Main menu

Background

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီ ၁၀ခု

Thu, 02/06/2020 - 13:25 -- journal_editor

     ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ ရောင်းအားအကောင်းဆုံး မော်တော် ကား ကုမ္ပဏီ ၂၅ ခုကို motoringresearch.com  က စစ်တမ်းကောက်ယူ ဖော်ပြခဲ့ရာ ရောင်းအားအကောင်းဆုံး မော်တော်ကားကုမ္ပဏီမှာ ဗောက်ဆွာ ဂွန်ပင်ဖြစ်ကြောင်း သိရသည်။ motoringresearch.com ၏ ဖော်ပြထားချက်အရ ဂျာမနီနိုင်ငံအခြေ စိုက် ဗောက်ဆွာဂွန် မော်တော်ကား ကုမ္ပဏီမှထုတ်လုပ်သည့် ဇိမ်ခံကားများ မှာ လူကြိုက်များလာခဲ့ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်တာတွင်   ကမ္ဘာ့ရောင်းအား အကောင်းဆုံး မော်တော်ကားကုမ္ပဏီ အဖြစ် ရပ်တည်နိုင်ခဲ့သည်။ ၁၉၃၇ ခုနှစ်   မေ ၂၈ ရက်က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် အခြေစိုက် ထုတ်လုပ်ခဲ့သည့်    ဗောက်ဆွာဂွန် မော်တော်ကားများမှာ ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံပေါင်း ၂၇ နိုင်ငံ၌ ကုမ္ပဏီ တည်ထောင်ပြီး ထုတ်လုပ်လျက်ရှိနေ သည်။ ကမ္ဘာတစ်ဝန်းရှိ  ဗောက်ဆွာဂွန် မော်တော်ကားကုမ္ပဏီမှ  ထုတ်လုပ် သည့် ကားများမှာ ၂၀၁၉ ခုနှစ်က အစီး ရေ ၃၂၉၆၄၄၀ စီးရောင်းချရပြီး ရောင်း အားအကောင်းဆုံးနံပါတ်(၁) ဖြစ်ခဲ့ကြောင်း သိရသည်။

    ဗောက်ဆွာဂွန်၏ နောက်တွင် ဒုတိယရောင်းအားအကောင်းဆုံး မော် တော်ကား ကုမ္ပဏီမှာ ဂျပန်နိုင်ငံထုတ် တိုယိုတာပင်ဖြစ်သည်။   တိုယိုတာမှ ထုတ်လုပ်သည့် မော်တော်ကားများမှာ ၂၀၁၉ ခုနှစ်အတွင်းက ကမ္ဘာတစ်ဝန်း တွင် အစီးရေ ၃၁၁၅၃၄၃ စီး ရောင်း ချရကြောင်း သိရသည်။ တိုယိုတာမော် တော်ကားကုမ္ပဏီမှ ထုတ်လုပ်သည့် ကားများမှာ တရုတ်၊ ထိုင်း၊ ဆော်ဒီအာ ရေဗျ စသည့်နိုင်ငံများတွင် ဈေးကွက် ခိုင်မာမှုများရှိနေပြီး   ယင်းဈေးကွက် များတွင် အဓိက  ရောင်းချနေရခြင်း လည်းဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့မော် တော်ကားဈေးကွက်တွင် တတိယရောင်း အားအကောင်းဆုံး မော်တော်ကား ကုမ္ပဏီမှာ  ဂျပန်နိုင်ငံထုတ် နစ်ဆန်း ကားများပင်ဖြစ်ကြောင်း   သိရသည်။ နစ်ဆန်းမော်တော်ကားများကို  ဂျပန် နိုင်ငံတွင် စတင်အခြေပြု ထုတ်လုပ်ခဲ့ သော်လည်း လက်ရှိအချိန်တွင် နစ်ဆန်း မော်တော်ကားများကို ကမ္ဘာအနှံ့ ဈေး ကွက်ချဲ့ထွင်နိုင်ရေးကို  ရည်ရွည်ပြီး ပြင်သစ်နိုင်ငံတွင်လည်း   ပေါင်း စပ်ထုတ်လုပ်လျက်ရှိနေသည်ဟု သိရသည်။ နစ်ဆန်းမော်တော်ကားများကို အမေရိကန်၊ ရုရှား၊ ဘရာဇီး၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ တရုတ်နှင့် မော်ရိုကို နိုင်ငံတို့တွင် လူကြိုက်များနေကြောင်း  သတင်းများတွင် ဖော်ပြထားသည်။ နစ်ဆန်းကုမ္ပဏီမှထုတ်လုပ်သည့် မော် တော်ကားများမှာ ၂၀၁၉ ခုနှစ်အတွင်း က ကမ္ဘာတစ်ဝန်းတွင် အစီးရေ ၂၉၉၂၄၇၁ စီး ရောင်းချရကြောင်း သိရသည်။

      ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ ရောင်းအားအကောင်းဆုံး မော်တော် ကားကုမ္ပဏီများဖြစ်သည့် ဗောက်ဆွာ ဂွန်၊ တိုယိုတာနှင့် နစ်ဆန်းတို့၏နောက် တွင် ဂျင်နရယ်မော်တော်ကားကုမ္ပဏီ က အဆင့်(၄)၊  ဟွန်ဒိုင်းနှင့် ကီရာက အဆင့် (၅)၊ ဖို့ဒ်က အဆင့်(၆)၊ ဟွန်ဒါ က အဆင့်(၇)၊ FCA Groupက အဆင့် (၈)၊ PSA Group က အဆင့်(၉)နှင့် ဆူဇူကီးက အဆင့်(၁၀)တို့ဖြစ်သည်။ ထို့ပြင် ကမ္ဘာကျော် နာမည်ကြီး မော်တော်ကား ကုမ္ပဏီများဖြစ်သည့်BMW က အဆင့်(၁၂)၊    မာဇဒါက အဆင့်(၁၄)၊ တာတာက အဆင့်(၁၈)နှင့် Isuzu က အဆင့်(၂၅) စသည်ဖြင့် အသီးသီး ရပ်တည်နိုင်ခဲ့ကြသည်။

 

မြသဲ