Main menu

Background

ပခုက္ကူကုန်စည်ဒိုင်ရဲ့ အရောင်းအဝယ်ပန်းချီကား

Wed, 06/17/2015 - 21:04 -- journal_editor

ပခုက္ကူကုန်စည်ဒိုင်ရဲ့   အရောင်းအဝယ်ဟာ ဇွန်လ ဒုတိယပတ်ကိုရောက်ခဲ့ပါပြီ၊   ဇွန်လဟာ အရောင်းအဝယ်ရဲ့ ဇာတ်ရှိန်အမြင့်ဆုံးလို့ ကျွန်တော်တင်ပြခဲ့ဖူးပါတယ်။ ပစ္စည်း လက်ကျန်နည်းချိန်လည်းဖြစ်ပြန်၊ ဒီနှစ်အဖို့ ပစ္စည်းတော်တော် များများကလည်း အထက်ဈေးနဲ့ ဂုဏ်ရှိန်မြင့်မားစွာ ရှိနေချိန် ဆိုတာလည်း တိုက်ဆိုင်နေလို့ပါ။
ရုံးကိစ္စနဲ့ ဆော၊ ကျောက်ထုမြို့နယ်ဘက်ကို ခရီးသွား လို့ ပတ်ဝန်းကျင်ကိုခရီးသွားရင်း လေ့လာကြည့်မိတော့ ဝီရိယ ကောင်းတဲ့ တောင်သူများရဲ့ စိုက်ခင်းများမှာ အစေ့အဆန်က အစို့အညှောင့်ထွက်လို့   အပင်များပေါက်လို့ တောင်သူအခေါ်'' မှုန်း'' တယ် စိုက်ပျိုးထားတဲ့ အပင်များနဲ့အတူ  ပေါက်လာတဲ့ ပေါင်းမြက် အမှိုက်တွေကို ထွန်နဲ့တွန်းပြီး မြေလှန် ပေါင်းသတ် ထားတဲ့ မြင်ကွင်းများကို တွေ့ခဲ့မြင်ခဲ့ကြပါတယ်။
ပခုက္ကူက   ထွက်ကတည်းက ကန်တော်ရွာစိုက်ကွင်း၊ ညောင်ပင်လှစိုက်ကွင်း ဂျိုးပျံစိုက်ကွင်း၊ ပေါက်နယ်ထဲက ရေပြာရွာ စပါးစိုက်ခင်း၊ ဖိုးဖြူလုံးကန်စိုက်ကွင်း၊ ရှားတော၊ သရက်တော၊ စမ်းရိပ်ခုံစိုက်ခင်း၊ကျောက်ထုနယ်ထဲက တပြင်း စိုက်ခင်း၊ အညာပန်းပလွန်း၊ အကြည်ပန်းပလွန်း၊ နွားသိုးရွာ၊ သရက်ချဉ်၊ ပန်းဆံ၊ ဂုံဘိုစတဲ့ ရွာတွေရဲ့ စိုက်ခင်းတွေမှာ စိုက် ပျိုးခြင်းရဲ့ အလှတရားကို ကိုယ်တိုင်တွေ့ကြုံခဲ့ရပါတယ်။
ဆော၊ ကျောက်ထုနယ်တွေမှာ  အချို့နှမ်းခင်းများ အပွင့်တိုးနေတာကိုလည်း တွေ့ရပါတယ်။ ဆိုလိုချင်တာက ယခင်နှစ်ကထွက်ရှိခဲ့တဲ့ အသီးအနှံ အစေ့အဆန်ဟာ ဈေး ကွက်မှာ ကုန်ခါနီးဖြစ်နေသလို နောက်ထပ်စိုက်ပျိုး တဲ့ အသီး အနှံတွေဟာ သူ့တာဝန်သူ ကျေပွန်စွာဖြင့် ရှင်သန်ကြီးထွား နေတဲ့ တိုင်းပြည်ရဲ့ နိုင်ငံခြားဝင်ငွေရှာဖွေ ပေးနေတဲ့ ဘဏ္ဍာ ရေး အလှတရားကို တွေ့မြင်ခံစားခဲ့ရတဲ့ ပီတိအရသာကို တင်ပြတာပါ။
ပခုက္ကူကုန်စည်ဒိုင်မှာ  လတ်တလောဖြစ်ပေါ်နေတဲ့ သီးနှံတွေအခြေအနေကို ကြည့်ရအောင်ပါ-

