Main menu

Background

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် ထိုင်းပုစွန်ထုတ်လုပ်ရေးလုပ်ငန်း ထိခိုက်

Mon, 03/16/2020 - 11:36 -- journal_editor

        ကိုရိုနာရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံသို့ တင်ပို့သော ထိုင်းပို့ကုန်များထိခိုက်ခံခဲ့ရကြောင်း အင်န်အိတ်ချ်ကေ သတင်းတွင်ဖော်ပြသည်။ တရုတ်နိုင်ငံသို့ ပို့ကုန်လုပ်ငန်းများ ပိတ်ပင်လိုက်သည့်အတွက် ထိုင်းနိုင်ငံ၏ အဓိကပို့ကုန် တစ်ခုဖြစ်သော  ပုစွန်ရောင်းချမှုကို  ထိခိုက်ခဲ့သည်။ ဗိုင်းရပ်စ် ရောဂါ ဒဏ်ခံ‌နေရသောနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အစား အစာတင်ပို့ ရန်အတွက် လယ်သမားများတွင် အခက်အခဲများရှိနေသည်။ ဖေဖော်ဝါရီနှင့်   ဧပြီလအတွင်း  ပုစွန်တင်ပို့မှုလုပ်ငန်းတွင်  ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ထိခိုက်လိမ့်မည်ဟု အစိုးရ တာဝန်ရှိသူတို့က ခန့်မှန်းထားသည်။ ဤကျဆင်းမှုမှာ ယခင်နှစ်ကာလတူက တရုတ်နိုင်ငံသို့ ပို့ကုန်၏  ၉၅ ရာခိုင်နှုန်း ရှိသည်။

        တရုတ်နိုင်ငံသို့ လေကြောင်းလိုင်းများ အသွားအလာရပ်ဆိုင်းသည့် အတွက် လယ်သမားအများစုမှာ သူတို့ထုတ်ကုန်များကို တင်ပို့နိုင်ခြင်း မရှိခဲ့ပေ။ ဇန်နဝါရီနှင့် မတ်လအတွင်း  လေကြောင်းခရီးစဉ် ၇၅၀ဝ ခန့်ကို ရပ် ဆိုင်းထားကြောင်း လေကြောင်းဌာနမှတာဝန်ရှိသူတို့ကပြောသည်။ ဤဂယက်ရိုက်ခတ်မှုမှာ ပုစွန်ဈေးကွက်တွင်  ထိခိုက်မှုပိုမိုကြောင်း ထိုင်းငါးလုပ်ငန်းဌာနမှ အရာရှိတစ်ဦးဖြစ်သူ  သာဝန် ဂျီရာဆိုပွန်ရက်က ပြောသည်။ ရောဂါဖြစ်ပွားမှုကြောင့် ပို့ကုန်လုပ်ငန်းများ အခက်အခဲတွေ့ရပြီး ပုစွန်ဝယ်လိုအား ကျဆင်ခဲ့ရကြောင်းနှင့် တရုတ်ခရီးသွားများ ကျဆင်း သည့်အတွက် ပုစွန်စားသုံးမှုကျဆင်းကြောင်း သူကပြောသည်။ တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ပြီးလျှင် ထိုင်းနိုင်ငံ၏တတိယမြောက် အကြီးဆုံး ပင်လယ်စာ ဈေးကွက် ဖြစ်သည်။  ယခင်နှစ်က တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံမှာ ပုစွန်တင်ပို့မှုမှာ တန်ချိန် တစ်သောင်းဝန်း ကျင်ရှိပြီး တန်ဖိုးအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ  ၆၃ သန်းခန့်ရှိခဲ့ သည်။

 

စံမီအောင်