Main menu

Background

မေလ ဒုတိယပတ်မှာ လဲချားခရမ်းစွဲ ဈေးကွက်ဝင်လာ

Fri, 05/22/2015 - 21:12 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

ရှမ်းပြည်နယ်တောင်ပိုင်း   လဲချား ကုန်စည်ဒိုင်ဈေးကွက်သို့ မေလ ပထမ ပတ်မှစပြီး ဒေသထွက် ခရမ်းစွဲ ကြက် သွန်ဖြူများ   ဈေးကွက်သို့ စတင်ဝင် ရောက်ခဲ့ပြီး အမြိတ်ပါ တစ်ပိဿာကို ၇၀၀ ကျပ်နဲ့  ဈေးဖွင့်ခဲ့ပေမယ့် မေလ ဒုတိယပတ်မှာတော့   တစ်ပိဿာကို ၅၀၀ ကျပ်ထိ အေးသွားခဲ့တာကြောင့် လဲချားဈေးကွက်မှာ ခရမ်းစွဲကြက်သွန် ဖြူများ အရောင်းအဝယ်ပါးနေတယ်လို့ သိရပါတယ်။
    လဲချားကုန်စည်ဒိုင် ဈေးကွက်ကို ကြက်သွန်ဖြူသစ်စတင်ဝင်ရောက်လာချိန်မှ မေလဒုတိယပတ်ထိ ကြက်သွန်ဖြူ ၁၈၉ တန်ခန့် ဈေးကွက်ကို ဝင်ရောက်ခဲ့ ပြီး   လောလောဆယ်မှာတော့  ဝင် ရောက်မှုတွေ ရပ်တန့်နေတယ်လို့ ဆိုပါ တယ်။
    ဒီလိုဖြစ်တာကလည်း ပုံမှန်ဝယ် လက်ဖြစ်တဲ့ တစ်ဖက်နိုင်ငံက သူတို့ရဲ့ တောင်သူတွေ   စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ဖို့ကို   ရည်ရွယ်ပြီး တာချီ လိတ်ဘက်က  တင်ပို့တဲ့ ခရမ်းစွဲကြက် သွန်ဖြူ  တစ်ကီလိုကို ယခုနှစ်မှ တစ် ဖက်နိုင်ငံဘက်က ၁၀ ဘတ် (မြန်မာငွေ ၃၀၀ ကျပ်ခန့်) အခွန်ကောက်ခံနေမှု ကြောင့် လတ်တလော အခြေအနေအရ လက်ရှိပေါက်ဈေးနဲ့  ဘယ်လိုမှတင်ပို့ဖို့ အဆင်မပြေနိုင်သေးကြောင်း   လဲချား ကုန်စည်ဒိုင်က  တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ  သိရပြီး လဲချား ဒေသက ယခင်နှစ်က  ခရမ်းစွဲကြက် သွန်ဖြူ ပိဿာချိန် ၁၃ သိန်းကျော်ထွက် ရှိခဲ့ပြီး  ယခုနှစ် ဈေးကွက်ဝင်ချိန်မှာ ယခင်နှစ်ထက်    အထွက်နှုန်းရော အရည်အသွေးပါ  ပိုမိုထွက်ရှိလာနိုင် တာကြောင့် လဲချားခရမ်းစွဲ ဘယ်လဲ ဆိုတာစောင့်ကြည့်ရဦးမှာပါ။
မင်းအောင်-တောင်ကြီး