Main menu

Background

မြန်မာ့စားသောက်ကုန်များ အမေရိကန်ဈေးကွက်ထိုးဖောက်မည့် ခြေလှမ်းများ

Mon, 03/16/2020 - 11:00 -- journal_editor

     International Trade Centere နှင့် TCMA တို့မှ ကြီးမှူး၍ ရှစ်ကြိမ်မြောက် နိုင်ငံတကာသံရုံးများ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံအလိုက် ထုတ်ကုန်/ထွက်ကုန်များကို ပြသသည့် ဆောင်ရာသီပြပွဲ 8th Annual Embassy Showcase Winter nationall ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ Ronald Reagan Building ၌ ကျင်းပခဲ့သည်။ အဆိုပါပြပွဲသို့ ဝါရှင်တန်မြို့၊ မြန်မာသံရုံး အပါအဝင် နိုင်ငံခြားသံရုံး ၆၀ ရုံးမှ ပါဝင်ပြသခဲ့ကြသည်။ ဝါရှင်တန်မြို့ မြန်မာသံရုံးအနေဖြင့် နှစ်စဉ်ကျင်းပသည့် ဆောင်းရာသီပြပွဲသို့ ဒုတိယအကြိမ် ပါဝင်ပြသခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ပြပွဲအား “Farmers to Markets & Environmental – Friendly business” ခေါင်းစဉ်ဖြင့် ပါဝင်ပြသခဲ့သည်။ မြန်မာသံရုံးပြခန်း၌ ခရီးသွားလုပ်ငန်းနှင့် မြန်မာ့ ရိုးရာယဉ်ကျေးမှုပစ္စည်းများ၊ မြန်မာ နိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းများဖြစ်ကြသော ထန်းရွာ  (Toddy Plam Village)၊ Nature Myanmar ၊ JUMJEL ၊ Genius Coffee  (အောင်နေလင်းထွန်း ကုမ္ပဏီ)နှင့်  Burmese Treasure လုပ်ငန်းတို့မှ ထန်းအခြေခံ စားသောက် ကုန်များ (ထန်းသကြား၊ ဂျင်းထန်းလျက်မှုန့်၊ ထန်းလျက်၊ ပဲချောင်း၊ ထန်းသီးယို၊ ကွမ်းသီးဖတ်) ဖြင့် ပြုလုပ်ထားသည့် ပလတ်စတစ် အစားထိုးပန်းကန်များ၊ အညာဒေသထွက်ကုန်များဖြစ်သော သဘာဝ ဆီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ ပုန်းရည်ကြီးနှင့် ရှမ်းပြည်နယ်မှ ကော်ဖီတို့ကို ပြသခဲ့သည်။ ပြပွဲကာလအတွင်း ပြသသည့် မြန်မာ့ စားသောက်ကုန်များဖြစ်သော ကော်ဖီ၊ ဂျင်းထန်းလျက်မှုန့်၊ ဆီးဖျော်ရည် နှင့် မန်ကျည်းဖျော်ရည်တို့ကို နမူနာဖျော် တိုက်သကဲ့သို့ ထန်းလျက်၊ ထန်းလျက် ပဲချောင်း၊ နှမ်းယို၊ မြေပဲယိုတို့ကိုလည်း နမူနာကျွေးမွေး ခဲ့ကြသည်။

