Main menu

Background

စီးတီးမတ်၏ အရောင်းကောင်တာများတွင် VISA ကတ်ဖြင့် ငွေပေးချေမှုစနစ်ကို စတင်လုပ်ဆောင်နိုင်ပြီ

Tue, 04/07/2015 - 19:42 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၄)

မြန်မာနိုင်ငံရှိ  စူပါမားကက်များအနက်  တစ်ခုအပါအဝင်ဖြစ်သည့် စီးတီးမတ်စူပါမားကက်၏ အရောင်းကောင်တာများတွင် VISA ကတ်ဖြင့် ငွေပေးချေမှုအစီအစဉ်များကို စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း VISA ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့ သည်။ အဆိုပါအစီအစဉ်ကို ကမ္ဘောဇဘဏ်၏အကူအညီဖြင့် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော  ဈေးဝယ်စင်တာတစ်ခုဖြစ် သည့် စီးတီးမတ်စူပါမားကက်ဆိုင်ခွဲများအားလုံးတွင်  VISA ကတ်ဖြင့် ငွေလက်ခံခြင်းကို စတင်လိုက်ခြင်းဖြစ်ကြောင်း VISA ကုမ္ပဏီမှ Country Manager ဖြစ်သူ မစ္စတာဟီရိုတေလာက ပြောကြားခဲ့သည်။
''စီးတီးမတ်ဟာ  VISA ကတ်နဲ့ ငွေပေးချေမှုကို လက်ခံနိုင်တဲ့ ပထမဆုံးကုန်တိုက်ဖြစ်လာခဲ့ပါပြီ။ ဈေးဝယ်သူတွေအနေနဲ့  VISA ကတ်နဲ့ ငွေပေးချေတဲ့အခါ ရိုးရှင်းလုံခြုံစိတ်ချရမှုကိုရရှိစေပြီး ငွေသယ်ယူသွားရခြင်း၊ ငွေမလုံလောက်မှုကိုဖြစ်စေခြင်း စတဲ့ အခက်အခဲများကို အဆုံးသတ်စေနိုင်မှာဖြစ်ပါတယ"ဟု မစ္စတာဟီရိုတေလာက ပြောကြားခဲ့သည်။
စီးတီးမတ်စူပါမားကက်သည် VISA ကတ်ဖြင့် ငွေပေးချေနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော စူပါမားကက် တစ်ခုဖြစ်လာခဲ့သည်။ စီးတီးမတ်စူပါမားကက်များတွင် အဆိုပါ  VISA ကတ်ဖြင့် ငွေပေးချေမှုလုပ်ငန်းများကို မတ် ၂၅ရက်မှ စတင်လုပ်ဆောင်လျက်ရှိနေပြီဖြစ်ပြီး ဈေးဝယ်သူများအနေဖြင့် ကြိုတင်ငွေဖြည့်ကတ်များ၊ အေ<ကးဝယ်ကတ်များဖြင့် ငွေပေး ချေနိုင်မည်ဖြစ်ပြီး စီးတီးမတ်စူပါမားကက်ဆိုင်ခွဲများအားလုံးတွင် အသုံးပြုနိုင်ကြောင်း မစ္စတာဟီရိုတေလာက ပြောကြားခဲ့ သည်။
 VISA သည် နိုင်ငံနှင့်နယ်ပယ်ပေါင်း ၂၀၀ကျော်ရှိ သုံးစွဲသူ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘဏ္ဍာရေးနှင့် ငွေကြေးအဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့အစည်း များကို ချိတ်ဆက်ဆောင်ရွက်ပေးနေပြီး  VISA ကတ်ဖြင့် တစ်စက္ကန့်လျှင် ငွေပေး ငွေချေ ငွေထုတ်ဝန်ဆောင်မှု အချက်အလက် ၅၆၀၀၀ ကျော်ပြုလုပ်နိုင်သည့်ကွန်ရက်ဖြင့်လည်ပတ်နေသည်။        

  မယ်သီတာ