Main menu

Background

ဗီယက်နမ် လက်မှုပစ္စည်းများအတွက် ခိုင်မာသော ပို့ကုန်မဟာဗျူဟာ လိုအပ်

Tue, 01/26/2021 - 15:27 -- journal_editor

ဗီယက်နမ်လက်မှုပစ္စည်းများသည် ပိုမိုအလားအလာကောင်း သော ထုတ်ကုန်အုပ်စုဖြစ်ပြီး အမြတ်နှုန်းများသော ကုန်ပစ္စည်း ဖြစ်ကြောင်းနှင့် အနာဂတ်ကာလတွင်ပို့ကုန်မြှင့်တင်ရန် မဟာဗျူဟာ လိုအပ်နေသော ထုတ်ကုန်အမျိုးအစား ဖြစ်နေကြောင်း ဗီယက်နမ် နယူးစ်အေဂျင်စီသတင်းတွင် ဖော်ပြသည်။ ကမ္ဘာ့လက်မှုပစ္စည်း ဝယ်လိုအားသည် မြင့်မားလျက်ရှိပြီး ဈေး ကွက်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀ဝ ရှိနေသော် လည်း စီးပွားရေးလုပ်ငန်း တိုးတက်ရေးနှင့် ပိုကုန်မြှင့်တင်ရေး အတွက် ဗီယက်နမ်က ဤအခွင့်အရေးကို အသုံးမချနိုင်သေးကြောင်း ဗီယက်နမ် လက်မှုပစ္စည်း တင်ပို့သူများအသင်း (VHEA) က ပြောသည်။
လွန်ခဲ့သော ငါးနှစ်အတွင်း ဗီယက်နမ်နိုင်ငံ၏လက်မှုထုတ် ကုန်များ၏ ပို့ကုန်တန်ဖိုးသည် ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ ပြီး ၂၀၁၅ ခု နှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ၂ ဘီလီယံဖိုးရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၃ ဘီလီယံ ဖိုးရှိခဲ့ကြောင်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။ ဗီယက်နမ်  လက်မှုပစ္စည်းထုတ်ကုန်များတွင် အမျိုးအစား ငါးမျိုးပါဝင်သည်။ လက်ကိုင်အိတ်၊ ပိုက်ဆံအိတ်၊ လက်ဆွဲသေတ္တာ၊ ဦးထုပ် နှင့်ထီး၊ ကစားစရာ၊ အားကစားပစ္စည်း၊ ကြွေထည်၊ ကြိမ်၊ ဝါးနှင့် မြက်ဖြင့်ပြုလုပ်သောပစ္စည်းနှင့် သစ်ဖြင့်ပြုလုပ်သော အနု ပညာပစ္စည်းများဖြစ်သည်။ ထို့ပြင်ဖက်ရှင်ပစ္စည်းနှင့် လက်ဆောင်ပစ္စည်း အများအပြားကို တစ်ထိုင်တည်း ပြုလုပ်ပေးသော ပစ္စည်းများအဖြစ် ဗီယက်နမ် သို့လာရောက် သော နိုင်ငံသားခရီးသည်များကို ဆောင်ရွက်ပေး လျက်ရှိရာ လောလောဆယ်တွင် စုစုပေါင်းရောင်းချရသည့် တန်ဖိုး ၏ ၁၅ ရာခိုင်နှုန်းရှိသည်။
ထုတ်ကုန်အများစုကို နိုင်ငံခြားဈေးကွက်များက တန်ဖိုးထား ဝယ်ယူလျက်ရှိရာ ထိုပစ္စည်းများတွင် ကြွေထည်၊ ကြိမ်ထည်နှင့် ဝါး ထွက်ပစ္စည်းများ၊ လက်ဖြစ် ရွှေချည်ထိုးနှင့် ချည်ထည်ပစ္စည်းများ ဖြစ်သည်။ ထိုပစ္စည်းများမှာ နှစ်စဉ် ပို့ကုန်ဝင်ငွေ အမေရိ ကန်ဒေါ်လာ သန်းပေါင်းများစွာရရှိပြီး ပို့ကုန်ဝင်ငွေအများဆုံးရရှိသော ထုတ်ကုန်များဖြစ်သည်။ လက်မှုလုပ်ငန်းသည် သတ္တုတူးဖော်ရေးအပါအဝင် စက်မှု လုပ်ငန်အများစုနှင့် နှိုင်းယှဉ်ပါက အမြတ်အစွန်း ငါးဆ၊ ၁၀ဆ မြင့် တက်ပြီး အလုပ်အကိုင် ထောင်ချီ၍ ဖန်တီးပေးနိုင်သည်။ ကျေးလက်  လုပ်သားများကိုလည်း ဝင်ငွေနည်းသော လယ်ယာစိုက်ပျိုးရေးလုပ် သားဘဝမှ ဝင်ငွေမြင့်မားသော အလုပ်သမားများအဖြစ်သို့  ပြောင်း လဲပေးနိုင်သည်။

 

စံမီအောင်