         ပြပွဲလာသူများမှ မြန်မာ့ထုတ်ကုန်များအပေါ် စိတ်ဝင်စားမှု များပြားခဲ့ကာ နမူနာစားသောက် ပြီးနောက် ကြိုက်နှစ်သက်သည့် အတွက် ဝယ်ယူခဲ့ကြသည်။ ပြပွဲကာလအတွင်း သီရိလင်္ကာသံရုံးမှ တာဝန်ရှိသူနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ပြခန်းသို့လာရောက်ကာ ကွမ်းသီးဖတ်ဖြင့် ပြုလုပ်ထား သည့် ပလတ်စတစ်အစားထိုးပန်းကန် များ၊ ၎င်းတို့နိုင်ငံသို့ တင်သွင်းလိုသည့်အတွက် လာရောက် ချိတ် ဆက်ခဲ့၍ စီးပွားရေးအချိတ်အဆက်များလည်းရရှိခဲ့သည်။ဆောင်း ရာသီပြပွဲနှင့် အမေရိကန်မြို့များသို့ ဈေးကွက်ရှာဖွေရာတွင် အမေ ရိကန်နိုင်ငံသားများသည် မြန်မာ့ထုတ်ကုန်များအပေါ် အရသာ ပိုင်းတွင် လက်ခံကြိုက်နှစ်သက်ကြသည်ကို သိမြင်တွေ့ရှိခဲ့ပါသည်။ လာရောက်ပြသသည့် စားသောက် ကုန်စည်များအား ကြိုက်နှစ်သက် ၍ ကယ်လီဖိုးနီးယား၊ နယူးယောက် ပြည်နယ်များရှိ လက်လီ၊ လက်ကား ဆိုင်တချို့မှ ၎င်းတို့ဆိုင်များသို့ ဖြန့်ဖြူးရန် ကုန်အမှာစာတချို့ ရရှိ သကဲ့သို့ ကိုယ်တိုင်တင်သွင်းလိုသည့် လော့စ်အိန်းဂျယ်လိစ်မှ Amani for Imports and Exports LLC ကုမ္ပဏီမှလည်း နမူနာပစ္စည်းမှယူ စစ်ဆေးလျက်ရှိသည်။ ထို့ပြင် နယူးယောက်၊ ကယ်လီဖိုးနီးယား၊ ဒလဝဲ၊ မိန်းနှင့် ရိုဒ့်အိုင်းလင်းပြည်နယ်တို့ အပါအဝင် ပြည်နယ်များ တွင် ၂၀၂၀ ခုနှစ်မှစ၍ တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှု တားမြစ် ထားသည့်အတွက် ကွမ်းသီးဖတ်ဖြင့် ပြုလုပ်သည့် ပလတ်စတစ် အစားထိုး ပန်းကန်များ၊ အစားအစာထည့်သည့်ဗူးများအပေါ် စိတ် ဝင်စားမှုများစွာရရှိခဲ့သည်။ ကွမ်းသီးဖတ်ဖြင့်ပြုလုပ်သည့် ပလတ် စတစ် အစားထိုးပန်းကန်များကို နယူးဂျာဇီပြည်နယ်ရှိ ဓာတ်ခွဲခန်း တစ်ခုသို့ပေးပို့ စစ်ဆေးရာတွင် မိုက်ခရိုဝေ့၊ လျှပ်စစ်မီးဖိုကြီးများထဲသို့ သတ်မှတ်အပူချိန်နှင့် အချိန်တို့ခံနိုင်ရည်ရှိသည့် အဖြေရရှိကြောင်း သိရသည်။

       သို့သော် မြန်မာ့ထုတ်ကုန်များတွင် အဓိက တွေ့ကြုံနေရသည့် အလွယ်တကူတွေ့မြင်နိုင်သည့် စိန်ခေါ်မှုမှာထုပ်ပိုးမှု (Packaging) နှင့်ပါဝင်မှု ပစ္စည်းအမျိုးအမည်၊ အာဟာရတန်ဖိုးပါဝင်မှု (Labeling)တို့ဖြစ်သည်။ အမေရိကန်ဈေးကွက်သို့ တင်ပို့မည်ဖြစ်သည့်အတွက် အမေရိကန်ဈေးကွက် လိုအပ်ချက်အတိုင်း ပြင်ဆင် ပြောင်းလဲ၍ အရသာ၊  ထုပ်ပိုးမှုနှင့် အမေရိကန်၏ FDA  Certificate ကဲ့သို့ သွင်းကုန်ဆိုင်ရာ လိုအပ်ချက် များ ပြည့်မီရရှိရေး ဆက်လက်ကြိုးစား ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းအရင်းအမြစ် - မြန်မာသရုံး၊ ဝါရှင်တန်မြို့။

MITC New