Main menu

Background

၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းဈေးနှုန်း ကျဆင်းနိုင်

Thu, 02/06/2020 - 13:39 -- journal_editor

      ၂၀၁၉ ခုနှစ်တွင် ငရုတ်ကောင်းထွက်ရှိမှုများပြားသောကြောင့်  ပြင်းထန် သောဈေးနှုန်းကျဆင်းမှုတစ်ရပ် ဖြစ် ပေါ်ခဲ့ပြီး နောက်ပိုင်း ယခုနှစ်တွင်လည်း ငရုတ်ကောင်းဈေးနှုန်းများသည် ပြန် လည်ကောင်းမွန်သည့် အခြေအနေ ရောက်ရှိရန် အလား အလာ မရှိသေး ကြောင်းနှင့် ငရုတ်ကောင်း သုံးစွဲသော နိုင်ငံများ၏ ဝယ်လိုအားများသည် ယခု တိုင်အားကောင်းသော တိုးတက်မှုကို မမြင်ရသေးကြောင်း သိရှိရသည်။ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် တွင်  ၂၀၁၇ ခုနှစ်က စတင်စိုက်ပျိုးခဲ့ သော များစွာသော ငရုတ်ကောင်းစိုက်ခင်း များမှ အားရလောက်သော သီးနှံများစွာ ထွက်ရှိဖို့  မျှော်မှန်းခဲ့ကြောင်းနှင့် ပို၍ မြင့်မားသော ဈေးနှုန်းများရရှိဖို့ကို မျှော်လင့်၍ အိမ်သုံးနှင့် လုပ်ငန်းသုံးရန် အတွက် သိုလှောင်ထားသည့် ပမာဏ များစွာနှင့် ယခင်ကောက်ပဲ သီးနှံများမှထွက်ရှိသည့် အရေးပါသော ငရုတ် ကောင်းပမာဏတို့မှာ ပြည်တွင်းဈေး ကွက်တွင် ရှိနေသေးကြောင်း ဗီယက်နမ် ငရုတ်ကောင်းအသင်း၏ ပြောကြားချက် အရ သိရှိရသည်။

   ကမ္ဘာ့ဈေးကွက်တွင်     ငရုတ် ကောင်းအဓိကထွက်ရှိသည့် နိုင်ငံတချို့ မှ ငရုတ်ကောင်းပမာဏသည် တိုးလာ မည့်အလားအလာရှိကြောင်း၊ အိန္ဒိယ နိုင်ငံတွင် နှစ်စဉ် ၃၀ ရာခိုင်နှုန်း တိုး တက်မှုဖြင့် ယခုနှစ်၏ငရုတ်ကောင်း ထွက်ရှိမှု ပမာဏကိုတန်ချိန် ၆၁၀ဝ၀ မှ ၆၂၀ဝ၀ တန်ခန့် ထွက်ရှိမည့်ဟု မျှော် မှန်းထားကြောင်းနှင့် ၎င်းအပြင် ဘရာဇီး နိုင်ငံတွင် ကုန်ကျစရိတ် ပိုမို သက်သာ ပြီး ထွက်ရှိမှုပမာဏ မြင့်မားသော ထုတ် လုပ်မှုပုံစံသစ်တစ်ရပ်ရှိကြောင်း  အသင်း ၏ ပြောကြားချက်အရ သိရှိရ သည်။ ထို့ကြောင့် ပြည်တွင်းမှ ကျွမ်း ကျင်သူများက ယခုနှစ်၏ငရုတ်ကောင်း ဈေးနှုန်းများမှာ ဆက်လက်ကျဆင်းမည့် အလားအလာရှိသည်ဟု ထင်မြင်ယူဆ ကြကြောင်း၊ ဇန်နဝါရီလ၏ အစောပိုင်း ရက်များအတွင်း ငရုတ်ကောင်းဈေးနှုန်း မှာ တစ်ကီလို လျှင် VND ၃၉၀ဝ၀ မှ ၄၂၀ဝ၀ ဖြစ်ကြောင်းနှင့် အဆိုပါဈေး နှုန်းများကြောင့် ငရုတ်ကောင်းဈေးနှုန်း များမှာ ပို၍ဈေးနှုန်းထိုးကျ သွားခြင်းမျိုး မဖြစ်နိုင်ကြောင်း အသင်း၏ ပြောကြား ချက်အရ သိရှိရသည်။

     ၂၀၁၉ ခုနှစ်တွင် ငရုတ်ကောင်း ပြည်ပသို့တင်ပို့သော ပျမ်းမျှဈေးနှုန်းမှာ ပြီးခဲ့သောနှစ်နှင့် နှိုင်းယှဉ်ပါက ၂၃ ဒဿမ ၆ ရာခိုင်နှုန်းကျဆင်းမှုဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅၁၆ ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့ ခဲ့သည့် တန်ချိန်မှာ ၂၈၄၀ဝ၀ တန်ဖြစ် ပြီး၊ ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၇၁၅ သန်း ရရှိခဲ့ကြောင်း ဗီယက်နမ် နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရသည်။ ၂၀၂၀ ပြည့်နှစ်တွင် အထူးသဖြင့် ဂျာမနီနိုင်ငံ ပါဝင်သော ဥရောပသမဂ္ဂ နိုင်ငံများသို့ တင်ပို့မှုများကို တိုးမြှင့်ပြီး ပြည်တွင်း ငရုတ်ကောင်းလုပ်ငန်းများ အတွက် ကောင်းမွန်သော အခြေအနေ များနှင့် အခွင့်အရေးများကို ဖန်တီးနိုင် ရန် ဗီယက်နမ်နှင့် ဥရောပသမဂ္ဂနိုင်ငံ များအကြား ချုပ်ဆိုထားသော လွတ် လပ်သောကုန်သွယ်မှုသဘောတူ စာချုပ် (EVFTA) ကို မျှော်လင့်ထားကြောင်း၊ အဆိုပါ သဘောတူစာချုပ်သည် ငရုတ် ကောင်းတင်ပို့သော ကုမ္ပဏီများက ၎င်းတို့တင်ပို့သည့် ဈေးကွက်များကို ချဲ့ထွင်ခြင်းနှင့် လုပ်ငန်းစဉ်ဆောင်ရွက် နေသောအဆင့်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို ဆွဲဆောင်မည့် အခွင့်အလမ်း ပေါင်း များစွာကိုလည်း ကူညီပေးလိမ့် မည်ဖြစ်ကြောင်း သိရှိရသည်။

 

ချိုချိုမာ (ရန်ကုန်)