Main menu

Background

တောင်ကိုရီးယား၏ ၂၀၂၁ စီးပွားရေးဖွံ့ဖြိုးနှုန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ် တိုးမြှင့်ခန့်မှန်း

Tue, 01/26/2021 - 15:23 -- journal_editor

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်မှုရှိသော်လည်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို အဓိက  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်က အနည်းငယ် မြှင့်တင်၍ ခန့်မှန်းကြကြောင်း ဇန်နဝါရီ ၇ ရက်က ထုတ်ပြန်သော အစီရင်ခံစာ ကို ကိုးကား၍ ယွန်းဟပ်သတင်းတွင်ဖော်ပြသည်။ ဒီဇင်ဘာလကုန်တွင် တည်ရှိသော  စာရင်းများအရ တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးသည် ယခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်မည်ဟု ဘာကလေနှင့်  ဂိုလမန်ဆက်တို့ အပါ အဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးကိုးခုက ခန့်မှန်းခဲ့ရာ တစ်လခန့်အကြာက ခန့်မှန်းခဲ့သော အလယ်အလတ်ခန့်မှန်းချက်ထက် သုည ဒသမ ၁ ရာခိုင်နှုန်း ပိုခဲ့ကြောင်း ကိုရီးယားအပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဗဟိုဌာန ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ဘာကလေ၊ မယ်ရီလင်း၊ ဂျေပီမော်ဂန်၊ စီးတီး၊ ဂိုလမန်ဆက်၊ နော်မူရာနှင့် ယူဘီအက်စ်စသည့် ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး ခုနစ်ခုကမူ ယခုနှစ်တိုးတက်နှုန်းကို ယခင်ခန့်မှန်းချက်အတိုင်း ဆက်လက်ထိန်းသိမ်းထားသည်။ ခရက်ဒစ်ဆွိဘဏ် ကမူ  မူလခန့်မှန်း ချက်ဖြစ်သော ၂ ဒသမ ၉ ရာခိုင်နှုန်းမှ ၃ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်ခန့်မှန်းခဲ့သည်။  HSBC ဘဏ်ကမူလခန့်မှန်းထား သော  ၂ဒသမ ၂ ရာခိုင်နှုန်းမှ တိုးမြှင့်၍ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းခဲ့ သည်။ UBS ဘဏ်က တိုးတက်မှုနှုန်းကို ၄ ဒသမ ၁ ရာခိုင်နှုန်းရှိမည်ဟု အမြင့်ဆုံး ခန့်မှန်းထားသည်။  ၂၀၂၀ ပြည့်နှစ် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ၁ ရာခိုင်နှုန်းဝန်းကျင်ကျဆင်းမည်ဟု ဒီဇင်ဘာလအတွင်းက အစိုးရကခန့်မှန်းခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယား၏  စီးပွားရေးတိုး တက်နှုန်းသည်  ၂ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်များက ခန့် မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

 

စံမီအောင်