Main menu

Background

ဓာတ်ဆီ၊ ဒီဇယ် တန်ချိန်၁၀၁၈တန်ကျော်ဝင်

Mon, 06/29/2015 - 21:27 -- journal_editor

ဇွန် ၁၄ ရက်မှ  ၂၀ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၈၃၇၇၉၇၄ တန်ဖိုးရှိ ဓာတ်ဆီ ၂၇၃ ဒသမ ၀၅၇ တန်နဲ့ ကန်ဒေါ်လာ ၅၀၅၇၀၅၀၆ တန်ဖိုးရှိ ဒီဇယ် ၇၄၄ ဒသမ ၉၇၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်း ရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ယခင်တစ်ပတ် ဓါတ်ဆီ အဝင်မှာ ၃ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန်၂၇၀ ကျော် အဝင်ပို ခဲ့တယ်လို့ သိရပါတယ်။ဒီဇယ်ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၃၀ ကျော်ဝင် လာခဲ့တာကြောင့်  ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၇၁၀ ကျော် အဝင်ပိုခဲ့တယ် လို့သိရပါတယ်။ဒီတစ်ပတ်ဒီဇယ်ရောဓါတ်ဆီပါအဝင်ပိုခဲ့ပါတယ်။
ပြည်တွင်း ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဇွန်လ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ အတွင်းရောင်းချနေတဲ့ ဓာတ်ဆီ၊ဒီဇယ်ဈေးများက မော်လမြိုင်နဲ့တောင်ကြီးမှာ ဈေး ငြိမ်နေပြီး  ရန်ကုန်မှာဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပြင်ပမှာ လက်လီ ရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါဈေးများမှာလည်း ယခင်တစ်ပတ် ဈေးနှင့် နှိုင်း ယှဉ်ကြည့်ရင် ရန်ကုန်မှာ ဓာတ်ဆီရော  ဒီဇယ်ပါ ဈေးနည်းနည်းကျ လာတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့   ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့အောက်တိန်းမှာဈေးကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ  ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ  ရောင်းချနေတဲ့ဈေးမှာဒီဇယ်၇၁၀ ကျပ်၊အောက်တိန်း (၉၂) ၇၅၀ ကျပ်၊  အောက်တိန်း  (၉၅)၈၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ပီပါဈေးများမှာ ဇွန်လ ၂၂ ရက်နေ့ ဓာတ်ဆီ ဝယ်ဈေး ၁၄၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၄၂၀၀၀ ကျပ်နဲ့ တစ်ပတ်လုံးဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီဇယ်ဈေးမှာ ဇွန်လ ၂၂ ရက်မှာ ဝယ်ဈေး ၁၅၀၀၀၀ ကျပ်၊ ရောင်း ဈေး ၁၅၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ရာ၂၅ ရက်နေ့တွင် ဝယ်ဈေး၁၄၂၀၀၀ ကျပ်၊ ရောင်းဈေး၁၄၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။တစ်ဂါလန် ဝယ်ဈေး၊ ရောင်းဈေးများမှာ ဓာတ်ဆီဈေးက တစ်ဂါလန် ၄၀၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၅၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ် လို့ဓါတ်ဆီ၊ဒီဇယ်အရောင်း အဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။          
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင် ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၊  အဆင့်မြင့်ဒီဇယ်၊ ဓာတ်ဆီနဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။   ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၇၇၀ ကျပ်၊  အောက်တိန်း ၈၀၀ ကျပ်၊ ဒီဇယ် ၇၃၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ပြင်ပလက်လီ ဆိုင်များမှာအရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇွန် ၂၂ ရက်နေ့မှာ ဒီဇယ် ဝယ်ဈေး ၁၄၂၀၀၀ ကျပ်၊ရောင်းဈေး ၁၄၅၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ရာတစ် ပတ်လုံး ဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇွန် ၂၂ ရက်နေ့ ဝယ်ဈေး၁၄၂၀၀၀ ကျပ်၊ရောင်းဈေး ၁၄၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၂၄ ရက်တွင် ဝယ်ဈေး၁၄၈၀၀၀ ကျပ်၊ရောင်းဈေး ၁၅၁၀၀၀ ကျပ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင်ဒီဇယ်ရော ဓါတ်ဆီပါ ဈေးနည်းနည်း ကျခဲ့တယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၃၄၀၀ ကျပ်၊ ဓာတ်ဆီ ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ   ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်ပြီးအရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၂၈၅ ကျပ်၊ အောက်တိန်း ၃၄၆၅ ကျပ်နဲ့ရောင်းချတယ်လို့ သိရပါ  တယ်။  ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်တစ်ဂါ လန် ၃၃၀၀ ကျပ်၊  အောက်တိန်း ၃၅၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။
မကွေးဈေးကွက်မှာ ဓာတ်ဆီ၊  ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် စက်သုံးဆီဈေးများ ငြိမ်နေတယ်လို့ သိရပါတယ်။ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၄၀၀ ကျပ်၊ ဒီဇယ်၃၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရှိရပါတယ်။  ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။    
MIRT-DOT