Main menu

Background

ကူးစက်ရောဂါဖြစ်ပွားသော်လည်း အမေရိကန်ကုန်ပစ္စည်းဝယ်မည့် ကတိကဝတ်ကို တရုတ် ပြောင်းလဲမည်မဟုတ်

Wed, 03/04/2020 - 16:26 -- journal_editor

      ကူးစက်မှုလျင်မြန်သော ကိုရိုနာ ရောဂါဖြစ်ပွားနေသော်လည်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသော ကုန်သွယ် မှုသဘောတူညီချက်ကို တရုတ်နိုင်ငံက စောင့်ထိန်းလိမ့်မည်ဟု အမေရိကန် အစိုးရက မျှော်လင့်ကြောင်း ဖေဖော် ဝါရီ ၂၀ ရက်က  အမေရိကန်အဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဗိုင်းရပ်စ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးအား မည်မျှထိခိုက်မည်ကို အတိအကျခန့်မှန်းရန် စောလွန်းသေးသော်လည်း အခြေခံခန့်မှန်းချက်များ အရ တရုတ်နိုင်ငံ ၏ စီးပွားရေးတိုးတက် မှုနှုန်းသည်  ပထမသုံးလပတ်တွင် ကျ ဆင်းပြီး နောက်ပိုင်းမှသာ  ရုတ်တရက် ထိုးတက်လာနိုင်ကြောင်း  အမေရိကန် ဘဏ္ဍာရေးအရာရှိတစ်ဦးက  ပြော သည်။ ရောဂါပြန့်ပွားမှုသည် ပိုဆိုးလာ ပါက ဂယက်ရိုက်ခတ်မှုကလည်း ထူးထူးခြားခြား ပြင်းထန်လာနိုင်ကြောင်း အမည်မဖော်လိုသူ အရာရှိကပြော သည်။

       ရောဂါပိုးကူးစက်မှုကြောင့် တရုတ် နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးမှုကို   ထိခိုက် ခဲ့ပြီဖြစ်ကြောင်းနှင့်  အကယ်၍ အခြား နိုင်ငံများကိုပါ ကူးစက်လာပါက ၂၀၂၀ ပြည့်နှစ်တွင်  ကမ္ဘာ့စီးပွားရေးပြန်လည် နာလန်ထူမှုသည် ဆိုးရွားစွာလမ်းချော် သွားနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က  ယခုသီတင်း ပတ်တွင် ပြောသည်။ အဆင့်(၁)ကုန်သွယ်ရေးသဘော တူညီချက်ကို ယခုအဆင့်တွင်ပြောင်း လဲလိမ့်မည်ဟု မျှော်လင့်မထားကြောင်း နှင့် သူတို့၏ကတိကဝတ်ကို ထိန်းလိမ့် မည်ဟုမျှော်လင့်ကြောင်း   ရောဂါဖြစ် ပွားမှုကြောင့်  တရုတ်နိုင်ငံနှင့် ချုပ်ဆို သော အဆင့်(၁)ကုန်သွယ်ရေးသဘော တူစာချုပ်ကို ပြောင်းလဲရန် လိုအပ်ပါ သလားဟူသော မေးခွန်းကိုဖြေကြားရာ တွင် အရာရှိက သတင်းထောက်များ ကိုပြောသည်။

     ယခုလတွင်  စတင်အကောင် အထည်ဖော်မည့် သဘောတူညီမှုအရ ၂၀၂၀ ပြည့်နှစ်တွင်  အမေရိကန်ကုန် ပစ္စည်း အမေရိကန်ဒေါ်လာ ၇၇ ဘီလီယံ ဖိုး နှင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၂၃ ဘီလီယံဖိုး ၂၀၁၇ ခုနှစ် ကထက် ပိုမိုဝယ်ယူရန် တရုတ်နိုင်ငံက ကတိပြုထားသည်။ ဝယ်ယူမည်ဟု  ပေးထားသည့် များပြားလှသော   ကတိကဝတ်များကို တရုတ်နိုင်ငံက ဝယ်ယူနိုင်ပါမည်လား ဟု ကျွမ်းကျင်သူတို့က သံသယရှိသည်။ သဘာဝဓာတ်ငွေ့များ  တရုတ်နိုင်ငံတွင် အလျှံပယ်ရှိနေသော် လည်း အမေ ရိကန်၏ သဘာဝဓာတ်ငွေ့ကို တရုတ် နိုင်ငံက တန်ချိန် ၁၀ သန်း ဝယ်ယူမှာ ဖြစ်ကြောင်း တရုတ်နိုင်ငံ၏  Global Times သတင်းစာတွင်ဖော်ပြသည်။

 

စံမီအောင်