Main menu

Background

ပျားကောင်ပွားများရေးပျားမွေးမြူသူများကြိုးစား

Thu, 06/25/2015 - 19:12 -- journal_editor

ယင်းမာပင်ခရိုင်အတွင်းမှာ ဆည်ရေနှင့်ရေလျှံတွင်းများ ချောင်းရေ များဖြင့် နွေနှမ်း၊ မိုးနှမ်းများ ရိတ်သိမ်းစိုက်ပျိုးခြင်းလုပ်ငန်းကို ဆောင်ရွက် နေကြရာမှာ အချို့နွေနှမ်းကို စောစွာစိုက်ပျိုးသူများက ရိတ်သိမ်းကြ နောက်ကျသူများ ၏နှမ်းခင်းများ သီးပွင့်နေကြ၊ မိုးနှမ်းများလည်း ဆက် လက်စိုက်ပျိုးခြင်းဖြင့် လုပ်ငန်းလည်ပတ် လျက်ရှိပါတယ်။သီးနှံများအဆက် မပြတ် ဖူးပွင့်သီးနေချိန်မှာ ရွှေ့ပြောင်းပျားမွေးမြူ ရေးသမားများလာရောက်၍ ပျားကောင်များ ပွားခြင်းလုပ်ငန်းကို လုပ်ကိုင် နေကြပါတယ်လို့ ပုလဲမြို့နယ် ရာပြည့်ပျားမွေးမြူရေးလုပ်ကိုင်နေသူ ဦးလှမျိုးအောင်က ပြောပြပါတယ်။ ယခုအချိန်မှာ ပျားရည်ထုတ်လုပ်ခြင်း လုပ်ငန်းကိုမလုပ်ဘဲ ပျားများ ပွားများအောင် လုပ် ကိုင်နေကြရာမှာ ပျား သလက်အတွင်းမှာရှိတဲ့ ပျားကောင်ဥများကို မွှားကောင်များမှ ဝင်ရောက် ကိုက်ဖောက်စားသည့်အတွက် ပျားကောင်ဘဝမရောက်ဘဲ သေဆုံးသွားသော ပျားလောင်းများကို ဥအိမ်အတွင်းမှ ဖယ်ရှားပေးနေ ရကြောင်း၊ မွှားသတ် ဆေးရှိသော်လည်း ရာသီဥတုပူပြင်းသောကြောင့် ပျားငယ်များပါသေမှာ စိုးသောကြောင့် ပိုးသတ်ဆေးမသုံးကြောင်း ရှင်းပြပါတယ်။
    ယင်းမာပင်ခရိုင်မှာ ဦးလှမျိုးအောင်ကဲ့သို့ ရွှေ့ပြောင်းပျားမွေးမြူ သူအများအပြားရှိရာ ဦးမျိုးမြင့်ပျားသေတ္တာ ၃၅၀ လုံး၊ ဦးတူး (ဘုတလင်) ၂၅၀ လုံး၊ ဦးသန်းဌေး ၄၀၀ လုံး၊ ဦးအောင်ကိုဝင်း ၂၅၀ လုံး၊ မိုးမာန်အောင် ပျားမွေးမြူရေး အဖွဲ့ ၃၀၀ လုံးဖြစ်ကြပြီး၊ ပျားရည်ပိဿာနည်းပါက ဈေးနှိမ် ခံရကာ ပျားရည်ပိဿာများများရှိပါက ဈေးပိုရကြောင်းနှင့် ပျားဖယောင်း တစ်ပိဿာကို ၇၀၀၀ ကျပ်ရောင်းရကြောင်း ချေးငွေ အတိုးနှုန်းကြီး၍ ဈေးနှိမ်ခံပြီး ရောင်း ရသောကြောင့် ပျားမွေးမြူသူများမှာလည်း အခက်အခဲ များကြုံတွေ့နေရကြောင်း သိရပါတယ်။                  
  သန်းပို - ယင်းမာပင်