ပဲစင်းငုံ
ကျွန်တော်ကတော့ မင်းသားဆိုတဲ့ ဓာတ်စာတချို့လို ဇာတ်လိုက်ကျော် ပဲစင်းငုံဟာ ဈေးကွက်မှာ မြင့်မားလှစွာသော ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတာ တွေ့ရပါတယ်။ ယခင်တစ် ပတ်က   တစ်တင်း ၄၀၀၀၀ ကျပ်မရရင် မလွှတ်ဘူးဆိုတဲ့ လှောင်လက်တချို့က  သုံးသပ်ဆွဲကိုင်ထားတာဟာ ၄၀၀၀၀ ကျပ်မက ၄၀၀၀၀ ကျပ်ကျော်သွားပြီဖြစ်ပါတယ်။ ယခုနောက် ဆုံးဈေး တစ်ပိဿာ ၂၀၆၅ ကျပ်၊ တစ်တင်း ၄၁၃၀၀ ကျပ်ပါ၊ ယခင်နှစ်ဈေးနှုန်းတွေကို နှိုင်းယှဉ်ကြည့်ရင် ပဲစင်းငုံဟာ ဒီနှစ် အဖို့ အမြင့်ဆုံးပါလို့ ပြောရမှာပါ။ ဒီနှစ်အနေအထား ပစ္စည်း လက်ကျန်နည်းနေတယ်လို့    လေ့လာသုံးသပ်ရပါတယ်။ လှောင်လက်အနေအထားပြန်ကြည့်ရင် ကိုယ်ပိုင်ငွေနဲ့ ကိုယ့် သဘောနဲ့ကိုယ် လှောင်ထားသူ တစ်နိုင်တစ်ပိုင်လှောင်သူရှိတော့ရှိပါတယ်။ နည်းတယ်လို့ လေ့လာရပါတယ်။ ရန်ကုန်- မန္တလေး  အော်ဒါ ကုမ္ပဏီများရဲ့ လှောင်လက်အများစုသာရှိပြီး အဲဒီအုပ်စုမှာတောင် ရန်ကုန်ကို တင်ပို့ကြလို့ လက်ကျန်သိပ် မကျန်တော့ဘူးလို့ သိရပါတယ်။ ပဲစင်းငုံနှစ်ပါလို့ ပြောရမှာပါ။
ပဲတီစိမ်း
ယခုတစ်ပိဿာ ၁၉၂၅ ကျပ်၊ တစ်တင်း ၃၈၅၀၀ ကျပ် ပါ၊ ယခင်   အမြင့်ဆုံး တစ်ပိဿာ ၂၀၆၀ ကျပ်၊ တစ်တင်း ၄၁၂၀၀ ကျပ်ကနေသူ့ကိုတော့ ဈေးဆင်းလာတယ်ပြောရလိမ့် မယ်။ ပဲတီစိမ်းသီးနှံရဲ့ သဘာဝစိုက်ခင်းမှာ အနည်းဆုံး သုံး ကြိမ်၊ လေးကြိမ် အချို့ဆို ငါးကြိမ်အထိ ဆွတ်ခူးရတဲ့ သီးနှံဖြစ် လေတော့၊ နောက်ဆုံးပိတ်  သီးနှံပဲတောင့်အကျန် ဆွတ်ခူးရ တာဖြစ်လို့ သီးနှံရဲ့သတ်မှတ်တဲ့ အရည်အသွေးမမီတော့တာ လို့ ပြောရမှာပါ။ ဒါပေမယ့် သူလည်းပဲ  ဖြစ်ပေါ်နေတဲ့ သီးနှံ အရည်အသွေး အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းနှိုင်းယှဉ် ရင်တော့ သင့်တာထက်ပိုလို့တောင်  ဈေးကောင်းတယ်လို့ ပြောရမှာပါ။

