Main menu

Background

လွန်ခဲ့သည့်သုံးလအတွင်း စင်ကာပူတွင် လစာအဖြတ်ခံရသော လုပ်သားနှစ်သိန်းနီးပါးရှိ

Fri, 07/03/2020 - 14:31 -- journal_editor

မတ် ၁၂ ရက်မှစ၍ သုံးလတာကာလအတွင်း အလုပ်ရှင်ပေါင်း ၄၈၀ဝ ကျော်က ကုန်ကျစရိတ် သက်သာရေး အစီအမံများကို လူအင်အားဝန်ကြီး ဌာနသို့တင်ပြခဲ့ရာ ကုမ္ပဏီဝန်ထမ်းများ၏ လစာ များကိုလည်း ထိခိုက်မှုရှိခဲ့ကြောင်း Straitstimes သတင်းတွင် ဖော်ပြသည်။ ယခုအချိန်ထိ  တင်ပြခဲ့သော အစီရင်ခံစာ အားလုံးကိုကြည့်ပါက  လစာအလျှော့ခံရသော အလုပ်သမားစုစုပေါင်း ၁၈၇၀ဝ ရှိပြီး အများစုမှာ ကိုဗစ်-၁၉ ၏ ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခံရ သောလုပ်ငန်းကဏ္ဍမှ ဖြစ်သည်ကိုတွေ့ရကြောင်း ဇွန် ၂၄ ရက်က  ထုတ်ပြန်သော ဝန်ကြီးဌာန၏ကြေညာချက်အရ သိရသည်။  အိမ်ဖော်များကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါက ထိခိုက်ခံရသော  အလုပ်သမားအရေ အတွက်မှာ စုစုပေါင်းလုပ်သားဦးရေ၏ ငါးရာခိုင် နှုန်းရှိသည်။ အကောင် အထည်ဖော်မည့် ကုန်ကျ စရိတ်လျှော့ချရေးအစီအစဉ်အရ အများစု၏လစာ ကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချခံကြရသည်။

၄၅၀ဝ၀ ခန့်ရှိ အများဆုံးထိခိုက်ခံရသော အလုပ်သမားအုပ်စုမှာ နေရာထိုင်ခင်းနှင့် အစား အစာဝန်ဆောင်မှု လုပ်ငန်းများမှဖြစ်သည်။ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်များ အပါ အဝင် ထိုလုပ်ငန်းကဏ္ဍရှိ အလုပ်ရှင်များမှာ ကြေ ညာချက်တင်သွင်းသူ စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်း ရှိသည်။ အခြား ၂၅၀ဝ၀ က  ဆောက်လုပ်ရေးနှင့် အဆောက်အအုံဖျက်သည့်  ကုမ္ပဏီများကဲ့သို့ သော ဆောက်လုပ်ရေးလုပ်ငန်းများတွင်လုပ်ကိုင် နေကြပြီး ၁၉၀ဝ၀ မှာ မုန့်ရောင်းသည့်စတိုးဆိုင်များနှင့်  ကုန်တိုက်ကြီးများကဲ့သို့သော လက်ကား နှင့် လက်လီကုန်သွယ်ရေးလုပ်ငန်းများတွင် လုပ် ကိုင်နေကြသည်။ အကယ်၍  ဝန်ထမ်းအင်အား ၁၀ ဦးနှင့် အထက်ရှိသော လုပ်ငန်းများသည်  ကုန်ကျစရိတ် ချွေတာရေး  အစီအမံများကို ဆောင်ရွက်လျှင် ဝန်ထမ်းများ၏လစာကို  ထိခိုက်မည်ဆိုပါက ဝန်ကြီး ဌာနကို အကြောင်းကြားရမည်ဖြစ်မည်။ အကောင်အထည်ဖော်မည့်ကုန်ကျစရိတ် လျှော့ချရေး အစီအမံသုံးချက်တွင် လစာမဲ့ခွင့်၊ လစာညှိနှိုင်းရေးနှင့် သီတင် းပတ်အလုပ်ချိန်လျှော့ ချရေးတို့ပါကြောင်း ဝန်ကြီးဌာနနှင့် တရားမျှတ၍ တိုးတက်မှုရှိသော အလုပ်အကိုင်အလေ့အကျင့်များ  သုံးပွင့်ဆိုင်မဟာမိတ်တို့က  ပြောသည်။ကုမ္ပဏီများ၏ ဆောင်ရွက်မှုများသည်  တရားမျှ တမှု သို့မဟုတ် ကြောင်းကျိုးညီညွတ်မှုမရှိဟုယူဆ သဖြင့် ကူညီဖြေရှင်းပေးပါရန် အလုပ်သမား ၆၀ဝ ကျော်တို့က ဝန်ကြီးဌာနကို အကူအညီတောင်ခံထားသည်။ 

 

စံမီအောင်