Main menu

Background

ရိုးမလီမိတက်သည် စင်ကာပူနိုင်ငံ၏ နည်းစနစ်များကိုအသုံးပြု၍ မြန်မာနိုင်ငံ၌ ရေသန့်စင်စက်ရုံ တည်ဆောက်မည်

Tue, 05/26/2015 - 21:17 -- journal_editor

အတွဲ(၁၅)အမှတ်(၁၉)

ရိုးမဦးပိုင်ကုမ္ပဏီလီမိတက်သည် ရန်ကုန်မြို့ရှိပန်းလှိုင်ဂေါက် ကွင်းအိမ်ရာတွင် သုံးစွဲရန်အတွက် စင်ကာပူနိုင်ငံ အခြေစိုက် Hyflux  ကုမ္ပဏီ၏ အဆင့်မြင့်နည်းပညာများကို အသုံးပြုလျက်ရေသန့်စင် စက်ရုံတစ်ခုကို မေလ ၁၈ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါ ရေသန့်စင်စက်ရုံ၌ ံHyflux  ကုမ္ပဏီကသာ တစ်ဦးတည်း မူပိုင်ဖြစ်သော Kristal ultrafiltration  ခေါ် အဆင့်မြင့် စစ်ထုတ်မှု နည်း ပညာနှင့် ရေငန်ကို   ရေချိုအဖြစ် သန့်စင်သည့်Reverse osmosis နည်း ပညာများကို အသုံးပြုမည်ဖြစ်ကြောင်း၊ ဤစက်ရုံမှ တစ်ရက်လျှင် ရေကုဗမီတာ ၁၀၀၀ကို သန့်စင်နိုင်စွမ်းရှိပြီးနေ့စဉ် သောက်သုံးရေ ၂၅၀၀ ကုဗမီတာကို စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်သည် အထိစက်စွမ်းအားတိုးချဲ့နိုင်ရန်ဒီဇိုင်းပုံ ထုတ်တည်ဆောက်ထားကြောင်း၊ အိမ် ခြံမြေတည်ဆောက်မှုလုပ်ငန်းတစ်ရပ် အနေဖြင့်မြန်မာနိုင်ငံ၌ ပထမဆုံး သော ကိုယ်ပိုင်ရေသန့်စင်မှုစနစ်ကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခု ရေသန့်စင်စက်ရုံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲWHO  ၏ ရေသန့်စင်မှု လမ်းညွှန်ချက်များအား အပြည့်အဝလိုက်နာဆောင်ရွက်ထားခြင်းဖြစ် ကြောင်း၊ ၎င်းင်းတို့အနေဖြင့် ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၌ နေထိုင်သူများ အတွက် နိုင်ငံတကာအဆင့်မီနေထိုင်မှုအဆင့်အတန်းရရှိစေရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့် ရိုးမဦးပိုင်လီမိတက်မှပြောကြား ချက်အား စင်ကာပူသတင်းဌာနများမှ ရေးသားဖော်ပြပါသည်။ ံHyflux ကုမ္ပဏီသည်စင်ကာပူ နိုင်ငံ၌ ရေငန်မှရေချိုသို့သန့်စင်မှု နှင့် ရေဆိုးပြန်လည်သန့်စင်မှုလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ၂၀၁၃ ခုနှစ်အတွင်း ဖွင့်လှစ်ခဲ့သည့် တစ်ရက်လျှင်ရေဂါလန်သန်း ၇၀ ထုတ်လုပ် နိုင်သော ရေငန်သန့်စင်စက်ရုံမှ သောက်သုံးရေများကို အစိုးရနှင့်နှစ်ရှည် စာချုပ်ချုပ်ဆို၍ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပါသည်။
နေအေးလွင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ စင်ကာပူမြို့