Main menu

Background

ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်အဝင်တော်တော်လေးလျော့နည်း

Tue, 06/23/2015 - 21:01 -- journal_editor

ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်အဝင်တော်တော်လေးလျော့နည်း
ဇွန်လ ၇ ရက်မှ ၁၃ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၁၆၄၄၈   တန်ဖိုး ရှိ  ဓာတ်ဆီ ၃ ဒသမ ၅၂ တန် နဲ့ကန်ဒေါ်လာ ၂၂၁၈၉၇၄ တန်ဖိုးရှိ ဒီဇယ် ၃၀ ဒသမ ၃၇၈ တန်ကို ပင်လယ်ရေကြောင်း  ကုန်သွယ်မှုလမ်းမှ တင်သွင်းရန် သွင်းကုန်လိုင် စင်လျှောက်ထားခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ၂၁၄ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန် ချိန်၂၀၀ ကျော် အဝင်လျော့ခဲ့တယ် လို့ သိရပါတယ်။ ဒီဇယ်ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၁၄၀ ကျော်ဝင်လာ ခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ၁၁၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ်ဒီဇယ်ရောဓါတ်ဆီ ပါ အဝင်လျော့ခဲ့ပါတယ်။
ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာဇွန်လ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်းရောင်းချနေတဲ့  ဓာတ်ဆီ၊ ဒီဇယ်ဈေးများကမော်လမြိုင်နဲ့   တောင်ကြီးမှာ ဈေးငြိမ်နေပြီး ရန်ကုန်မှာ  ဈေးမြင့်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ်ပြင်ပမှာ လက်လီ ရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါ ဈေးများမှာလည်း ယခင်တစ်ပတ် ဈေးနှင့် နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်မှာ ဓာတ်ဆီဈေးအပြောင်းအလဲ သိပ်မရှိပေမယ့်  ဒီဇယ်က ဈေးနည်းနည်းမြင့် လာတယ်လို့ သိရပါတယ်။
 ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့   ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့အောက်တိန်းမှာဈေးငြိမ်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာရောင်းချနေတဲ့ဈေးမှာဒီဇယ်၇၃၀ ကျပ် ၊ အောက်တိန်း (၉၂) ၇၈၀ ကျပ်၊ အောက်တိန်း (၉၅)  ၈၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၈၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လိုသိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ပီပါ ဈေးများမှာ ဇွန်လ ၁၅ ရက်နေ့ ဓာတ်ဆီ ဝယ်ဈေး ၁၄၂၀၀၀ ကျပ်၊ရောင်းဈေး ၁၄၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၁၇ ရက်မှာ ဝယ်ဈေး၊ ရောင်းဈေး၂၀၀၀ ကျပ်ဈေးကျခဲ့ပေမယ့် ၁၈ ရက်နေ့တွင် ဝယ်ဈေး၊ ရောင်းဈေး ၅၀၀၀ ကျပ်ဈေးပြန်မြင့်လာခဲ့တယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးမှာဇွန်လ ၁၅ ရက်မှာ ဝယ်ဈေး ၁၅၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၅၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ရာ တစ်ပတ်လုံး ဒီဈေးနဲ့ပဲအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန် ဝယ် ဈေး၊ရောင်းဈေးများမှာ ဓာတ်ဆီဈေးက တစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ် လို့ဓါတ်ဆီ၊ဒီဇယ်အရောင်းအဝယ်သမား တစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။          
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ ဓာတ်ဆီနဲ့ အောက်တိန်းမှာ ဈေးအနည်းငယ်ကျလာတယ်လို့သိရပါတယ်။ပုဂ္ဂလိက စက်သုံး ဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၇၇၀ ကျပ်၊အောက်တိန်း ၈၀၀ ကျပ်၊ ဒီဇယ် ၇၃၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ပြင်ပလက်လီဆိုင်များမှာအရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာဇွန်လ ၁၅ ရက် မှာ ဒီဇယ်ဝယ်ဈေး ၁၅၁၀၀၀ ကျပ်၊ရောင်းဈေး ၁၅၄၀၀၀ ကျပ်နဲ့အရောင်းအဝယ် ဖြစ်ရာမှ နောက်ရက်များတွင် ဆက်တိုက်ဈေးပြန်ကျခဲ့တယ်လို့ သိရပါတယ်။ဇွန်လ ၁၈ ရက်အရောင်းအဝယ်ဖြစ်တဲ့ ဒီဇယ်ဈေးမှာ ဝယ်ဈေး ၁၄၈၀၀၀ ကျပ်၊ ရောင်းဈေး ၁၅၁၀၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇွန်လ ၁၅ ရက်နေ့ ဝယ် ဈေး ၁၅၃၀၀၀ ကျပ်၊ရောင်းဈေး ၁၅၆၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ခဲ့ပြီး၁၈ ရက် တွင် ဝယ်ဈေး၊ရောင်းဈေး ၁၀၀၀ကျပ်ဈေးကျခဲ့တယ်လို့ သိရပါတယ်။  ယခင်တစ် ပတ်ဈေးနဲ့ ယှဉ်ရင်ဒီဇယ်ဈေးကျခဲ့ပြီး ဓာတ်ဆီဈေးနည်းနည်းမြင့်ခဲ့တယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၃၄၀၀ ကျပ်၊ ဓာတ်ဆီ ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ  ပုဂ္ဂလိက  စက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၂၈၅ ကျပ်၊ အောက်တိန်း ၃၄၆၅ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၃၀၀ ကျပ်၊အောက်တိန်း ၃၅၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရ ပါတယ်။
မကွေးဈေးကွက်မှာ ဓာတ်ဆီ၊ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် စက်သုံးဆီဈေးများ ငြိမ်နေတယ်လို့ သိရပါတယ်။ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၄၀၀ ကျပ်၊ ဒီဇယ်၃၃၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။  ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၁၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။
MIRT-DOT