Main menu

Background

ထိုင်းရင်းနှီးမြှုပ်နှံမှု ဗီယက်နမ်တွင် မြင့်တက်

Tue, 02/02/2021 - 15:41 -- journal_editor

ထိုင်းနိုင်ငံက  ဗီယက်နမ်တွင် မှတ်ပုံတင်အသစ်တင်သော စီမံကိန်း ၄၀၊ မတည်ရင်းနှီးငွေ ပြန်လည်ညှိနှိုင်း ရန်တင်ပြသော  စီမံကိန်း ၂၃ ခုနှင့် မတည်ရင်းနှီးငွေထည့်ဝင်ရန်နှင့် ရှယ် ယာဝယ်ယူရန် ဆောင်ရွက်နေသော စီမံကိန်း ၁၀ဝ ရှိသဖြင့် ယခင်နှစ်မှတ်ပုံ တင်ထားပြီးသော မတည်ရင်းနှီးငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရှိကြောင်း   ဗီယက်နမ်စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကိန်းဂဏန်းများကို ကိုးကား၍ ဗီယက်နမ်နယူးစ် အေဂျင်စီသတင်း တွင် ဖော်ပြသည်။
ယခုကိန်းဂဏန်းများမှာ ၂၀၁၉  ခုနှစ်နှင့်နှိုင်းယှဉ်ပါက နှစ်ဆကျော်ရှိပြီး ၂၀၁၅ ခုနှစ်မှ ၂၀ ၂၀ ပြည့်နှစ်ကာလ အတွင်း စာရင်းများနှင့် နှိုင်းယှဉ်ပါက ခုနစ်ဆနီးပါးကျော်  မြင့်တက်လျက်ရှိ သည်။ ၂၀၂၀ ပြည့်နှစ်ကုန်အထိ   ထိုင်း နိုင်ငံက ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံ သော မတည်ရင်းနှီးငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ  ၁၂ ဒသမ ၈ ဘီလီယံရှိသည်။ စီမံကိန်ပေါင်းမှာ ၆၀၃ ခုရှိသဖြင့် လောလောဆယ်တွင် ထိုင်း နိုင်ငံသည် ဗီယက်နမ်တွင် နဝမမြောက် အများဆုံး ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီ ဖြစ်သည်။ ထိုင်းရင်းနှီးမြှုပ်နှံသူတို့က ဗီယက် နမ်ရှိ နယ်ပယ်အသီးသီးကို စိတ်ဝင်စား လျက်ရှိပြီး အဓိကအားဖြင့် ဆင့်တက် ပြုပြင်ရေးနှင့်ကုန်ထုတ်လုပ်မှု၊ ပြန်ပြည့် မြဲစွမ်းအင်နှင့်  အိမ်ခြံမြေလုပ်ငန်းတို့ ပါဝင်သည်။
ဗီယက်နမ်သည်  ရင်နှီးမြှုပ်နှံမှု ပတ်ဝန်းကျင်အခြေအနေကို  တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိ ရုံသာမက  လွတ်လပ်စွာ ကုန်သွယ်ခွင့် စာချုပ်(FTA) များတွင်  ပါဝင်နေခြင်း ကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းများက  သဘောကျလက်ရှိပြီး ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် စိတ်ဝင်စားနေ ကြောင်း ဗီယက်နမ်ဆိုင်ရာ  ထိုင်းကုန် သွယ်ရေးသံမှူး ပန်နာကန်ဂျန်ဆပ်ချင် က ကုန်သွယ်ရေးနှင့် စက်မှုသတင်းစာ ကိုပြောသည်။ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံ  တို့၏ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုမှာ ခိုင်မာစွာဖွံ့ဖြိုးလျက် ရှိပြီး အထူးသဖြင့် စီးပွားရေး၊ ကုန်သွယ် ရေးနှင့်ရင်နှီးမြှုပ်နှံမှု စသည့်နယ်ပယ်စုံ ပါဝင်လျက်ရှိသည်။

 

စံမီအောင်