Main menu

Background

ကျောက္ကာ ယွန်းထည်လုပ်ငန်း ဒုတိယအကြိမ် အရင်းအတိုးဆပ်ပြီး တတိယအကြိမ်အတွက် ချေးငွေတင်

Thu, 06/25/2015 - 19:13 -- journal_editor

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် ရဲ့ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ကော်မတီအနေနဲ့ ဒေသခံပြည်သူများ၊ နည်းပညာ ဈေးကွက်နဲ့ အရင်းအနှီးရရှိရေး၊ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရေးတို့ကို အင်တိုက်အားတိုက် စည်းရုံးဆောင်ရွက်လျက်ရှိရာ မုံရွာမြို့နယ် ကျောက္ကာ (မြောက်) ကျေးရွာရှိ ယွန်းထည်လုပ်ငန်းများ စဉ်ဆက် မပြတ် ရှင်သန်ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်တဲ့ အရင်းအနှီးများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ဇေယျာပဒေသာဖောင်ဒေးရှင်းနဲ့ ချိတ်ဆက်ပြီး ချေးငွေ ရရှိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။
မုံရွာမြို့နယ် ကျောက္ကာ (မြောက်)ရွာရှိ  ကျေးရွာ တစ်ရွာ ထုတ်ကုန်တစ်ခု OVOP လုပ်ငန်းတစ်ခုဖြစ်တဲ့ ယွန်းလုပ်ငန်းရှင်နဲ့  ယွန်းထည်လုပ်သားများအတွက် လိုအပ်တဲ့ အရင်းအနှီးအဖြစ် ဇေယျာပဒေသာဖောင် ဒေးရှင်းမှ  ပထမအကြိမ် ကျပ် ၃၃၅ သိန်း၊ ဒုတိယ အကြိမ် ကျပ် ၄၄၅ သိန်း ထုတ်ချေးပေးခဲ့ရာ ယခုအခါ ဒုတိယအကြိမ်ချေးငွေကာလ ၆ လပြည့်ပြီဖြစ်သဖြင့် အရင်း ကျပ် ၄၄၅ သိန်းနဲ့ အတိုး ၃၆ ဒသမ ၀၄၅ သိန်း စုစုပေါင်း အတိုးအရင်း ၄၈၁ ဒသမ ၀၄၅ သိန်းကို ဇွန် ၁၉ ရက်က အပြေအကျေပေးသွင်းခဲ့ပြီး တတိယအကြိမ်အဖြစ် ယွန်းလုပ်ငန်းရှင် ၂၂ ဦးနဲ့ ယွန်းလုပ်သား ၅၅ ဦးတို့အတွက်ကျပ် ၄၄၅ သိန်းကို ထပ်မံထုတ် ချေးနိုင်ရန်အတွက် ဇေယျာ ပဒေ သာ ဖောင်ဒေးရှင်းသို့ တင်ပြထားလျက်ရှိတယ်လို့ ကျောက္ကာ (မြောက်) ကျေးရွာ ယွန်းထည်လုပ်ငန်းအစုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမိုး ကျော်ထံမှ သိရပါ တယ်။              

ထွန်းလှိုင် - မုံရွာ