Main menu

Background

ကျောက်ဆည်ခရိုင် နွေနှမ်းအောင်မြင်ဖြစ်ထွန်း

Fri, 05/22/2015 - 21:14 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်မှာ နွေ နှမ်းဧက ၇၅၀၀၀ စိုက်ပျိုးထားရာ ကျောက်ဆည် မြို့နယ်တွင် ဧက ၃၃၀၀၀ ၊ စဉ့်ကိုင်မြို့နယ်တွင် ဧက ၁၉၀၀၀ ၊ မြစ်သားမြို့ နယ်တွင် ဧက ၂၂၀၀၀၊ တံတားဦးမြို့နယ်တွင် ဧက ၁၀၀၀၊ မြို့နယ်အလိုက် စိုက်ပျိုးခဲ့ပါတယ်။
ယခုနှစ်တွင် နွေနှမ်းများ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးခဲ့ပါ တယ်။ ယာမြေ၊ ကုန်းမြေများအပြင် နွေစပါး မစိုက်ပျိုးနိုင်တဲ့ လယ်မြေများပေါ်မှာလည်း  စိုက်ပျိုးကြပါတယ်။ နှမ်းဖြူ၊ နှမ်း ညို၊ နှမ်းနက် သုံးမျိုးလုံး စိုက်ပျိုးကြပြီး ဂျပန်နှမ်းဖြူမျိုးများကို ပိုမိုစိုက်ပျိုးကြပါတယ်။
နွေနှမ်းကို မတ်လအတွင်းမှ စတင်စိုက်ပျိုးခဲ့ရာ ယခု အခါ နှမ်းပင်များ  အသီးအပွင့်စုံလင်စွာဖြင့် ကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ ယခုနှစ် မိုးရွာသွန်းမှုမှာ လည်း မနည်းလွန်း၊ မများလွန်းဘဲ ပုံမှန်မိုးရွာသွန်းခဲ့တာကြောင့် နှမ်းစိုက်ဧကများ ပျက်စီးမှုမရှိခဲ့ကြောင်း၊ နွေနှမ်းများအားလုံး အသီးအပွင့် ဝေေ၀ဆာဆာဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အထွက်နှုန်းများလည်း   ပိုမိုကောင်းမွန်နိုင်ကြောင်း သိရပါ တယ်။
ယခင်နှစ်   နွေနှမ်းထွက်ပေါ်ချိန်က နှမ်းဖြူတစ်တင်း ၅၅၀၀၀ ကျပ်မှ  ၆၀၀၀၀ ကျပ်၊ နှမ်းညို တစ်တင်း ၄၁၀၀၀ ကျပ်မှ ၄၃၀၀၀ ကျပ်၊ နှမ်းနက်   တစ်တင်း ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းများ ကောင်းမွန်ခဲ့ပါ တယ်။
ယခုချိန်မှာ နှမ်းဖြူ   ၃၉၀၀၀ ကျပ်၊   နှမ်းညို ၃၀၀၀၀ ကျပ်၊ နှမ်းနက် ၃၅၀၀၀ ကျပ်  ဈေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိပါတယ်။ ယခုနှစ် နွေနှမ်း ထွက်ပေါ်ချိန်မှာ ယခင်နှစ် ဈေးနှုန်းများအတိုင်း ဈေးကောင်းရရှိပါက နွေနှမ်းစိုက်တောင် သူများအနေဖြင့် တစ်ဧက ကုန်ကျစရိတ် ၁၂၀၀၀၀ ကျပ်ဝန်း ကျင ကုန်ကျခဲ့ပြီး အကျိုးအမြတ်အနေဖြင့် ၃၅၀၀၀၀ ကျပ် ဝန်းကျင်ရရှိနိုင်ကြောင်း သိရပါတယ်။  ဝင်းမာ- ကျောက်ဆည်