Main menu

Background

ရေနံထုတ်လုပ်မှုလျှော့ချခြင်းကို ပြန်လည်ခွဲဝေသတ်မှတ်ရန် အိုပက်နှင့်မဟာမိတ်များ သဘောတူ

Fri, 12/13/2019 - 16:19 -- journal_editor

          အိုပက်နှင့် အခြားနိုင်ငံများသည် အဖွဲ့၏ ထုတ်လုပ်မှုရည်မှန်းချက်ကို ညှိနှိုင်းပြီး ထုတ်လုပ်မှုလျှော့ချမည့်ပမာဏကို ပြန်လည်ခွဲဝေသတ်မှတ်ရန် သဘောတူညီခဲ့ကြကြောင်း Business Times သတင်းတွင် ဖော်ပြခဲ့သည်။ ယခုကဲ့သို့ ပြန်လည်ခွဲ
ဝေရန် ဆောင်ရွက်ရခြင်းမှာ ရေနံထုတ်လုပ်မှု အဆမတန် လျှော့ချရသည့် တာဝန်ကိုကာလရှည်ကြာစွာ ဆောင်ရွက်ခဲ့ရသော ဆော်ဒီအာရေဗျ နိုင်ငံ၏ ဖိအားပေးမှုကြောင့်ဖြစ်ကြောင်း ဖော်ပြ ထားသည်။ အဆိုပါအုပ်စုသည် ကမ္ဘာ့ရေနံထုတ်လုပ် မှု၏ ထက်ဝက်ကျော်ကို ထုတ်လုပ်လျက်ရှိသည်။
            ဗီယင်နာ၌ ဒီဇင်ဘာ ၆ ရက်တွင် သဘောတူညီချက်အရ အဖွဲ့၏ ထုတ်လုပ်မှုကို တစ်ရက်စည် ၅၀ဝ၀ဝ၀ လျှော့ချရန် ရည်မှန်းထားရာ မကြာသေးမီက ထုတ်လုပ်မှုအဆင့်နှင့် ကိုက်ညီကြောင်းကိုယ်စားလှယ်များက ပြောသည်။ အဓိကထား ဦးစားပေး ပြောကြားလိုသည်မှာ အချို့အဖွဲ့ဝင်နိုင်ငံများသည် လိမ်ညာနေမှုကိုရပ်တန့်ပြီး ကတိပေးထားသည့်အတိုင်းအကောင်အထည်ဖော်ကြစေလိုကြောင်း ဆော်ဒီစွမ်းအင်ဝန်ကြီး မင်းသား အဗ္ဗဒူလာဇစ် ဘင်ဆာလမန်က အစည်းအဝေးမတိုင်မီ ပြတ်ပြတ်သားသားပြောသည်။ "ဘာသာတရားမှာလိုပါပဲ။ ယုံကြည်ရင်ကျင့်ကြံအားထုတ်ရပါမယ်။ ကျင့်ကြံအားထုတ်မှုမရှိရင်မယုံတဲ့သူဖြစ်ပါလိမ့်မယ်။ ဈေးကွက်တွေကကျွန်တော်တို့ကိုယုံကြည်ရပါမယ်။ လေ့လာဆန်းစစ်သူတွေက ကျွန်တော်တို့ကို ယုံကြည်ရပါမယ်" ဟုဒီဇင်ဘာ  ရက် ဖွင့်ပွဲအခမ်းအနားတွင် မင်းသားအဗ္ဗဒူလာဇစ်က ပြောပါတယ်။အိုပက်နှင့်မဟာမိတ်တို့က ရေနံထုတ်လုပ်မှုကိုလျှော့ချမည့် အစီအစဉ်ကို ပြတ်ပြတ်သားသားမတွေ့ရသည့်အတွက် ဒီဇင်ဘာ ၆ ရက်က နယူးယောက်ဈေးကွက်တွင် ရေနံ ကြိုရောင်းကြိုဝယ်ဈေးများ ကျဆင်းခဲ့သည်။ကမ္ဘာတွင် ရေနံအများဆုံးတင်ပို့ပြီး အိုပက်၏ ခေါင်းဆောင်သဖွယ်ဖြစ်နေသော ဆော်ဒီအာရေဗျသည် သဘောတူညီချက်အသစ်အရ လက်ရှိထုတ်လုပ်မှုအတိုင်း ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ကိုယ်စားလှယ်တစ်ဦးက ပြောဆိုသည်။သဘောတူညီမှုအသစ်အရ အိုပက်နှင့်မဟာမိတ်တို့၏ နေ့စဉ်ထုတ်လုပ်မှု လျှော့ချသောပမာဏမှာစည် ၁ ဒသမ ၂ သန်းမှ စည်၁ ဒသမ ၇ သန်းသို့ တိုးမြှင့်ထားသည်။ ရေနံထုတ်လုပ်မှုလျှော့ချခြင်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလကတည်းက သတ်မှတ်ထားပြီးဖြစ်ရာ အုပ်စုတစ်ခုလုံးအနေဖြင့်ဆိုပါက ရေနံလျှော့ချထုတ်လုပ်ရန်လိုတော့မည်မဟုတ်ပေ။

 

စံမီအောင်