Main menu

Background

အိန္ဒိယက တရုတ်ထက် သာလွန်ပြီး သီရိလင်္ကာကို ငွေကြေး ထောက်ပံ့

Wed, 12/04/2019 - 13:06 -- journal_editor

      ဒေသတွင်း၌ တရုတ်၏သြဇာလွှမ်းမိုးမှုကိုတန်ပြန်ရန် စိတ်စောနေ သော အိန္ဒိယနိုင်ငံက သီရိလင်္ကာနိုင်ငံအတွက် အကူအညီအဖြစ် အမေရိ ကန်ဒေါ်လာ သန်းပေါင်းရာချီ၍ပေးခဲ့ကြောင်း  အေအက်ဖ်ပီသတင်း တွင် ဖော်ပြသည်။  သီရိလင်္ကာနိုင်ငံ သမ္မတသစ်သည် ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် နယူးဒေလီသို့ရောက်ရှိစဉ် ယခုလို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနှင့် တရုတ်တို့က အိန္ဒိယသမုဒ္ဒရာနှင့် မဟာဗျူဟာမြောက် ပင်လယ်လမ်းကြောင်းကို ထိန်းချုပ်ရန် ယှဉ်ပြိုင်လျက်ရှိသဖြင့် သမ္မတဖြစ် လာပြီးနောက် ၁၂ ရက်အတွင်း ဂိုတာဘာယာရာဂျာပက်ဆာ၏ အိန္ဒိ ယ နိုင်ငံခရီးစဉ်ကို ဂရုတစိုက်စောင့်ကြည့်လျက်ရှိသည်။
      သီရိလင်္ကာနိုင်ငံသည် အစဉ်အလာအားဖြင့် အိန္ဒိယနှင့် မဟာမိတ် ဖြစ်သော်လည်း လက်ရှိသမ္မတ၏အစ်ကို မဟိန္ဒာရာဂျာပက်စာလက်ထက် တွင် သီရိလင်္ကာအား တရုတ်က ရင်းနှီးမြှုပ်နှံသည့်အပြင် ဒေါ်လာဘီလီယံ ပေါင်းများစွာ ထုတ်ချေးခဲ့သည်။ နိုင်ငံခေါင်းဆောင်နှစ်ဦး  ဆွေးနွေးပြီးနောက် သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးနှင့် အခြေခံအဆောက်အအုံ တိုးတက်အောင်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံက သီရိလင်္ကာနိုင်ငံအား ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ပေးမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုးဒိကပြောသည်။ သီရိလင်္ကာနိုင်ငံ၏ လုံခြုံရေးနှင့် ထောက်လှမ်းရေးသတင်းအချက် အလက်စုစည်းရေးလုပ်ငန်းမြှင့်တင်ရန်အတွက် နောက်ထပ် အမေရိကန် ဒေါ်လာ သန်း ၅၀ ထပ်ပေးခဲ့သည်။

 

စံမီအောင်