Main menu

Background

အမေရိကန်သို့ လက်ဖက်အစို ရှစ်တန် တင်ပို့ရန် ဈေးနှုန်းညှိနှိုင်းနေ

Mon, 07/05/2021 - 14:24 -- journal_editor

 ယခု ဇူလိုင်လအတွင်း   အမေရိကန်နိုင်ငံ သို့ လက်ဖက်အစို ရှစ်တန် တင်ပို့ရန် ဈေးနှုန်းညှိ နှိုင်းတွက်ချက်မှုများ ပြုလုပ်နေကြောင်း မြန်မာ နိုင်ငံလက်ဖက်အသင်းမှ သိရသည်။''ကျွန်တော်တို့ ဆီက လက်ဖက်စိုကို အရ သာ နှပ်ထားပြီးသားမဟုတ်ဘဲ  ကုန်ကြမ်းချည်းပဲ စားလို့ရတဲ့လက်ဖက် ရှစ်တန်လောက် ပို့ဖို့ရှိ တယ်။  လောလောဆယ်မှာ   ဈေးနှုန်းညှိနှိုင်းနေတဲ့ အခြေအနေကို ရောက်နေပါပြီ။   Pre Order    တော့မရသေးဘူး။ ညှိနှိုင်းနေဆဲပါပဲ''ဟု ယင်း အသင်း      ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းအောင်က ဇူလိုင် ၁ ရက်တွင် ပြောသည်။လက်ရှိ လက်ဖက်အစိုဈေးနှုန်းမှာ သယ် ယူပို့ဆောင်စရိတ်    မြင့်တက်လာခြင်းနှင့်အတူ အထွေထွေကုန်ကျစရိတ်  များပြားလာခြင်းတို့ ကြောင့် ယမန်နှစ်ကထက် ဈေးမြင့်တက်လျက်ရှိ ရာ နှစ်နိုင်ငံအဆင်ပြေစေမည့် ဈေးနှုန်းတစ်ခုရရှိ ရန် ညှိနှိုင်းမှုများ   ပြုလုပ်နေရခြင်းဖြစ်ကြောင်း ဦးမျိုးဝင်းအောင်က ပြောသည်။အလားတူ တစ်ဖက်နိုင်ငံအနေဖြင့်လည်း ၎င်းတို့ဝယ်ယူမည့်      လက်ဖက်ဈေးနှုန်းအပြင် ကွန်တိန်နာငှားရမ်းခ မြင့်မားနေခြင်းတို့ကြောင့် ဈေးနှုန်းကို ချင့်ချိန်နေရကြောင်း    ဦးမျိုးဝင်း အောင်က ပြောသည်။''ကွန်တိန်နာစရိတ်တွေက တက်လာတယ်။ ဈေးက နှစ်ဆ၊ သုံးဆ တက်လာတဲ့အခါကျတော့ ဝယ်သူဘက်ကနေမှ  ဒီကွန်တိန်နာ ဈေးတက်တဲ့ အပေါ်မှာ သူတို့စဉ်းစားပြီးမှ ဝယ်ရတာမျိုးတွေရှိ တာပေါ့''ဟု ၎င်းက ဆက်လက် ပြောကြားသည်။
နိုင်ငံတကာသို့     လက်ဖက်တင်ပို့မှုမှာ အခြားသောကုန်စည်များကဲ့သို့ဝယ်ယူမှု ရပ်ဆိုင်း ထားခြင်းမျိုးမဟုတ်ဘဲ တင်ပို့မှု ပိတ်ဆို့ထားခြင်း မရှိသလို ဆက်လက်ပြီးလည်း ဝယ်ယူနေသည် ဟုဆိုသည်။   မြန်မာနိုင်ငံလက်ဖက်အသင်းက    ရရှိသည့်စာရင်းများအရ     Green Tea  နှင့် Black Tea ကို ဂျာမနီ၊ လက်ဖက်အစိုကို အမေရိကန်၊ ထိုင်ဝမ်နှင့် ယူကေနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။''လက်ဖက်စိုကို တစ်နှစ်ကို    နှစ်ကြိမ် လောက် တင်ပို့ပါတယ်။ခြောက်လ တစ်ကြိမ်ပေါ့ နော်။ လက်ဖက်ခြောက်ကတော့  တစ်နှစ်တစ် ကြိမ် တင်ပို့ပါတယ်။နှစ်ကြိမ်သုံးကြိမ် ဆက်တိုက် ပို့တာမျိုးတွေတော့ ကျွန်တော်တို့ဆီမှာ မရှိသေး ပါဘူး''ဟု ဦးမျိုးဝင်းအောင်က ပြောသည်။
အချိုခြောက်ဟုခေါ်သညBlack Tea  မှာပြီးခဲ့ သည့် ၂၀၂၀ ပြည့်နှစ်က တန်ချိန် ၇၀ဝ၀ခန့်အထိ ထွက်ရှိခဲ့သော်လည်း ပြည်ပနိုင်ငံများသို့တန်ချိန် ၁၀ဝခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။