Main menu

Background

ဂျပန်စီးပွားရေးလုပ်ငန်း ထက်ဝက်နီးပါး ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုချဲ့ထွင်မည်

Tue, 02/23/2021 - 11:53 -- journal_editor

လာမည့် တစ်နှစ်မှ နှစ်နှစ်အတွင်း ဗီယက်နမ်ရှိ ဂျပန်စီးပွားရေးလုပ်ငန်း ၄၇ ရာခိုင်နှုန်းသည် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုချဲ့ထွင်ရန် စီစဉ်ထားသည်ကို တွေ့ရကြောင်း အာရှနှင့်အိုရှင်းနီးယားဒေသတွင် ဂျပန်ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဂျပန်ပြည်ပ ကုန်သွယ်ရေးအဖွဲ့(Japan External Trade Organisation- JETRO)၏ စစ်တမ်းတစ်ခု၏ဖော်ပြချက်ကို ဗီယက်နမ်နယူးအေဂျင်စီသတင်းတွင် ဖော်ပြသည်။
ပြည်တွင်းရောင်းချမှုနှင့် ပြည်ပသို့ တင်ပို့မှုနှစ်ခုစလုံး အတွက်ပါ ကုမ္ပဏီများ၏ဝင်ငွေများတိုးတက်နေပြီး ဈေးကွက်၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလားအလာကြီးမားသည့် အတွက် ဗီယက်နမ်တွင်လုပ်ငန်းများ တိုး ချဲ့လိုခြင်းဖြစ်သည်။
ပြည်တွင်းရောင်းချမှု တိုးမြှင့်ခြင်းအပြင် ကုမ္ပဏီများကဂျပန်၊ အာဆီယံ၊ အမေရိကန်နှင့် တရုတ်တို့သို့ တိုးမြင့်တင်ပို့ရန်လည်း စဉ်းစားဆောင်ရွက်လျက်ရှိသည်။၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးလုပ်ငန်း ၄၉ ဒသမ ၆ ရာခိုင်နှုန်းသည် အကျိုးအမြတ်ရရှိပြီး ၁၆ ဒသမ ၂ ရာခိုင်နှုန်းက စီးပွားရေးကျဆင်းကာ ၃၀ ဒသမ ၁ ရာခိုင်နှုန်းကအရှုံးပေါ်ခဲ့သည်။
ဒေသတွင်းမှာရှိတဲ့ တခြားနေရာများကဲ့သို့ပင် ဗီယက်နမ်ရှိ ဂျပန်စီးပွားရေးလုပ်ငန်းများသည် ကိုဗစ်(၁၉)၏ ရိုက်ခတ်မှုဒဏ်ကိုခံခဲ့ရပြီး အကျိုးအမြတ် ကျဆင်းခဲ့သော်လည်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ဆုံးရှုံးမှုနည်းခဲ့ကြောင်း ရှင်ဂျီကပြောသည်။အနာဂတ်လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မေးမြန်းသောအခါ ကုန်ထုတ်လုပ်ငန်းအများစုက ကမ္ဘာ့ ကပ်ရောဂါနှင့် ကမ္ဘာ့ကုန်သွယ်ရေးဝန်းကျင် ပြောင်းလဲမှု အကျိုးဆက်ကြောင့် ဖြစ်ပေါ်သော ကမ္ဘာ့ဖြန်ဖြူးရေးကွင်း ဆက်အပြောင်းအလဲြောင့် ဝယ်ယူဖြည့်တင်းခြင်းလုပ်ငန်းကို ပြန်လည်ဆန်းစစ်မည်ဖြစ်ကြောင်း ပြောကြသည်။

 

စံမီအောင်