Main menu

Background

၀ယ်လိုအား မြင့်တက်မှုကြောင့် အိန္ဒိယဆန်ဈေး မြင့်တက်

Tue, 12/24/2019 - 14:21 -- journal_editor

      ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား မြင့်တက်လာပြီး  ပြည်တွင်းဈေးကွက် များတွင် စပါးဈေးများ  မြင့်တက်လာ သဖြင့်ယခုသီတင်းပတ်အတွင်း အိန္ဒိယ ဆန်ပို့ကုန်ဈေးနှုန်းများ မြင့်တက်လာ ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ သည်။ သို့သော်လည်း  ဈေးနှုန်းသက်သာသော ပြိုင်ဘက်များရှိလာသည့်အတွက် ထိုင်းဆန်၏ ဝယ်လိုအားမှာ ကျဆင်းခဲ့သည်။ ထိပ်တန်း ပို့ကုန်ဖြစ်သည့် အိန္ဒိယပြုတ်ဆန် ၅ မှတ် ဆန်ကွဲ၏ ယခုသီတင်းပတ်အတွင်း ဆိုဈေးမှာ   တစ် တန်ကိုအမေရိကန်ဒေါ်လာ ၃၆၀- ၃၆၅ ဒေါ်လာအတွင်း ရှိခဲ့သည်။ ယခင်သီတင်းပတ်ကရှိခဲ့သော တစ်တန် အမေရိကန်ဒေါ်လာ ၃၅၈- ၃၆၃ ဒေါ်လာမှမြင့် တက်လာခြင်းဖြစ်သည်။
    'လယ်သမားတွေက အနိမ့်ဆုံး ထောက်ပံ့ကြေး  ဆန်ဈေးနှုန်းကို တောင်းခံကြတဲ့အတွက် စပါးဈေးနှုန်း တွေမြင့်တက်လာခဲ့ပါတယ်' ဟု တောင်ပိုင်းပြည်နယ် အန္ဒရာပရာဒေ့ရှ်မှ ကာ ကင်နာဒါဒေသတွင် အခြေစိုက်သော  ပို့ကုန်လုပ် ငန်းရှင်တစ်ဦးက ပြောသည်။ ယခုနှစ်စောစောပိုင်းက အိန္ဒိယ အစိုးရသည် ၂၀၁၉-၂၀ သီးနှံစိုက်ပျိုး နှစ်အတွက် ဈေးနှုန်းသည် ၃ ဒသ မ ၇ ရာခိုင်နှုန်း   မြင့်တက်ခဲ့သည့်အတွက် ကီလိုဂရမ် ၁၀ဝ ကို   ၁၈၁၅ ရူပီးနှုန်း အထိ ရောက်ရှိခဲ့သည်။ မကြာသေးမီက အိန္ဒိယဆန်ဈေး နှုန်းသည်  ကျဆင်းခဲ့ပြီး ပို့ကုန်ဈေးနှုန်း များမှာ နှစ်ပေါင်းများစွာအတွင်း အနိမ့် ဆုံးနှုန်းသို့ရောက်ရှိခဲ့သည်။  ဆန်တင် ပို့မှုသည် အောက်တိုဘာလတွင် နှစ် အလိုက် နှိုင်းယှဉ်ပါက ၄၂ ရာခိုင်နှုန်း မြင့်တက်ပြီး တန်ချိန် ၄၈၅၈၉၈ အထိ ရှိခဲ့ကြောင်း အစိုးရကထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။ ယခုကဲ့သို့ ကျဆင်းရခြင်းမှာ ဘက်စမာတီ ဆန်ကို အာဖရိကနိုင်ငံများမှ ဝယ်လိုအား ကျဆင်းခဲ့သောကြောင့် ဖြစ်ကြောင်း သိရသည်။
   ထိုင်းနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုမှာလည်း ဝယ်လိုအား ကျဆင်းခဲ့သည်။ အထူးသဖြင့် ပြည်တွင်းငွေ ကြေးတန်ဖိုး မြင့်တက်မှုကြောင့် ထိုင်းဆန်ဈေးနှုန်းများသည် တစ်နှစ်ပတ်လုံး ပြိုင်ဘက် ဗီယက်နမ်ထက် ထူးထူးခြားခြား မြင့်တက်မှုကြောင့် ဝယ်လိုအားကျ ဆင်းခဲ့ခြင်းဖြစ်သည်။ 'ကျွန်တော်တို့ ဆန်ဈေးတွေက ကျနေပေမယ့်  ဗီယက်နမ်နဲ့ ယှဉ်နိုင်လောက်အောင် ဈေးမကျသေးပါဘူး' ဟု ဗန်ကောက်မှ ကုန်သည်တစ်ဦးက ပြောသည်။ ထိုင်း ၅ မှတ်ဆန်ဈေးသည် FOB ဈေးဖြင့် ယခင်သီတင်းပတ်က တစ်တန်ကို  အမေရိကန်ဒေါ်လာ ၃၉၇-၄၁၁ ဒေါ်လာရှိခဲ့ရာမှ ယခုအခါ တစ်တန်ကို ၃၉၅-၄၂၀ ဒေါ်လာဈေးသို့ ကျဆင်းခဲ့သည်။

 

စံမီအောင်