Main menu

Background

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲ ပယ်ဖျက် ဖြေလျှော့မှုများ

Tue, 04/28/2015 - 20:28 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၅)

ITC (Individual Trading Card) နဲ့ ကုန် သွယ်မှုဆောင်ရွက်နေသူများအနေဖြင့် CMP (Cutting , Making, Packaging)  လက်ခစား လုပ်ငန်းများကို  ဆောင်ရွက်ခွင့်မရှိသဖြင့် တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်နှင့် ဆောင် ရွက်ခွင့်ပြုထားတဲ့  ပို့ကုန်ပစ္စည်း ၁၅၂ မျိုးစာရင်းမှ '' CMP ပစ္စည်းနှင့်အသင့်ပြုလုပ်ထားသော ကုန် ချောအမျိုးမျိုး'' ကို မေလအတွင်းမှာ ပယ်ဖျက်ထား ခဲ့ပါတယ်။
အပင်မှထုတ်လုပ်သော စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်ပစ္စည်းများကို  ဗီယက်နမ်နိုင်ငံသို့ အမြဲတမ်းတင်သွင်းခွင့်ရနိုင်ငံစာရင်းတွင် မြန်မာ နိုင်ငံကို ဇွန်လ ၂၆ ရက်နေ့ကစပြီး ထည့်သွင်းလိုက် ပြီဖြစ်ပါတယ်။
MIC ခွင့်ပြုမိန့်အရ လုပ်ငန်းဆောင်ရွက် သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနဲ့ MIC ခွင့် ပြုမိန့်မပါရှိတဲ့  နိုင်ငံခြားဝန်ဆောင်မှု ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအနေဖြင့်  နယ်စပ်စခန်းများတွင် လိုင်စင်ခွင့်ပြုဆောင်ရွက်ခြင်း မပြုရန် ဇူလိုင်လ အတွင်းက ညွှန်ကြားထားပါတယ်။
ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရယူ ရန်မလိုတဲ့ ပို့ကုန် ၁၅၂ မျိုး  HS Code ၉၈၃ လိုင်း၊ သွင်းကုန် ၁၆၆ မျိုး ၊HS Code၁၉၂၆ လိုင်းပြဋ္ဌာန်း ထားပြီးဖြစ်ပါတယ်။ ဇူလိုင်လ နှောင်းပိုင်းကစပြီး သွင်းကုန် ၁၆၆ မျိုး HS Code ၁၉၂၆ လိုင်းအပြင် ံှHS Code ၁၅၃ လိုင်းထပ်မံထုတ်ပြန်ထားပါတယ်။
ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နဲ့
ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် သွင်း ကုန် လိုင်စင်/ပါမစ်မလိုဘဲ တင်သွင်းလာသော ကုန်ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်/ပါမစ် ကြေး ကောက်ခံခြင်းအား သြဂုတ်လအတွင်းမှာ ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။
ပုံမှန်/နယ်စပ် မခွဲခြားဘဲ သွင်းကုန်လိုင်စင် အပေါ် မည်သည့်ငွေကြေးနဲ့မဆို သုည ဒသမ ၁၂၅ ရာခိုင်နှုန်း ကောက်ခံရန်နဲ့ ကောက်ခံရာမှာ နိုင်ငံခြားငွေကြေးရဲ့ သုည ဒသမ ၁၂၅ ရာခိုင်နှုန်းနဲ့ ညီမျှသော မြန်မာကျပ်ငွေနဲ့ အမှန်တကယ်တင် သွင်းသည့် port/point  တို့မှာ ကောက်ခံသွားရန် သြဂုတ်လအတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဓာတ်မြေသြဇာတင်သွင်းခွင့်ဥပဒေအရ ဓာတ်မြေသြဇာတင်သွင်းရခြင်းဖြစ်သဖြင ITC  နဲ့ သွင်းကုန်ခွင့်ပြုစာရင်းတွင် ပါရှိနေသော ဓာတ်မြေ သြဇာကို စာရင်းမှ စက်တင်ဘာလအတွင်းပယ်ဖျက် ခဲ့ပါတယ်။
နိုင်ငံတော်အတွင်းရှိ တရားမဝင်လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအတွက် တရားဝင်မှတ်ပုံ တင်ပေးသည့် လုပ်ငန်းများကို ၂၀၁၄ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၇ ရက်နေ့မှစပြီး ဇူလိုင်လ ၄ ရက်နေ့ထိ One Stop Services  စီမံချက်နဲ့  ဆောင်ရွက်ပေးခဲ့ ပါတယ်။စီမံချက်ကာလ ကုန်ဆုံးပါက တရားမဝင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနဲ့ စပ်လျဉ်း၍ လိုက်နာကျင့်သုံးဆောင်ရွက်ရမယ့် ညွှန်ကြားချက် များကို ပြည်ထောင်စုဝန်ကြီးရုံးမှ ၂၀၁၄ ခုနှစ် စက် တင်ဘာ ၁၈ ရက်ကထုတ်ပြန်ပေးခဲ့ပါတယ်။
