Main menu

Background

SMIDB ဘဏ်ချေးငွေနှင့် နယ်မြို့များ၏ SME အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ ဖြိုးမှုရှေ့အလားအလာ

Fri, 06/19/2015 - 20:55 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစား အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဘဏ်SMIDB ဘဏ် အနေဖြင့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် မေလအထိ SMIDB စက်မှုလုပ်ငန်းရှင် ၄၃ ဦးသို့ SME ချေးငွေ ကျပ်သိန်းပေါင်း  ၁၁၁၅၀ ကို ထုတ်ချေးထားပြီးဖြစ်သလို၊ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင်လည်း ချေးငွေ ဆက်လက်ထုတ်ချေးနိုင်ရန် ဆောင်ရွက်ပေး လျက်ရှိကြောင်း တိုင်းစက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ သိရှိရပါတယ်။
SMIDBဘဏ်မSME ချေးငွေထုတ်ချေးရာတွင် စက်မှုလုပ်ငန်းရှင် အတွက် အခြားဘဏ်များထက် အားသာချက်များမှာ တစ်နှစ်လျှင်အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့်ရရှိခြင်း၊ ချေးငွေအား ၃ နှစ်အထိ တစ်ဆက်တည်း အရင်းအနှီး လုပ်ကိုင်နိုင်ခြင်း၊ သုံးလတစ်ကြိမ်သာ အတိုးသွင်းရခြင်းတို့အပြင် သုံးနှစ်ပြည့်ပါက အရင်းအတိုးပေးဆပ်ပြီး နောက်ထပ် နှစ်နှစ် သက်တမ်းတိုး ချေးငွေရယူနိုင်ခြင်းတို့ကြောင့် စက်မှုလုပ်ငန်းရှင်များအနေဖြင့် လုပ်သာကိုင် သာရှိသည့်ချေးငွေဖြစ်ကြောင်း သိရပါတယ်။
SME ချေးငွေအား တိုင်းဒေသကြီးအစိုးရထံသို့ တင်ပြလျှောက်ထား ရာတွင် လုပ်ငန်းရှင်များက အကူအညီတောင်းခံပါက ကုန်သွယ်မှုမြှင့်တင်ရေး နှင့်စားသုံးသူရေးရာဦးစီးဌာနနှင့်  စက်မှုကြီးကြပ်ရေးနှင့်  စစ်ဆေးရေးဦးစီး ဌာနတို့မှ  လျှောက်လွှာတင်ရမည့်လိုအပ်သည့်  အချက်အလက်များအား စိစစ်အကူအညီပေးနေပါတယ်။ မြို့နယ်များတွင်ရှိ စက်မှုလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လုပ်ငန်းများ တိုးချဲ့ရာတွင်ဖြစ်စေ၊ အဆင့်မြှင့်တင်ရာတွင် ဖြစ်စေ အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်နိုင်မှာဖြစ်သဖြင့် ြှှီုြ ဘဏ်အားSME လုပ်ငန်းရှင်များမှ ဝမ်မြောက်စွာကြိုဆိုကြောင်း  သိရပါ တယ်။ နယ်မြို့များတွင်လည်း စက်ရုံ၊ အလုပ်ရုံများတိုးချဲ့ခြင်း၊ အဆင့်မြှင့် တင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီးSMIDB  ဘဏ်တွင်လည်းSME ဘဏ် ချေးငွေများ လျှောက်ထားလျက်ရှိကြောင်း သိရပါတယ်။
SMIDB  ဘဏ်အနေနဲ့လည်း ဘဏ်မှ  ယခုထက်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေမှုများအား မြို့နယ်များသို့ သိရှိနိုင်ရန် လက်ကမ်းစာစောင်များ၊ အသိပညာပေးဟောပြောပွဲများ အခါအားလျော်စွာ ဆောင်ရွက်ပေးသင့် ကြောင်းနဲ့ နယ်မြို့များမှ လုပ်ငန်းရှင်များSME ချေးငွေလျှောက်ထားရာတွင် အချက်အလက်အပြည့်အစုံပါရှိပြီး တိုင်းဒေသကြီးအစိုးရထံမှာ စီစစ်ခွင့်ပြုထောက်ခံချက်ရရှိထားတဲ့ လုပ်ငန်းရှင်များရဲ့ ချေးငွေလျှောက်ထားမှုအားSMIDB   ဘဏ်အနေဖြင့် ကြန့်ကြာမှုမရှိစေဘဲ မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးနိုင်ပါက နောင်ကာလတွင် နယ်မြို့များမှSMEစက်မှုလုပ်ငန်းရှင်များ၏ အားကိုးအားထားပြုရာ ဘဏ်ကြီးဖြစ်လာပြီး နယ်မြို့များမှ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများလည်း မြို့ပြမှ စက်မှုလုပ်ငန်းများနည်းတူဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။
    ကျော်စိန်ဌေး-ကောလင်း