Main menu

Background

ဗီယက်နမ်ကော်ဖီလုပ်ငန်းအတွက် စိန်ခေါ်မှုများရှိနေ

Tue, 12/24/2019 - 14:12 -- journal_editor

     ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရိုဘတ်စတာ (robusta) ကော်ဖီအများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်သော်လည်း ရေရှည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံအတွင်း၌ စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဗီယက်နမ်နယူးအေဂျင်စီ၏သတင်းတွင် ဖော်ပြသည်။ ဗီယက်နမ်တောင်သူအများစုက  ခေတ်မီနည်းပညာ ထက်ရိုးရာနည်းပညာများကို အသုံးပြုနေသည့်အတွက် ဗီယက်နမ်ကော်ဖီ၏ အရည်အသွေးသည် သာမန်အဆင့်မှ မတက်သေးဘဲရှိနေကြောင်း ဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ငုယင်ဒူးအင်တွမ်းက ပြောသည်။ 
    ပင်အိုများကြောင့်လည်း ကော်ဖီ၏ထွက်နှုန်းနှင့် အရည် အသွေးကို ထိခိုက်ခဲ့ကြောင်း ၎င်းကပြောသည်။ ကမ္ဘာ့ကော်ဖီဈေးနှုန်းများသည် ၂၀၁၀ ပြည့်နှစ်နောက် ပိုင်းတွင် ရာခိုင်နှုန်း ၄၀ ကျဆင်းခဲ့သဖြင့် စိုက်ပျိုးသူတို့က ကော်ဖီစိုက် ပျိုးရေးလုပ်ငန်းတွင် ရင်နှီးမြှုပ်နှံမှုကို လျှော့ချခဲ့ ကြောင်း ၎င်းကပြောသည်။ ၂၀၁၉-၂၀ စိုက်ပျိုးရာသီတွင် ကော်ဖီထုတ်လုပ်မှုသည် ရာခိုင်နှုန်း ၂၀ ကျဆင်းမည်ဟု ခန့်မှန်းကြောင်း ဗီယက်နမ် ကော်ဖီနှင့် ကိုကိုးအသင်းဥက္ကဋ္ဌ လူဝမ်း ဗန်တူးက ပြောသည်။ ၂၀၁၁ ခုနှစ်ကစပြီး နက်စလေကုမ္ပဏီသည် NESCAFÉ Plan ဟုခေါ်သော စီမံကိန်းကိုဆောင်ရွက်ခဲ့ပြီး ဗီယက်နမ် ကော်ဖီလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြေရှင်း မည့်နည်းလမ်းများကို ဖော်ထုတ်ခဲ့ပြီး လက်တွေ့လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့သည်။

 

စံမီအောင်