မြန်မာ-တရုတ်နဲ့မြန်မာ-အိန္ဒိယနယ်စပ် ဒေသများ (၅/၂၀၀၀)နဲ့ မြန်မာ-ထိုင်းနယ်စပ် ဒေသများ (၆/၂၀၀၀)တို့တွင်နှစ်နိုင်ငံသုံးငွေကြေး အပြင် အမေရိကန်ဒေါ်လာတို့နဲ့ပါ ရောင်းဝယ် ခွင့်ပြုထားပြီး ရောင်းချ သောငွေကြေးနဲ့ အခွန်ပေး ဆောင်ရန် ထုတ်ပြန်ထားမှုမှာ လက်ရှိအခြေအနေ နဲ့ ကိုက်ညီမှုမရှိတော့သဖြင့် စက်တင်ဘာလ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာ ၆၀/၂၀၁၄ နဲ့ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားတွင်One Stop Services  နဲ့ ကုန်သွယ်မှုလုပ်ငန်းစတင်ဆောင်ရွက် ခွင့် အောက်တိုဘာလ ၁၅ ရက်နေ့မှစ၍ ခွင့်ပြုခဲ့ပြီးITC နဲ့လည်း ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ MIC ခွင့်ပြုမိန့် ရယူရန်မလိုဘဲ လုပ်ငန်းဆောင်ရွက်နေ တဲ့ နိုင်ငံခြားကုမ္ပဏီများအား ၎င်းင်းတို့လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းများ တင်သွင်းတင်ပို့ခွင့်ပြုရေး နဲ့ပတ်သက်တဲ့လုပ်ထုံးလုပ်နည်းပြင်ဆင် သတ် မှတ်ချက်ကို နိုဝင်ဘာလ နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့ ပါတယ်။
စိုက်ပျိုးရေးထွက်ကုန်အပင်နှင့်အပင်ထွက် ပစ္စည်းများ တင်ပို့တင်သွင်းခြင်းနဲ့စပ်လျဉ်း၍ Phytosanitary Certificate (PC)  နဲ့ တင်သွင်းခွင့် ထောက်ခံချက် Import Certificate (IC) ပါမှသာ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးရန် စိုက်ပျိုးရေးဦးစီး ဌာနမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက ထုတ် ပြန်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ် မတ်လအတွင်းမှာတော့ PC ကို Quarantine Entry Point  သို့မျိုးစေ့ရောက်ရှိချိန်မှ သာ တင်ပြခွင့်ပြုရန် မျိုးစေ့တင်သွင်းသည့်ကုမ္ပဏီ များရဲ့တင်ပြချက်အရIC  ပါရှိပါကတင်သွင်းခွင့်လိုင်စင်ကို မတ်လ ၂၃ ရက်နေ့မှ စတင် ခွင့်ပြုပေး နေပြီဖြစ်ပါတယ်။
ကုန်သည်များရဲ့ တောင်းဆိုချက်အရReconditioned Bicycle အစားUsed  Bicycle များကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစ၍ တစ်နှစ်ချင်း စမ်းသပ်တင်သွင်းခွင့်ပြုထားခြင်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်ထိ တတိယအကြိမ် စမ်းသပ်ကာလအဖြစ်သတ်မှတ်ပေးထားပါတယ်။
လက်ရှိပြောင်းလဲတိုးတက်လာသော စီးပွား ရေးအခြေအနေအရ  နိုင်ငံခြားသားဝင်ရောက်မှု များပြားလာခြင်း၊ ပြည်တွင်းဈေးကွက်လိုအပ်ချက် ရှိခြင်းတို့ကြောင့် နိုင်ငံခြားဖြစ် ဝိုင်အမျိုးမျိုးကို မတ်လ ၁၇ ရက်မှကစပြီး ပြည်ပမှတရားဝင်တင် သွင်းခွင့်ပြုပေးခဲ့ပါတယ်။
ပြည်ပမှတင်သွင်းခွင့်ပြုတဲ့လုပ်ငန်းသုံး ယာဉ်၁၃ မျိုး   (EXCAVATOR , BULLDOZER, WHEEL LOADER,  VIBRATORY  ROLLER,  CLAMP LOADER,  MOTOR GRADER, ROAD ROLLER COMPAC-TOR, BRIDGE CRANE,  GRANTY CRANE, TOWER CRANE,  PILING MACHINE, CRAWLLER DRILL/CRANE, OVERHEAD TRAVELLING CRANE)  အတွက် ထုတ်လုပ်သည့် ခုနှစ်ကို လွန်ခဲ့သော နှစ် ၂၀အတွင်းကထုတ်လုပ်သော ယာဉ်များအား ဖြေ လျော့တင်သွင်းခွင့်ကို မတ်လအတွင်းမှာ စတင် ခွင့်ပြုခဲ့ပါတယ်။သာမန်အားဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်းကထုတ်လုပ်တဲ့ယာဉ်များကိုသာ တင် သွင်းခွင့်ပြုထားတာဖြစ်ပါတယ်။
မော်တော်ယာဉ်အပ်ကုန်စနစ် (Consign-ment Basis) ဖြင့်    တင်သွင်းလာသူများအတွက် စည်းကမ်းချက်များကို  မတ်လအတွင်းမှာ စီးပွား ရေးနှင့်    ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ၁၉/၂၀၁၅နှင့် ထုတ်ပြန်ခဲ့ပါ တယ်။
မော်တော်ယာဉ်  အရောင်းပြခန်း  (Show Room) တွင်ရောင်းချရန် မော်တော်ယာဉ် တင် သွင်းသူများလိုက်နာရမယ့် စည်းကမ်းချက်များကို မတ်လအတွင်းမှာ   စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ ၂၀/၂၀၁၅ နှင့်ထုတ်ပြန်ခဲ့ပါတယ်။                    
    ပန်