ကုလားပဲအုပ်စု
ကုလားပဲဖြူလုံးကြီး နောက်ဆုံးဈေးတစ်ပိဿာ ၁၂၂၆ ကျပ်၊ တစ်တင်း ၂၃၃၀၀ ကျပ်၊ ကုလားပဲဝါ နောက်ဆုံးဈေး တစ်ပိဿာ ၁၂၁၀ ကျပ်၊ တစ်တင်း ၂၃၃၀၀ ကျပ်၊ ကုလားပဲ ဖြူလုံးကြီး ယခင်အမြင့်ဆုံးဈေး တစ်ပိဿာ ၁၁၁၅ ကျပ်၊ တစ် တင်း ၂၁၂၀၀ ကျပ်၊ ကုလားပဲဝါ ယခင်အမြင့်ဆုံးဈေး ၁၁၆၃ ကျပ်၊ တစ်တင်း ၂၂၁၀၀ ကျပ်ဈေးတွေကနေ ယခုအနေ အထားမှာ အမြင့်ဆုံးရောက်နေတယ်လို့ ပြောရမှာပါ။ ပြည်ပ ဆွဲလက်၊ ပြည်တွင်းအသုံးဆိုတာလို ဈေးကွက်စစ်မျက်နှာ နှစ် နေရာရှိနေတဲ့သီးနှံပါ။ ပစ္စည်းလက်ကျန်နည်းနေပါပြီ။ သူ လည်းပဲ ပဲစင်းငုံသီးနှံလို့ပဲ ပြောရမှာပါ။ ဒီနေ့အဖို့ ကုလားပဲ အုပ်စုအနေနဲ့ ဈေးကောင်းရတဲ့နှစ်လို့ ပြောရမှာဖြစ်ကြောင်းပါ။

ပြောင်းဖူးစေ့စီပီ
နောက်ဆုံးဈေး   တစ်ပိဿာ ၅၁၆ ကျပ်၊ တစ်တင်း ၉၃၀၀ ကျပ်၊ ယခင်အနိမ့်ဆုံးဈေး တစ်ပိဿာ ၄၅၆ ကျပ်၊ တစ် တင်း ၈၂၀၀ ကျပ်ဈေးကနေ တက်လာတာပါ။ ဒေသတွင်းလုပ် ငန်းသုံး တိရစ္ဆာန်အစာဈေးကွက်ရဲ့  တရုတ်ဆွဲ လက်ကြမ်းလာ တာရယ်ကြောင့် ဈေးတက်လာတာပါ။ အခြားသောသီးနှံတွေ ဖြစ်တဲ့ ထောပတ်ပဲ(ယော)၊ (ကျွန်း)၊ စွန်တာနီ(ယော)၊ (ကျွန်း)၊ ပဲဇီးကွက်၊ ပဲယင်း(မြစ်ခြေ)၊ (ယော) စတဲ့သီးနှံတွေအနေ နဲ့ကလည်း တက်နည်းနည်း၊ ကျနည်းနည်းနဲ့ ဈေးကွက်ထဲမှာ  ပုံမှန်လှုပ်ရှားနေတာကို  တွေ့ရပါတယ်။   ဘာပဲပြောပြော ဒီနေ့အဖို့ အရောင်းအဝယ်ဖြစ်တဲ့ သီးနှံအားလုံးဟာ ဖြစ်ထွန်း အောင်မြင်ထွက်ရှိမှု အနည်းအများ၊ ဈေးကွက်ရဲ့ လိုအပ်ချက်၊ တောင်းဆိုမှုစတာတွေနဲ့ လိုက်လျောညီထွေစွာ ဈေးနှုန်းပင် မြင့်မှာ အသွင်တင့်စွာနဲ့ ရောင်းဝယ်ဖောက်ကားလှုပ်ရှား နေ တယ်လို့ ပြောရမှာပါ။ ဈေးနှုန်း   မြင့်တက်နေတယ်လို့ ဆိုရ မှာပါ။ ယခုနှစ်အဖို့   သီးနှံတော်တော်များများ ဈေးကောင်းရ နေသလို လာမယ့်နှစ်အတွက် နေရာဒေသတော်တော်များ များမှာ စိုက်ပျိုးထားကြတဲ့အပင်များ ရှင်သန်ကြီးထွားနေပါပြီ အရောင်းအဝယ်ပန်းချီကားတစ်ချပ်မှာ ဈေးကွက်တောင်း ဆိုမှုဆိုတဲ့ စုတ်ချက်က လှပအောင်တန်ဆာဆင်ထားလေတော့ ပြီးပြည့်စုံလှပနေသော အရောင်းအဝယ်ပန်းချီကားတစ်ချပ် ဖြစ်ပေါ်လာရတာပါလို့ ပြောရမှာပါ။          
    မြင့်ဦး-ပခုက္ကူ