Main menu

Background

ဈေးငြိမ်ပြီး အရောင်းအဝယ်ပုံမှန်ရှိနေဆဲဘိလပ်မြေ

Thu, 07/02/2015 - 21:03 -- journal_editor

ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-
ဇွန်လ ၁၄ ရက်မှ ၂၀ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှဘိလပ်မြေ အဝင်မှာ ၂၂၀၆၄ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်မှာ ၉၉၂၆၇  တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတန် ၇၇၂၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့  သိရပါတယ်။  နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ ၉၇၀၀  တန်ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ ၁၈၈၀၀  တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန် ၉၁၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ ရောနယ်စပ် လမ်းမှပါ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
ဒီတစ်ပတ်ဘိလပ်မြေဈေးကွက်အခြေအနေများမှာ-
မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ် အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ မိုးကာလရောက်လာတာကြောင့် အရောင်းအဝယ်က ဒီလိုပဲအေးတတ် တယ်။  ဒီရက်ပိုင်း မိုးကလည်းများတော့ အရောင်းက တော်တော်ကိုအေးတယ်လို့ သိရပါတယ်။ ဆင်နဲ့စိန်က ဈေးငြိမ်နေပေမယ့် ကြံ့(မြိုင်ကလေး)က ၅၀ ကျပ်ဈေးကျ လာတယ်လို့ သိရပါတယ်။ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ ဈေးက ဆင် (ထိုင်း) ၅၄၀၀ ကျပ်၊ကြံ့(မြိုင်ကလေး) ၅၁၀၀ကျပ်၊ စိန် ၅၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက  အရောင်းအဝယ်ပုံမှန်ရှိပေမယ့် ဈေးက တော့ အရင်တစ်ပတ်ဈေးနဲ့ပဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်တဲ့ဈေးမှာ ဆင်(ထိုင်း) ၆၀၀၀ကျပ်၊ စိန် ၅၉၀၀ ကျပ်၊ ကြံ့နှစ်ကောင် (အနီ) ၅၅၀၀ ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၅၂၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိပေမယ့် ဒီတစ်ပတ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ဆင်(ထိုင်း) ၇၃၀၀ ကျပ်၊ စိန်(ထိုင်း) ၇၃၀၀ကျပ်၊ အေသုံးလုံး ၅၇၀၀ကျပ်၊ မြန်မာ ဆင် ၅၁၀၀ကျပ်၊ ဆင်မင်း (ကျောက်ဆည်) ၅၀၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀ ကျပ်၊ မြင်းခေါင်း ၅၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်း ဝယ်ရေးဆိုင်မှ သိရှိရပါတယ်။