Main menu

Background

တရုတ်နိုင်ငံကို ကောက်ခံသောအခွန်အား ရုပ်သိမ်းခြင်းကို အိမ်ဖြူတော်တွင် အပြင်းအထန်ကန့်ကွက်

Fri, 11/15/2019 - 15:23 -- journal_editor

       ကုန်သွယ်ရေး  သဘောတူညီချက် အဆင့်(၁)အဖြစ် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ ရရှိထားသော သဘောတူညီချက်အရ လက်ရှိ ကောက်ခံနေသော အကောက်ခွန်များအားပြန်လည် ရုပ်သိမ်းခြင်းကို အိမ်ဖြူတော်နှင့် ပြင်ပ အကြံ ပေးများ၏ ပြင်း ပြင်းထန်ထန် ဆန့်ကျင်မှုနှင့်  ရင်ဆိုင်နေရကြောင်း ဤဆွေးနွေးမှုနှင့် နီးစပ်သောသတင်း ရင်းမြစ်များ၏ ပြောကြားချက်ကို ရိုက်တာသတင်းတွင် ကိုးကားဖော်ပြသည်။ အကောက်ခွန် ပြန်လည်ရုပ်သိမ်းရေးသည်  တရုတ် ဒုတိယဝန်ကြီးချုပ် လျူဟီနှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့  အောက်တိုဘာက  တွေ့ဆုံ ဆွေးနွေးစဉ်က  ပါဝင်ခြင်းမရှိကြောင်း အဆိုပါ သတင်းရင်းမြစ်များက ပြော သည်။  အကောက်ခွန်  လျှော့ချရေးကို သဘောတူထားပြီးဖြစ်ကြောင်း တရုတ် တာဝန်ရှိသူတို့က နိုဝင်ဘာ ၇ ရက်တွင် ပြောသည်။

        အကောက်ခွန်ကို လျှော့ပေးသည့် အတွက် စေ့စပ်ညှိနှိုင်းရာတွင် အမေ ရိကန်ပြည်ထောင်စုအတွက်   အခွင့် အရေး ရ၊ မရ ဆိုသည့်  ကိစ္စနှင့်ပတ် သက်၍  အမေရိကန်အစိုးရအတွင်း သဘောထား  ကွဲလွဲမှုရှိခဲ့သည်။ တရုတ်ကွန်မြူနစ်   ပါတီက သဘောတူညီချက်ကို  ပြန်လည်ဈေး ဆစ်ရန်   ကြိုးစားနေကြောင်း အိမ်ဖြူ တော်အကြံပေး အရာရှိဟောင်း စတီ ဗင်ဘန်နွန်ကပြောသည်။ အကောက် ခွန်က စောစီးစွာပြန်လည်ရုပ်သိမ်းခြင်း သည်  အောက်တိုဘာ သဘောတူညီ ချက်ကို  ဆန့်ကျင်ကြောင်း ၎င်းကပြော သည်။

 

စံမီအောင်