Main menu

Background

မြန်မာ့သရက်သီးပွဲတော်မှသည် ပြည်တွင်းပြည်ပဈေးကွက်ချဲ့ထွင်ရေးသို့

Tue, 06/30/2015 - 21:05 -- journal_editor

မြန်မာ့သစ်သီးဝလံများ ပြင်ပတင်ပို့မှုမှုကို လေ့လာရာမှာ သရက်သီး၊ ဖရဲသီးနှင့် သခွားမွှေးတို့က အများဆုံး တင်ပို့နိုင်တဲ့ အမယ် တွေဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာတယ်လို့ သိရပါတယ်။ ဒီအမယ် သုံးမျိုးထဲက သရက်သီးတစ်မျိုးတည်းရဲ့ တင်ပို့နိုင်မှုဟာ ယခင်ဘဏ္ဍာနှစ်တွေမှာ အမေရိကန် ဒေါ်လာ ဆယ် သန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ အမေရိ ကန်ဒေါ်လာ ၁၃ သန်း အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့တယ်လို့သိရပါ တယ်။ ပို့ကုန်အတွက် အလားအလာကောင်းများရှိနေတဲ့ မြန်မာ့ ထွက်ကုန်သရက်သီးကို အရည်အသွေးမြှင့်တင်ရန် ပြည်တွင်း/ပြည်ပဈေးကွက်တိုးချဲ့ရန်၊ သရက်စိုက် တောင်သူ များအားနည်းပညာ နဲ့ ဈေးကွက်သတင်းအချက်အလက် ဖြန့်ဝေချိတ်ဆက်ပေးရန်၊ မြန်မာ နိုင်ငံ၏ ပြည်ပပို့ကုန် တော်ဝင်သီးနှံအဖြစ် အောင်မြင်ဖြစ်ထွန်းစေ ရန်နဲ့ သရက်စိုက်တောင်သူများ၏ ဘဝကိုမြှင့်တင်ရန်စတဲ့ ရည်

ရွယ်ချက်တွေနဲ့ မြန်မာ့သရက်သီးပွဲတော်ကို မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့ သာကေတရှိ ရွှေပုဇွန်ခြံမှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFVP) မှ ကြီးမှူးပြီး ရန်ကုန်မြို့မှာ မြန်မာ့သရက်ပွဲတော်ကို ကျင်းပခဲ့တာဟာ ဒုတိယ အကြိမ်ကို ရောက်ခဲ့ပါပြီ ဒီပွဲတော်ကို မြန်မာ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဦးတည်ချက်အနေနဲ့ ဂျာမန်အစိုးရ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန (BMZ) ကိုယ်စားGIZ (the Deutsche Gesellschaft fur Internationale Zusammenarbeit (GIZ) GmbH) မှ ထောက်ပံ့ကူညီပေးပြီး ရွှေပုဇွန်ကိတ် နှင့် အအေး က ဒီပွဲတော်ကို လက်ခံကျင်းပပေးခြင်းဖြင့် ပံ့ပိုးခဲ့တယ်လို့ သိရပါ တယ်။
ဒုတိယအကြိမ် မြန်မာ့သရက်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို မေ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံ မြို့နယ်၊ မင်းနန္ဒာ လမ်းရှိ ရွှေပုဇွန်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အခွန်ဘုတ်အဖွဲ့ စီစစ် ကြပ်မတ်ရေး ဥက္ကဋ္ဌ သူရဦးသောင်းလွင်၊ နိုင်ငံတော် သမ္မတ၏ စီးပွား ရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာ စိန်လှဗိုလ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုး အောင်မြင့်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်း ရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုး သန်းမင်းဒင်နှင့် ဗဟိုအလုပ်အမှုဆောင်များGIZ နှင့်JETRO (Myanmar) ရုံးမှ တာဝန်ရှိသူများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပညာရှင်များ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်များ၊ သရက်သီးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်း ရှင်များ တက်ရောက်ခဲ့ကြပါတယ်။
သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချခြင်းမှ ပြည်ပဝင်ငွေရရှိမှုဟာ ဘဏ္ဍာနှစ်အလိုက် တိုးတက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မြန်မာ့သရက်သီးတင်ပို့မှုမှ နှစ်စဉ် ပြည်ပဝင်ငွေ တိုးတက်ရရှိလျက်ရှိပါကြောင်း၊ သရက်သီး အိတ်စွပ်နည်းပညာနှင့် ထုပ်ပိုးမှုအရည်အသွေး ကောင်းမွန်တိုးတက် လာမှုကြောင့် နိုင်ငံခြားဈေးကွက်က လက်ခံပြီး ဈေးနှုန်းမှာလည်း ပိုမိုရရှိလာပါကြောင်း၊ ဆေးတို့ခြင်း၊ ဆေးထိုးခြင်း စသည့် မသမာ သောနည်းလမ်းများကို ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ဖို့လိုအပ်ပြီး သြဂဲနစ်နည်းပညာနှင့် ထုတ်လုပ်ရောင်းချရေးအား တွန်းအားပေး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း၊ လက်ရှိတွင် တရုတ်ဈေးကွက်သို့ အဓိက တင်ပို့လျက်ရှိသော်လည်း အနာဂတ် ကာလများ၌ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ပါ ဈေးကွက် ဖြန့်ကျက်နိုင်အောင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဈေးကွက်သစ်များ ရှာဖွေသွားမည်ဖြစ်ပါကြောင်း၊ သရက်သီးစိုက်ပျိုးထုတ်လုပ်သူများအနေနှင့်လည်း သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ပါက ဈေးကွက်ပိုမို ကျယ်ပြန့် လာနိုင်ကြောင်း၊ နည်းပညာအကူအညီများ ပံ့ပိုးပေးသည့် GIZ နဲ့ ဈေးကွက် ဖြန့်ကျက်ရေးအတွက် ကူညီပံ့ပိုးပေးတဲ့JETRO  လို နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဖွင့်ပွဲမှာ စကားပြောကြားခဲ့ပါတယ်။
  ဝယ်လက်များနှင့်ချိတ်ဆက်နိုင်မှု
ဒီပွဲတော်မှာ သရက်သီးပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲ၊ စာတမ်း ဖတ်ပွဲ များ ပါဝင်ပြီး တောင်သူနဲ့ ဝယ်လက်များ တိုက်ရိုက်ဆွေးနွေးဝယ်ယူ နိုင်မယ့် အစီအစဉ်များ ပါဝင်တဲ့အတွက် ပွဲတော်ရဲ့ ပထမနေ့မှာပဲ စင်္ကာပူ နိုင်ငံမှ ဝယ်လက်များနဲ့ သရက်တောင်သူတို့ တိုက်ရိုက် တွေ့ ဆုံနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှ ဝယ်လက်လည်း လာရောက် ဆွေးနွေးရန် ကမ်းလှမ်းထားကြောင်းသိရပါတယ်။
သရက်သီးပြိုင်ပွဲ
ပြိုင်ပွဲမှာ သရက်စိုက်ဧက သုည ဒဿမ ၅ ဧကနဲ့ အထွက်နှုန်း တစ်ဧက သုည ဒဿမ ၅ တန် ထွက်တဲ့ ဘယ်ဒေသမှ သရက် တောင်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။ မြန်မာ ပြည်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ သရက်သီးအမျိုးအစားတွေထဲက စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ မြကျောက်၊ ရင်ကွဲ၊ အခြား သရက် (ပြည်တွင်း)နဲ့ ပြည်ပသရက်ဆိုပြီး သရက်-ခုနစ်မျိုးကို ပြိုင်ပွဲ ဝင်စေခဲ့ပါတယ်။ ပြိုင်ပွဲဝင် သရက်သီး တစ်မျိုးစီမှ ပထမဆု ကျပ် ၃၀၀၀၀၀ç ဒုတိယဆု ကျပ် ၂၀၀၀၀၀ç တတိယဆုကျပ် ၁၅၀၀၀၀ နဲ့ နှစ်သိမ့်ဆု ကျပ် ၁၀၀၀၀၀ စီကို သရက်သီးပွဲတော် ဖွင့်ပွဲအခမ်းအနား မှာ  ချီးမြှင့်ခဲ့ပါတယ်။
