Main menu

Background

တက်စ်လာကားများ ယမန်နှစ်ကထက် သိသိသာသာ ရောင်းအားတက်

Mon, 02/03/2020 - 10:57 -- journal_editor

      လက်ရှိအချိန်တွင်တရုတ်နိုင်ငံက ထုတ်လုပ် သည့် အထည်အလိပ်များကို ကမ္ဘာ့နိုင်ငံ  အများ အပြားတွင် ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနေ ပြီဖြစ်သလို နောက်ထပ် နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် လည်း ဈေးကွက်ချဲ့ထွင်နိုင်ရန် ကြိုးပမ်းလျက် ရှိနေကြောင်း သိရသည်။ တရုတ်နိုင်ငံကထုတ်လုပ်သည့် အထည်အလိပ် နှင့် အဝတ်အထည်များမှာ ဈေးသက်သာမှုရှိခြင်း ကြောင့် ဝယ်ယူသုံးစွဲသူများပြားနိုင်ကြောင်း၊ အမေ ရိကန်နှင့် တရုတ်နိုင်ငံတို့မှာ စီးပွားရေးကဏ္ဍတွင် အချင်းချင်း အားပြိုင်မှုများရှိနေသလို ကမ္ဘာ့ဈေး ကွက်ကို ထိုးဖောက်ရာတွင်လည်း အဓိကပြိုင် ဘက်များဖြစ်နေသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ ဈေးကွက်ချဲ့ထွင် ထိုး ဖောက်မှုမှာ ပုံသေရှိလာမည်မဟုတ်ဘဲ နှစ်နိုင်ငံ ကြားဆက်ဆံရေးနှင့် စီးပွားရေးပေါ်လစီ အပြောင်း အလဲများကြောင့်လည်း အချိန်မရွေး အခက်အခဲ တွေ့နိုင်ကြောင်းကို   တရုတ်လုပ်ငန်းရှင်များက စဉ်းစားထားပြီးဖြစ်ကြောင်းကိုလည်း သတင်းတွင် ဖော်ပြထားသည်။

 

မြသဲ