Main menu

Background

ဗီယက်နမ်နိုင်ငံ၏ အထည်အလိပ်ကဏ္ဍတွင် အိန္ဒိယနှင့် ပိုမိုရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည်

Wed, 12/04/2019 - 14:06 -- journal_editor

      ဗီယက်နမ်အထည်အလိပ်နှင့် အဝတ်အထည်အသင်း ချုပ်(VITAS) ၏ ပြောပြချက်အရ အဝတ်အထည်လုပ်ငန်း သည် ကမ္ဘာလုံးဆိုင်ရာ ရောင်းလိုအားနှင့်ဝယ်လိုအား ကွင်း ဆက်ကို ကိုက်ညီစေရန် အရောင်ဆိုးသည့်အပိုင်းနှင့် ပိတ်စ အပိုင်းများဖြစ်သော မဖွံ့ဖြိုးသေးသည့် အထည်အလိပ် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုကို လိုအပ်နေကြောင်း သိရှိရသည်။  ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သော အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံတို့၏ အထည် အလိပ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် စီးပွားရေးအပြန် အလှန် အကျိုးပြုစေသည့် လှုပ်ရှားမှု တွင်  ဗီယက်နမ်နိုင်ငံက လက်မှတ်ရေးထိုးထားသော လွတ်လပ်သော ကုန်သွယ်မှုသဘောတူ စာချုပ်များအရ ဈေး ကွက်ဝင် အခွင့်အလမ်းများရရှိစေရန်  ချည်ခင်၊ ရက်ကန်း ယက်ခြင်း၊ ဆေးဆိုးခြင်း၊ ပန်းရိုက်ခြင်းအပိုင်း များတွင် ရင်းနှီး မြှုပ်နှံရန်အတွက် အိန္ဒိယကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ကြောင်း နှင့်  အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပူးပေါင်းဆောင် ရွက်မှုသည် နှစ်နိုင်ငံစလုံးကို အကျိုးအမြတ်ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း  VITAS ၏  ဥက္ကဋ္ဌက ထုတ်ဖော် ပြော ကြားခဲ့သည်။
      အိန္ဒိယနိုင်ငံမှ  Consul General က အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံတို့အကြား အထည်အလိပ်လုပ်ငန်းများတွင် နှစ်နိုင်ငံကုန် သွယ်မှုသည်လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း အထင်ကြီး လောက်သည့် တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ပြီး ဖြစ် ကြောင်း၊ လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ၄၈ ရာခိုင်နှုန်း တိုး တက်မှုဖြင့် အိန္ဒိယအထည်အလိပ်နှင့် အဝတ်အထည်များကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ခဲ့ပါကြောင်းဖြင့် ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ဝါဂွမ်း၊ ချည်နှင့်ပိတ်စကဲ့သို့သော အဝတ် အထည် လုပ်ငန်းအတွက် ကုန်ကြမ်းများကို အခြား နိုင်ငံများအပေါ်တွင် မှီခိုနေရသည်။  အိန္ဒိယနိုင်ငံ၏ တင်သွင်းမှုများသည် အမေရိကန်ဒေါ်လာ ၇ ဒဿမ ၃၁ ဘီလီယံ ရှိခဲ့ပြီး ၎င်းတို့အနက်  ဗီယက်နမ် နိုင်ငံ မှ တင်သွင်းမှုမှာအမေရိကန်ဒေါ်လာ ၃၀ဝ သန်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။  အိန္ဒိယ-အာဆီယံ လွတ်လပ်သောကုန်သွယ်မှု သဘော တူစာချုပ်အရ ချည်မျိုးစုံ၊ ရက်လုပ်ထားသောပိတ်စနှင့်  ဇာထိုး ထားသောအစများကို အိန္ဒိယနိုင်ငံမှ အကောက်ခွန်နှုန်း သုည ဖြင့် တင်သွင်းနိုင်ကြောင်း၊ ယှဉ်ပြိုင်နိုင်သော ဈေးနှုန်းများ ဖြင့် ချည်၊ ပိတ်စနှင့် စက်ယန္တရားများတင်သွင်းရာတွင် အိန္ဒိယ နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ယုံကြည်အားထားရသော ကုန်သွယ်ဖက် နိုင်ငံဖြစ်လာနိုင်ကြောင်း Consul General က ပြောကြားခဲ့ပါသည်။ 

 

ချိုချိုမာ (ရန်ကုန်)