သရက်သီးပြပွဲ
အဆိုပါ သရက်သီးပွဲတော်မှာ သရက်သီးပြိုင်ပွဲမှ ဆုရတဲ့ သရက်သီးများကို အမျိုးအစားအလိုက် ဆုအလိုက် ခင်းကျင်းပြသ ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရှိ တိုင်းနဲ့ပြည်နယ်များမှ ထွက် ရှိတဲ့ သရက်သီးအမယ်ပေါင်း ၁၈၉ မျိုးကို ပြသခဲ့ပြီး ယခင်က မပြသခဲ့ ဘူးသော သရက်သီးမျိုးအသစ်၂၀ ကို ပါဝင်ပြသခဲ့တာကြောင့် မြန်မာ့သရက်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူများ လေ့လာကြည့်ရှုနိုင် ခဲ့ပါတယ်။
   သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန်ပြခန်း
    သရက်သီးတန်ဖိုးမြှင့်  ထုတ်ကုန်ပြခန်းမှာ  ရွှေပုဇွန်ကိတ် ကော်ဖီနှင့်အအေးမှ  သရက်သီးပွဲတော်  အထိမ်းအမှတ်အဖြစMango Decorated Cake, Mango Jelly Cake  အပြင် သရက်သီး ထည့်သွင်းပြုလုပ်ထားတဲ့ ကိတ်အမျိုးမျိုး၊ သရက်သီးရေခဲမုန့်၊ သရက်သီးခြောက်အမျိုးမျိုးနဲ့ သရက်ပျဉ်တို့ကို ပြုလုပ်ပြသထားပါ တယ်။ ပင်လယ်ပြာစားသောက်ကုန်လုပ်ငန်းမှလည်း ကိုယ်တိုင်စိုက် ပျိုးထုတ်လုပ်ထားတဲ့ စိန်တစ်လုံး အေးခဲသရက်သီးအနှစ်များနဲ့ သရက် သီးရေခဲမုန့်တို့ကို ရောင်းချခဲ့တဲ့အပြင် အေးခဲသရက်သီးအနှစ်နဲ့ ပြု လုပ်ထားတဲ့ သရက်သီးဖျော်ရည်များကို ပြပွဲလာဧည့်ပရိသတ်များကို တိုက်ကျွေးခဲ့ပါတယ်။
မြန်မာ့သစ်သီးဝလံများ ပြင်ပတင်ပို့မှုမှုကို လေ့လာရာမှာ သရက်သီး၊ ဖရဲသီးနှင့် သခွားမွှေးတို့က အများဆုံး တင်ပို့နိုင်တဲ့ အမယ် တွေဖြစ်ပြီး တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာတယ်လို့ သိရပါတယ်။ ဒီအမယ် သုံးမျိုးထဲက သရက်သီးတစ်မျိုးတည်းရဲ့ တင်ပို့နိုင်မှုဟာ ယခင်ဘဏ္ဍာနှစ်တွေမှာ အမေရိကန် ဒေါ်လာ ဆယ် သန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ အမေရိ ကန်ဒေါ်လာ ၁၃ သန်း အထိ တိုးမြှင့်တင်ပို့နိုင်ခဲ့တယ်လို့သိရပါ တယ်။ ပို့ကုန်အတွက် အလားအလာကောင်းများရှိနေတဲ့ မြန်မာ့ ထွက်ကုန်သရက်သီးကို အရည်အသွေးမြှင့်တင်ရန် ပြည်တွင်း^
ပြည်ပဈေးကွက်တိုးချဲ့ရန်၊ သရက်စိုက် တောင်သူများအားနည်းပညာ နဲ့ ဈေးကွက်သတင်းအချက်အလက် ဖြန့်ဝေချိတ်ဆက်ပေးရန်၊ မြန်မာ နိုင်ငံ၏ ပြည်ပပို့ကုန် တော်ဝင်သီးနှံအဖြစ် အောင်မြင်ဖြစ်ထွန်းစေ ရန်နဲ့ သရက်စိုက်တောင်သူများ၏ ဘဝကိုမြှင့်တင်ရန်စတဲ့ ရည် ရွယ်ချက်တွေနဲ့ မြန်မာ့သရက်သီးပွဲတော်ကို မေလ ၂၃ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့ သာကေတရှိ ရွှေပုဇွန်ခြံမှာ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (ြၤဠဏ) မှ ကြီးမှူးပြီး ရန်ကုန်မြို့မှာ မြန်မာ့သရက်ပွဲတော်ကို ကျင်းပခဲ့တာဟာ ဒုတိယ အကြိမ်ကို ရောက်ခဲ့ပါပြီ ဒီပွဲတော်ကို