Main menu

Background

ပိုးသတ်ဆေး အဆိပ်သင့် မှုကြောင့် ဆုံးရှုံးမှုကို ကုစားဖို့ ထိုင်းဝန်ကြီးဌာနများ ကြိုးစား

Fri, 11/15/2019 - 15:13 -- journal_editor

         အန္တရာယ်များသော ပိုးသတ်ဆေးသုံးမျိုးကို ပိတ်ပင်လိုက်သည့်အတွက် နစ်နာမှုရှိသော တောင်သူလယ်သမားများကို အကူ အညီပေးရန် ထိုင်းလယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ကြောင်း ဝန်ကြီး ချာလန်ချိုင်း ဆရီအွန်က နိုဝင်ဘာ ၆ ရက် တွင် ပြောကြားသည်။ အဆိုပါအဖွဲ့သည် စိုက်ပျိုး ရေးလုပ်ငန်းအပေါ် ရိုက်ခတ်မှု မှန်သမျှကို လေ့လာ ပြီး အထောက်အကူပြုမည့် အစီအမံများကို ချမှတ် သွားမည်ဖြစ်ကြောင်း နေးရှင်းသတင်းတွင် ဖော်ပြသည်။ ဓာတ်ဆေးအြွကင်းအကျန်များကို ဘေး အန္တရာယ်ကင်းအောင် စီမံခန့်ခွဲနိုင်ရေးအတွက် အဖွဲ့က နည်းလမ်းများကို ရှာဖွေနေကြောင်း ၎င်းက ပြောသည်။ လုပ်ငန်းအဖွဲ့သည် အဆိပ် အတောက်ရှိ သောပစ္စည်းများကို အသုံးပြုနေဆဲဖြစ်သော နိုင်ငံ များမှ တင်သွင်းသည့် လယ်ယာ ထွက်ကုန်များတွင် ပါဝင်သော ဓာတြွ်ကင်းများကို လေ့လာစောင့်ကြည့် နေသော ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။   ထို့ပြင်အကယ်၍ တိရစ္ဆာန်အစားအစာကဲ့သို့သော ဓါတ်ကြွင်းပါသည့် ထုတ်ကုန်များ တင်သွင်း မှုကို စက်မှုဝန်ကြီး ဌာနက ရပ်ဆိုင်းလိုက်ပါက ထိခိုက်မည့် လယ်သမား ကို အကူအညီပေးရန် ပြင်ဆင်လျက်ရှိသည်။

       ပိတ်ဆို့မှုကို အခွင့်ကောင်းယူပြီး ခွင့်ပြုချက်ရ ပိုးသတ်ဆေးများ၏ဈေးနှုန်းကို လက်လီရောင်းချ ရေးလုပ်ငန်းများက မြှင့်တင် မှု ရှိ၊ မရှိကို ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ စောင့်ကြည့်လျက်ရှိသည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အဖွဲ့အစည်း ဝန်ကြီးဌာနက မှတ်ပုံမတင်ဘဲ ရောင်းချမှုကို အရေး ယူဆောင်ရွက်မည်ဖြစ်သည်။ အစီအမံအားလုံးကို ဒီဇင်ဘာ ၁ ရက်မှစ၍ ဆောင်ရွက်မည်ဖြစ်ပြီး အဆိပ်သင့်သော ဓာတု ပစ္စည်းများပါသည့် ပိုးသတ်ဆေး သုံးမျိုးဖြစ်သည့် paraquat, glyphosate  နှင့် chlorpyrifos  တို့ကို စတင် ဆောင်ရွက်မှာဖြစ်ကြောင်း ချာလန်ချိုင်းက ပြောသည်။ ထိုတောင်သူများမှာ ပိတ်ပင်ထားသော ဓာတုဆေးများကို မသုံးစွဲပါက ပေါင်းပင်နှင့် ပိုးများ ကို ရှင်းရန် လူငှားရမ်းမှုအပါအဝင် သူတို့၏ ထုတ် လုပ်မှုဖြစ်စဉ်တွင် ပြောင်းလဲသွားနိုင်သည့်အတွက်  ကြံ၊ ပီလောပီနံ၊ စားအုန်းဆီ၊ ရော်ဘာ၊ ပြောင်းနှင့် သစ်သီးစိုက်ပျိုးသူများအတွက်  စိုးရိမ်ကြောင်း  လယ်ယာစိုက်ပျိုရေး ဒုတိယဝန်ကြီး နာရာပတ် ကဲသွန်က ပြောသည်။ ထိုလုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းများ တွင် ပြောင်းလဲမှုများလည်း လိုအပ်လျက်ရှိရာ လယ်ယာစိုက်ပျိုးရေး သမဝါယမအသင်းများ သည် စိုက်ပျိုးရေးလုပ်ငန်းများတွင် စက်များကို တွင်တွင်ကျယ်ကျယ် သုံးလာအောင် အားပေးသွား သင့်ကြောင်း သူကပြောသည်။

 

စံမီအောင်