Main menu

Background

Myanmar Textile & Garment 2015 ၂၀၁၅ ကုန်စည်ပြပွဲကျင်းပ

Tue, 06/30/2015 - 20:53 -- journal_editor

 

Myanmar Textile & Garment 2015 ဖွင့်ပွဲအခမ်းအနားအား ရန်ကုန် မြို့၊ ရှင်စောပုလမ်းရှိMyanmar Event Park (MEP)  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့် တိုင်းဒေသ ကြီးဝန်ကြီးများ၊Myanmar Event Park (MEP)  ဥက္ကဋ္ဌ ဦးဝင်းအောင်၊ အထည်ချုပ်လုပ်ငန်းရှင် များအသင်း၊ ဥက္ကဋ္ဌ ဦးမြင့်စိုး၊ ထိုင်ဝမ် အခြေစိုက် Chanchao International Co.,Ltd    နှင့်Yoker Trade & Market-ing Service Co.,Ltd  မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးကြပါသည်။ ပြပွဲ၌ ဂျာမနီ၊ တရုတ်၊ တောင်ကို ရီးယား၊ ဂျပန်၊ ထိုင်းနိုင်ငံတို့၏ ကုမ္ပဏီ (၆)ခုမှ ပြခန်းပေါင်း (၈၀)ကျော်တွင် ဇာထိုး ပန်းထိုးစက်ပစ္စည်းများ၊ စက်ချုပ် လုပ်ငန်းသုံးစက်များ၊ အထည်ချုပ်လုပ်ငန်း သုံးစက်ကိရိယာများ ပါဝင်ပြသကြပါ သည်။ လုပ်ငန်းရှင်များအနေဖြင့် လို အပ်သောစက်ကိရိယာများ၊ အသုံး အဆောင်များအား တစ်နေရာတည်း၌ လေ့လာနိုင်ပြီး အသုံးဝင်မည့်ပစ္စည်း ကိရိယာများ ရွေးချယ်မှာယူနိုင်သည့် အခွင့်အလမ်းကောင်းတစ်ခုနှင့် နည်း ပညာအသစ်များရရှိနိုင်သည့်အခွင့် အရေးတစ်ရပ်ဖြစ်ပါသည်။ အဆိုပါ ကုန်စည်ပြပွဲကို  ဇွန်လ ၂၆ ရက်မှ ၂၉ ရက်နေ့ အထိ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ အိမ်တွင်း လုပ်ငန်း ရှင်များ၊ စက်မှုလုပ်ငန်းရှင်များ လာ ရောက်လေ့လာခဲ့ကြကြောင်း သိရှိရပါ သည်။                              
   KMT