနေသူများ ထံမှ နည်းပညာနှင့် အက်ပလီကေးရှင်းများကို ရရှိအောင်ဆောင်ရွက် နိုင်မည့် နည်းလမ်းများကို အလေးပေးဆောင်ရွက်သင့်ကြောင်း သူကပြောသည်။
         "အလျင်အမြန်တိုးတက်နေတဲ့ ကုမ္ပဏီအားလုံးက တီထွင်ကြံ ဆမှုနဲ့ အက်ပလီကေးရှင်တွေအပေါ်မှာ အခြေခံကြတဲ့အတွက် ဗီယက်နမ်ထူထောင်စလုပ်ငန်းတွေရဲ့ အောင်မြင်မှုကို စိတ်ကူးယဉ် အပေါ် အခြေခံစဉ်းစားလို့မဖြစ်ပါဘူး"ဟု သူကပြောသည်။ ' ဗီယက်နမ် စီးပွားရေးလုပ်ငန်းတွေက ကမ္ဘာ့လုပ်ငန်းတွေဆီက ပုံတူကူးချနေတာဖြစ်ပြီး ကိုယ်ပိုင်ဟန်မရှိသလောက်ပါပဲ။ ကျွန် တော်တို့မှာ ဥာဏပစ္စည်းပိုင်ဆိုင်ခွင့်အတွက် မှတ်ပုံတင်ထားတာမရှိ သေးပါဘူး'ဟု Duy က ပြောသည်။
တည်ထောင်စ စီးပွားရေးလုပ်ငန်းတွေအတွက် ခိုင်မာတဲ့ ဘဏ္ဍာရေးကဏ္ဍနှင့် ဈေးကွက်ဦးဆောင် ကုမ္ပဏီတွေအပေါ် အခြေခံ ဖွံ့ဖြိုးလာတဲ့ စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် လိုအပ်ကြောင်းနှင့် သူတို့ကို သုတေသနအဖွဲ့များနှင့် ကျောင်းများက အထောက်အကူ ပေးရန်လိုကြောင်း သူကပြောသည်။ နည်းပညာဖွံ့ဖြိုးမှုတိုးတက်မှုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကကျကြောင်း သူကအလေးထားပြောကြားသည်။

 

စံမီအောင်