မြန်မာ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဦးတည်ချက်အနေနဲ့ ဂျာမန်အစိုးရ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန (ြဇြ) ကိုယ်စား ွှုဇ (အ့န ီနကအျခ့န ွနျနူူျခ့ေ်အ ်ကမ ှုညအနမညအေငသညေူန ဇကျောာနညမေဘနငအ (ွှုဇ) ွာဘံ) မှ ထောက်ပံ့ကူညီပေးပြီး ရွှေပုဇွန်ကိတ် နှင့် အအေး က ဒီပွဲတော်ကို လက်ခံကျင်းပပေးခြင်းဖြင့် ပံ့ပိုးခဲ့တယ်လို့ သိရပါ တယ်။
ဒုတိယအကြိမ် မြန်မာ့သရက်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို မေ ၂၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံ မြို့နယ်၊ မင်းနန္ဒာ လမ်းရှိ ရွှေပုဇွန်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ အခွန်ဘုတ်အဖွဲ့ စီစစ် ကြပ်မတ်ရေး ဥက္ကဋ္ဌ သူရဦးသောင်းလွင်၊ နိုင်ငံတော် သမ္မတ၏ စီးပွား ရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာ စိန်လှဗိုလ်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုး အောင်မြင့်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်း ရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုး သန်းမင်းဒင်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ွှုဇ နှင့် ဲနွျှွဥ (ပြညောမေ) ရုံးမှ တာဝန်ရှိသူများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပညာရှင်များ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင်များ၊ သရက်သီးစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်း ရှင်များ တက်ရောက်ခဲ့ကြပါတယ်။
သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချခြင်းမှ ပြည်ပဝင်ငွေရရှိမှုဟာ ဘဏ္ဍာနှစ်အလိုက် တိုးတက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် မြန်မာ့သရက်သီးတင်ပို့မှုမှ နှစ်စဉ် ပြည်ပဝင်ငွေ တိုးတက်ရရှိလျက်ရှိပါကြောင်း၊ သရက်သီး အိတ်စွပ်နည်းပညာနှင့် ထုပ်ပိုးမှုအရည်အသွေး ကောင်းမွန်တိုးတက် လာမှုကြောင့် နိုင်ငံခြားဈေးကွက်က လက်ခံပြီး ဈေးနှုန်းမှာလည်း ပိုမိုရရှိလာပါကြောင်း၊ ဆေးတို့ခြင်း၊ ဆေးထိုးခြင်း စသည့် မသမာ သောနည်းလမ်းများကို ဝိုင်းဝန်းထိန်းသိမ်းကြပ်မတ်ဖို့လိုအပ်ပြီး သြဂဲနစ်နည်းပညာနှင့် ထုတ်လုပ်ရောင်းချရေးအား တွန်းအားပေး ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါ ကြောင်း၊ လက်ရှိတွင် တရုတ်ဈေးကွက်သို့ အဓိက တင်ပို့လျက်ရှိသော်လည်း အနာဂတ် ကာလများ၌ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ပါ ဈေးကွက် ဖြန့်ကျက်နိုင်အောင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဈေးကွက်သစ်များ ရှာဖွေသွားမည်ဖြစ်ပါကြောင်း၊ သရက်သီးစိုက်ပျိုးထုတ်လုပ်သူများအနေနှင့်လည်း သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်နိုင်ပါက ဈေးကွက်ပိုမို ကျယ်ပြန့် လာနိုင်ကြောင်း၊ နည်းပညာအကူအညီများ ပံ့ပိုးပေးသည့် GIZ နဲ့ ဈေးကွက် ဖြန့်ကျက်ရေးအတွက် ကူညီပံ့ပိုးပေးတဲ့JETRO  လို နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ဖွင့်ပွဲမှာ စကားပြောကြားခဲ့ပါတယ်။
