Main menu

Background

အိန္ဒိယ၏ ပဲမျိုးစုံဆိုင်ရာ သွင်းကုန်ကန့်သတ်ချက်များအပေါ် WTO အဖွဲ့ဝင်နိုင်ငံများ မေးခွန်းထုတ်

Fri, 11/15/2019 - 15:21 -- journal_editor

       အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံနှင့် စပ်လျဉ်းသည့် သွင်းကုန် မူဝါဒများအပေါ် ျွှွှဥ အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ကနေဒါ၊ အမေရိကန်နှင့် ရုရှားတို့က မေးခွန်းများ ထပ်မံ မေးမြန်းထားကြောင်း ွှ့န့ငညိက ဘကျငညနျူငညန သတင်းစာ တွင် ဖော်ပြထားသည်။ WTO ၏ စိုက်ပျိုးရေးကော်မတီအစည်းအဝေးကို အောက်တိုဘာလက ကျင်းပခဲ့ရာ အိန္ဒိယအနေဖြင့် ပဲတင် သွင်းမှုနှင့်စပ်လျဉ်း၍ ယာယီခွဲတမ်းသတ်မှတ်ချက်များကို သတ်မှတ် ဖော်ဆောင်ခဲ့သည်မှာ နှစ်နှစ်အထက် ကျော်လွန် လာပြီဖြစ်ကာ ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းအရ မည်သို့ ဆောင်ရွက်သည်ကို အကျိုးသင့်အကြောင်းသင့် ရှင်းလင်းစေလိုပြီး လာမည့် ၂၀၂၀ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်း ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါကန့်သတ်ချက်များအား ဖယ်ရှားမည်လားကို အိန္ဒိယအနေဖြင့် ရှင်းလင်းဖြေကြားပေး စေလိုသည်ဟု  မေးမြန်းထားကြောင်း သိရှိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၏ သကြားပို့ကုန်မူဝါဒများ၊ နို့ထွက် ပစ္စည်းဆိုင်ရာ ချေးငွေများ၊ ဆန်ပို့ကုန်များနှင့် ဂျုံဝယ်ယူသည့် ဈေးနှုန်းများနှင့် စပ်လျဉ်း၍လည်း အဖွဲ့ဝင်နိုင်ငံများက မေးခွန်း များ မေးမြန်းခဲ့ကြောင်း သိရှိရသည်။

          အိန္ဒိယ၏ ပဲတင်သွင်းမှု ခွဲတမ်းသတ်မှတ်ချက်နှင့် စပ်လျဉ်းသည့် မူဝါဒများအပေါ် သြစတြေးလျက မေးခွန်းများ အကြိမ်ကြိမ် ထုတ်ခဲ့သော်လည်း အိန္ဒိယက ယင်းတို့နှင့်စပ် လျဉ်း၍ တစ်ကြိမ်တစ်ခါမျှ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိကြောင်း၊ ကနေဒါ ကလည်း ပဲလုံးတင်သွင်းခွင့် နောက်ဆုံး သတ်မှတ်ရက်အား ၂၀၂၀ ခုနှစ် မတ် ၃၁ ရက်အစား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်သို့ ပြောင်းလဲခဲ့ခြင်းကြောင့် စိုးရိမ်ပူပန်သည် ဟု ပြောကြားခဲ့ကြောင်း၊ အမေရိကန်ကလည်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလုံးသွင်းကုန်များအပေါ် ကန့်သတ်ကာလသက်တမ်းကုန်ဆုံးမည့် ၂၀၂၀၊ ခုနှစ် မတ် ၃၁ ရက်နောက်ပိုင်းတွင် အိန္ဒိယ အစိုးရအနေဖြင့် မည်သည့် အပြောင်းအလဲများ ဆက်လက်ဖော်ဆောင်မည်ကို သိရှိလို သည်ဟု မေးမြန်းထားကြောင်း၊ အဖွဲ့ဝင်များ၏ မေးမြန်းချက်များအပေါ် ကျေနပ်လောက်အောင် ဖြေကြားနိုင်ခြင်းမရှိပါက နောင်တွင် အငြင်းပွားမှု ပုံစံမျိုးအထိ ဖြစ်လာနိုင်ခြေရှိ ကြောင်း သိရှိရသည်။

            အိန္ဒိယသည် ကမ္ဘာပေါ်တွင် ပဲအများဆုံး ထုတ်လုပ် သောနိုင်ငံဖြစ်ပြီး ကမ္ဘာ့စိုက်ပျိုးမှု၏ ၃၄ ရာခိုင်နှုန်း၊ ကမ္ဘာ့ ထုတ်လုပ်မှု၏ ၂၄ ရာခိုင်နှုန်း ထိပါဝင်နေကြောင်း၊ ကမ္ဘာ့ ပဲစင်းငုံစိုက် ဧရိယာ၏ ၉၀ ရာခိုင်နှုန်း၊ ကုလားပဲလုံးဖြူစိုက် ဧရိယာ ၏ ၇၅  ရာခိုင်နှုန်းနှင့် ပဲနီလေးစိုက်ဧရိယာ၏ ၃၄ ရာခိုင် နှုန်းတို့သည် အိန္ဒိယနိုင်ငံတွင် ရှိကြောင်း၊ မြန်မာ သည်ကမ္ဘာပေါ်တွင် ပဲဒုတိယအများဆုံး စိုက်ပျိုးသည့် နိုင်ငံ ဖြစ်ကာ ၎င်း၏နောက်တွင် ကနေဒါ၊ တရုတ်၊ နိုင်ဂျီးရီးယား၊ ဘရာဇီးနှင့် သြစတြေးလျနိုင်ငံတို့ဖြစ်ကြောင်း သိရှိရသည်။

 

ယဉ်ယဉ်နွယ်