Main menu

Background

ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်သက်တမ်းတိုးနောက်ကျခြင်းကြောင့် သတ်မှတ်ထားသည့်ဒဏ်ကြေးများအား ပယ်ဖျက်

Tue, 02/24/2015 - 21:46 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်သက်တမ်းတိုးနောက်ကျခြင်းကြောင့်
သတ်မှတ်ထားသည့်ဒဏ်ကြေးများအား ပယ်ဖျက်

ယခုအခါ နိုင်ငံတော်ရဲ့ ပြောင်းလဲလာသော စီးပွားရေးမူဝါဒများနဲ့အညီ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလျင်မြန်လွယ်ကူစေ ရန်နဲ့ ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင်များရဲ့ ကုန်ကျစရိတ်များလျော့နည်းသက်သာစေရန်အတွက် ထုတ်ကုန်သွင်းကုန်လုပ်ငန်း ရှင်မှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားမှုနောက်ကျခြင်းကြောင့် သတ်မှတ်ထားသောဒဏ်ကြေးကောက်ခံခြင်းအား ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ပယ်ဖျက်လိုက်ကြောင်း ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ၁^၂၀၁၅ ဖြင့် ဖေဖော်ဝါရီ လ ၁၁ ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။
ယခင်က ထုတ်ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကြေးနဲ့ သက်တမ်းတိုးကြေး၊ သက်တမ်းတိုး လျှောက်ထားမှုနောက်ကျ ခြင်းအတွက် ဒဏ်ကြေး၊ ပြင်ဆင်ကြေး၊ မိတ္တူမှန်ကြေးများအား ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၃ ခုနှစ် ဇွန်လ ၁၅ ရက်စွဲပါ ထုတ်ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ ၂/၂၀၁၃ ဖြင့်အောက်ပါတိုင်း သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်-
    (က)    ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး    ကျပ်     ၅၀၀၀
        ပထမ(၁)လအတွင်းလျှောက်ထားလျှင်
    (ခ)    ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး    ကျပ်     ၁၀၀၀၀
        ဒုတိယ(၁)လအတွင်းလျှောက်ထားလျှင်
    (ဂ)    ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး    ကျပ်     ၁၅၀၀၀
        တတိယ(၁)လအတွင်းလျှောက်ထားလျှင်
    (ဃ)    ထသကမှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီး    ကျပ်     ၃၀၀၀၀
        (၃)လကျော်လွန်လျှင်                                                                                                             
ဖော်ပြပါဒဏ်ကြေးများအား လာမည့် ဧပြီ ၁ ရက်မှစ၍ ပေးသွင်းရန်မလိုတော့ဘဲ ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိ ပါတယ်။                                                                                                                          
     MIRT (DCCA)