  ဝယ်လက်များနှင့်ချိတ်ဆက်နိုင်မှု
ဒီပွဲတော်မှာ သရက်သီးပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲ၊ စာတမ်း ဖတ်ပွဲ များ ပါဝင်ပြီး တောင်သူနဲ့ ဝယ်လက်များ တိုက်ရိုက်ဆွေးနွေးဝယ်ယူ နိုင်မယ့် အစီအစဉ်များ ပါဝင်တဲ့အတွက် ပွဲတော်ရဲ့ ပထမနေ့မှာပဲ စင်္ကာပူ နိုင်ငံမှ ဝယ်လက်များနဲ့ သရက်တောင်သူတို့ တိုက်ရိုက် တွေ့ ဆုံနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှ ဝယ်လက်လည်း လာရောက် ဆွေးနွေးရန် ကမ်းလှမ်းထားကြောင်းသိရပါတယ်။
သရက်သီးပြိုင်ပွဲ
ပြိုင်ပွဲမှာ သရက်စိုက်ဧက သုည ဒဿမ ၅ ဧကနဲ့ အထွက်နှုန်း တစ်ဧက သုည ဒဿမ ၅ တန် ထွက်တဲ့ ဘယ်ဒေသမှ သရက် တောင်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။ မြန်မာ ပြည်မှာ စိုက်ပျိုးထုတ်လုပ်တဲ့ သရက်သီးအမျိုးအစားတွေထဲက စိန်တစ်လုံး၊ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ မြကျောက်၊ ရင်ကွဲ၊ အခြား သရက် (ပြည်တွင်း)နဲ့ ပြည်ပသရက်ဆိုပြီး သရက်-ခုနစ်မျိုးကို ပြိုင်ပွဲ ဝင်စေခဲ့ပါတယ်။ ပြိုင်ပွဲဝင် သရက်သီး တစ်မျိုးစီမှ ပထမဆု ကျပ် ၃၀၀၀၀၀ç ဒုတိယဆု ကျပ် ၂၀၀၀၀၀ç တတိယဆုကျပ် ၁၅၀၀၀၀ နဲ့ နှစ်သိမ့်ဆု ကျပ် ၁၀၀၀၀၀ စီကို သရက်သီးပွဲတော် ဖွင့်ပွဲအခမ်းအနား မှာ  ချီးမြှင့်ခဲ့ပါတယ်။
သရက်သီးပြပွဲ
အဆိုပါ သရက်သီးပွဲတော်မှာ သရက်သီးပြိုင်ပွဲမှ ဆုရတဲ့ သရက်သီးများကို အမျိုးအစားအလိုက် ဆုအလိုက် ခင်းကျင်းပြသ ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရှိ တိုင်းနဲ့ပြည်နယ်များမှ ထွက် ရှိတဲ့ သရက်သီးအမယ်ပေါင်း ၁၈၉ မျိုးကို ပြသခဲ့ပြီး ယခင်က မပြသခဲ့ ဘူးသော သရက်သီးမျိုးအသစ်၂၀ ကို ပါဝင်ပြသခဲ့တာကြောင့် မြန်မာ့သရက်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူများ လေ့လာကြည့်ရှုနိုင် ခဲ့ပါတယ်။


   သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန်ပြခန်း
    သရက်သီးတန်ဖိုးမြှင့်  ထုတ်ကုန်ပြခန်းမှာ  ရွှေပုဇွန်ကိတ် ကော်ဖီနှင့်အအေးမှ  သရက်သီးပွဲတော်  အထိမ်းအမှတ်အဖြစ် ြညေါသ ီနခသမအေနိ ဃေုနယ ြညေါသ ဲနူူပ ဃေုန အပြင် သရက်သီး ထည့်သွင်းပြုလုပ်ထားတဲ့ ကိတ်အမျိုးမျိုး၊ သရက်သီးရေခဲမုန့်၊ သရက်သီးခြောက်အမျိုးမျိုးနဲ့ သရက်ပျဉ်တို့ကို ပြုလုပ်ပြသထားပါ တယ်။ ပင်လယ်ပြာစားသောက်ကုန်လုပ်ငန်းမှလည်း ကိုယ်တိုင်စိုက် ပျိုးထုတ်လုပ်ထားတဲ့ စိန်တစ်လုံး အေးခဲသရက်သီးအနှစ်များနဲ့ သရက် သီးရေခဲမုန့်တို့ကို ရောင်းချခဲ့တဲ့အပြင် အေးခဲသရက်သီးအနှစ်နဲ့ ပြု လုပ်ထားတဲ့ သရက်သီးဖျော်ရည်များကို ပြပွဲလာဧည့်ပရိသတ်များကို တိုက်ကျွေးခဲ့ပါတယ်။

တင်မာကြည်