Main menu

Background

ဇန်နဝါရီလက ဗီယက်နမ်နိုင်ငံ၏ ပြည်ပသို့ ဆန်တင်ပို့မှု တိုးတက်ခဲ့

Fri, 02/21/2020 - 14:17 -- journal_editor

      ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ ဆန် တင်ပို့မှုတွင် ပြီးခဲ့သောလနှင့် နှိုင်းယှဉ် ပါက တန်ဖိုးအားဖြင့် ၃၉ ရာခိုင်နှုန်းနှင့် အရေအတွက်အားဖြင့် ၁၂ ရာခိုင်နှုန်း တိုးတက်မှုတို့ဖြင့် ဆန်တန်ချိန် ၅၆၀ဝ၀ဝ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၃ သန်းရရှိခဲ့ကြောင်း အထွေ ထွေအကောက်ခွန်ဌာန၏ ပြောကြား ချက်အရ သိရှိရသည်။ ဗီယက်နမ်နိုင်ငံသည် Tet ပွဲတော် မတိုင်ခင်က အခြားနိုင်ငံများထက် ပိုမို ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းများကြောင့် ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံများသို့ ဆန်တင်ပို့ရန် ပြည်တွင်း စီးပွားရေး လုပ်ငန်းများက စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ သင်္ဘောပေါ်ရောက် (FOB) ဈေးနှုန်း များမှာ ဆန် ၅ မှတ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၀-၃၅၀ အတွင်း ရှိပြီး ဆန် ၁၅ မှတ်နှင့် ဆန် ၂၅ မှတ် တို့မှာ  အမေရိကန်ဒေါ်လာ ၁၀-၂၀ လျော့နည်းခဲ့သည်။ ယခုနှစ်တွင် ဗီယက်နမ်နိုင်ငံ သည် အာဖရိကဈေးကွက်ကို ဆန်တန် ချိန် တစ်သန်းနှင့် မလေးရှားနိုင်ငံကို ဆန်တန်ချိန် ငါးသိန်း ဝယ်ယူလိမ့်မည် ဟု ကြိုတင်ခန့်မှန်းထားသည့် တစ်ချိန် တည်းမှာပင် ဖိလစ်ပိုင်နိုင်ငံကိုလည်း ၎င်းတို့တင်သွင်းခဲ့သည့် ဆန်ပမာဏကို ထိန်းသိမ်းထားလိမ့်မည်ဟု မျှော်လင့် ထားသည်။

        အီရတ်နိုင်ငံက ဆန်တန်ချိန် သုံး သိန်းခန့်ဝယ်ယူသည့်အချိန်တွင် ဗီယက်နမ်နိုင်ငံကလည်း  ကျူးဘားနိုင်ငံသို့ ဆန်တန်ချိန် သုံးသိန်း မှ လေးသိန်းအထိ တင်ပို့ထားပါကြောင်းနှင့် နှစ်စဉ် တရုတ် နိုင်ငံသည် ပြည်တွင်းမှဆန်တန်ချိန် လေးသိန်းဝယ်ယူရန် အစီအစဉ်ရှိသည်။ လွန်ခဲ့သောငါးနှစ်က ပြည်တွင်း ဆန်များအတွက် တရုတ်နိုင်ငံသည် အကြီးဆုံးဈေးကွက်ဖြစ်ခဲ့ကြောင်း၊ သို့သော် ယခုအခါ ဗီယက်နမ်နိုင်ငံသည် ၎င်းတို့၏ဆန်တင်ပို့မည့် ဈေးကွက်များ ကို ချဲ့ထွင်ခဲ့ကြောင်းနှင့် အဆိုပါ အကြောင်း အချက်ကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ရောဂါသည်  ဗီယက်နမ်နိုင်ငံ၏ ဆန် တင်ပို့မှုများအပေါ် ကြီးမားသော ထိခိုက်မှုကို သက်ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်း  Northern Food Corporation ၏ General Director က ပြောကြားခဲ့သည်။

    ထို့ပြင် ယခုနှစ်တွင် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ အားလုံးသို့  ဆန်တန်ချိန် နှစ်သောင်း ဝေစု သတ်မှတ်ပေးထားပြီး သြစတြေး လျ၊ အမေရိကန်ပြည်ထောင်စု၊ တရုတ် နှင့် ထိုင်းနိုင်ငံတို့ပါဝင်သော ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့ဝင် ကုန်သွယ်ဖက် နိုင်ငံ ငါးနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ အကြားချုပ်ဆိုထားသော နိုင်ငံစုံကုန်သွယ်မှုသဘောတူစာချုပ်အရလည်း တောင်ကိုရီးယားနိုင်ငံက ဗီယက်နမ် နိုင်ငံအတွက် ဆန်တန်ချိန် ၅၅၁၁၂ တန် ကို    ဝေစုသတ်မှတ်ပေးထားကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ သွင်းကုန်ပို့ကုန်ဌာနခွဲ၏ ပြောကြားချက် အရ သိရသည်။ ဗီယက်နမ်နိုင်ငံသည် ဆန်တင်ပို့ မှုများတွင် အားကောင်းသော တိုးတက်မှု ရှိသည့် ဈေးကွက်များမှာ ဆီနီဂေါ၊ အိုင်ဗရီ ကိုစ့်၊ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် တန်ဇန် နီးယားနိုင်ငံတို့ဖြစ်ပြီး ဗီယက်နမ်ဆန် များကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၅၀ သို့ တင်ပို့လျှက်ရှိသည်။

 

ချိုချိုမာ(ရန်ကုန်)