Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့်ဂျပန်နိုင်ငံ၏ ရထားလုပ်ငန်း အရှုံးပေါ်

Thu, 06/10/2021 - 15:12 -- journal_editor

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ဆက်လက်   ပြန့်ပွားနေဆဲဖြစ်သဖြင့် ဂျပန်နိုင်ငံအတွင်း ခရီးသွားလာမှုများ လျော့ကျလာသည့်အတွက်    နောက် ဆက်တွဲအဖြစ် လုပ်ငန်းအရှုံးပေါ်နေမှု  နှင့်ဂျပန်ရထားကုမ္ပဏီများ ရင်ဆိုင်နေ ကြရသည်။၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဂျပန် ရထားကုမ္ပဏီများသည်   အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံကျော် စုစုပေါင်း အသားတင် ဆုံးရှုံးခဲ့ပါသည်။     ဂျပန် နိုင်ငံ၏ (JR)မီးရထားလုပ်ငန်း ခြောက်ခု နှင့် အခြားကုမ္ပဏီအုပ်စု ၁၅ ခုတို့သည် ၂၀၂၁ ခုနှစ် မတ်လတွင်   ကုန်ဆုံးခဲ့ သည့် ၂၀၂၀ ဘဏ္ဍာနှစ်အတွက် လုပ် ငန်းဝင်ငွေတွေများ ထုတ်ပြန်ခဲ့ကြရာ လုပ်ငန်းအုပ်စုအားလုံး   အရှုံးပေါ်ခဲ့ကြ ကြောင်း သိရသည်။JR East

ကုမ္ပဏီသည်    အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလီယံခန့် အရှုံးပေါ်ခဲ့ကြောင်း၊  JR Eastသည် အမေရိကန် ဒေါ်လာ နှစ်ဘီလီယံကျော် နှင့်  JR Tokaiသည် ‌   အမေရိကန်ဒေါ် လာ ၁ ဒသမ၈ ဘီလီယံ     စသည်ဖြင့် အသီးသီးအရှုံးပြခဲ့သည်။အလားတူ  Seibu Holdingsကုမ္ပဏီအုပ်စုမှ   အမေရိကန်ဒေါ်လာ သန်း ၆၆၀ ခန့်     ဆုံးရှုံးခဲ့ရကြောင်း၊ Kintetsu Group Holdings ကုမ္ပဏီ အုပ်စုသည်  အမေရိ ကန်ဒေါ်လာသန်း ၅၅၀ ခန့်နှင့် Tokyuကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ   သန်း ၅၀ဝ ခန့် အရှုံးပေါ်ခဲ့ကြောင်း     ထုတ်ပြန်ခဲ့ကြ သည်။ကူးစက်ရောဂါ    ပြန့်ပွားနေမှု ကြောင့်    ပြည်သူအများ   နေအိမ်တွင် နေထိုင်ချိန်   ပိုများပြားလာသည့်အတွက် ခရီးသွားသူအရေအတွက်လည်း  သိသိ သာသာ ကျဆင်းခဲ့သည်။အဆိုပါ အခြေအနေများကြောင့် ရထားလုပ်ငန်း     ဆောင်ရွက်သည့် ကုမ္ပဏီများ၊ တည်းခို နေထိုင်မှုလုပ်ငန်း များနှင့်အခြားဆက်စပ်သည့်ဝန်ဆောင် မှုစီးပွားရေးလုပ်ငန်းများအပေါ် များစွာ သက်ရောက်မှုရှိခဲ့သည်။

                       

နန္ဒာဝင်း(စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ တိုကျိုမြို့။