Main menu

Background

ဗီယက်နမ်လေကြောင်းလိုင်း တစ်ပတ် အမေရိကန်ဒေါ်လာ ရှစ်မီလီယံအထိ အရှုံးပေါ်

Fri, 02/21/2020 - 14:21 -- journal_editor

       ဗီယက်နမ်လေကြောင်းလိုင်း အနေဖြင့် ရက်သတ္တတစ်ပတ်လျှင် ရှစ်မီလီယံအထိ အရှုံးပေါ်နေကြောင်း စီအင်န်အေ သတင်းဌာနက ဖေဖော် ဝါရီ ၁၃ ရက်တွင် ရေးသားဖော်ပြထားသည်။ တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့ သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် နိုင်ငံနှင့်  ဆက်သွယ်ပျံသန်းနေသည့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်ပိုင် လေကြောင်းလိုင်းများအပြင် ပုဂ္ဂလိကလေကြောင်းလိုင်းများလည်း  ယာယီ ရပ်နားထားသလို တခြား ကမ္ဘာ့နိုင်ငံများသို့ ဆက်သွယ်ပျံ သန်းနေသည့် လေကြောင်းလိုင်းလုပ်ငန်းများမှာလည်း ကျဆင်းသည့် အနေအထားများ ကို ကြုံတွေ့နေရသည်။ ဗီယက်နမ်နိုင်ငံ  လေကြောင်း လိုင်းလုပ်ငန်းမှာ  ရက်သတ္တနှစ်ပတ် အတွင်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ  လေကြောင်း လိုင်း   လုပ်ငန်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က   အမေရိကန်ဒေါ်လာ ၁၄၅ ဒသမ ၄ မီလီယံအထိ အမြတ် ရရှိခဲ့ကြောင်း စီအင်န်အေ သတင်းဌာန ၏ ဖော်ပြထားချက်အရ သိရသည်။

 

မြသဲ