Main menu

Background

ပရဆေးကုန်ကြမ်း စခန်းစုံမှ တင်ပို့

Wed, 06/17/2015 - 21:12 -- journal_editor

ဇွန်လ      =ပထမပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ  ကန်ဒေါ်လာ သုည ဒသမ ၈၈၅ သန်းတန်ဖိုးရှိ ပရ ဆေးကုန်ကြမ်း   တန်ချိန် ၁၂၈၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။     တင်ပို့ခဲ့တဲ့ ပရဆေးအမယ်တွေကတော့ ကြက်ဆူ စေ့၊ သီဟိုဠ်စေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊   ကြောင်လျာစေ့၊ မျောက်ဥ၊ မာလာဥ၊  ဝဥခြောက်၊  စကားပန်းပွင့် ခြောက်၊ သရက်ပြားခြောက်၊ လက်ပံပွင့်  ခြောက်၊ ဆီးသီးခြောက်၊ ဆီးဆံ၊ တော ဂျူးမြစ်၊ ဒရင်ကောက်မြစ်၊  ကွမ်းစား ဂမုန်းနဲ့ တောင်လုံးကျော်တို့ဖြစ်ပါတယ်။ အလားတူ  ချင်းရွှေဟော်နယ်စပ်စခန်း မှလည်း     ကန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်းဖိုးရှိ ကြက်ဆူ တန်ချိန် ၉၀၀ တင်ပို့နိုင်ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း နွယ်ချို ၁၉ တန်ကျော်ကို ကန်ဒေါ်လာ ၁၅၉၄၂ ဖိုးတင်ပို့ခဲ့တာ တွေ့ရပါတယ်။
ပရဆေးကုန်ကြမ်း တင်ပို့မှုစုံလင် ခဲ့သလို မြန်မာ-အိန္ဒိယနယ်စပ်ရှိ  တမူး စခန်းမှလည်း    ကန်ဒေါ်လာ ၂၀၀၉ တန်ဖိုးရှိတဲ့ တောင်လုံးကျော် ၁၁ တန် တင်သွင်းလာခဲ့ပါတယ်။ ယခင်တစ်ပတ် ကလည်း တမူးမှ  တောင်လုံးကျော် ၅ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
မော်မော်အောင်