Main menu

Background

အရောင်းအေးနေတဲ့ ဓာတ်မြေသြဇာ

Fri, 07/03/2015 - 18:06 -- journal_editor

     ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၀ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ ၂၇၆၂ တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာတန်ချိန် ၇၇၁၉ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ ၄၉၅၀ တန်ကျော်အဝင်လျော့ ခဲ့တယ်လို့ သိရပါ တယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာ အဝင်မှာ  ၁၂၄၇၃ တန် ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ ၁၆၆၁၃  တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၄၁၃၀ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်း ရော နယ်စပ်လမ်းမှပါ အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မှာလည်း ရာသီချိန်ဖြစ်တာကြောင့် မြေသြဇာ အရောင်းလိုက်တယ် လို့ သိရပါတယ်။  ဒါပေမယ့် ယခင် တစ်ပတ်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ တစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာပုလဲ-အသေး၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်-တရုတ်) ၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၈၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) (ထိုင်း) ၃၁၈၀၀ ကျပ်၊ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ၂၉၅၀၀ ကျပ်၊ တီစူပါ၄၆% (သံကွင်း-တရုတ်) ၂၀၀၀၀ ကျပ် ၊တီစူပါ၁၆% (မြားကမ္ဘာ- တရုတ်) ၁၁၅၀၀ ကျပ်နဲ့အရောင်းအဝယ် ဖြစ်တယ်လို့ စုံစမ်းရရှိခဲ့ပါတယ်။
မန္တလေးဈေးကွက်မှာ မြေသြဇာက  အရောင်းအဝယ်အေးတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ   ငွေဈေးလည်း နည်းနည်းကျလာပြီး အရောင်းလည်း ပါးတာ ကြောင့်မြေသြဇာဈေးလည်း   နည်းနည်းကျလာတယ်လို့  သိရပါတယ်။ ယူရီး ယား(ရွှေတောင်) ၁၁၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး) ၁၀၀၀ ကျပ်၊တီစူပါ ၄၆%၆၀၀ ကျပ်၊ တီစူပါ ၁၆% ၃၀၀ ကျပ်နဲ့  ကွန်ပေါင်း ၁၀း၁၀း၅ က၁၁၀၀ ကျပ်ဈေး ကျခဲ့ တယ်လို့ သိရပါတယ်။  ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ  ယူရီးယား (ပန်းဖူး-တရုတ်) ၂၂၀၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၄၀၀ ကျပ်၊ တီစူပါ (GTSP  ၄၆%-တရုတ်) ၁၉၆၀၀ ကျပ်၊  တီစူပါ (GSSP ၁၆%-တရုတ်) ၉၉၀၀ ကျပ်၊တီစူပါ GSSP ၁၂%-တရုတ်) ၉၃၀၀ ကျပ်၊ကွန်ပေါင်း ၁၀း၁၀း၅ ၁၃၅၀၀ ကျပ်ဈေးရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်
တောင်ကြီးဈေးကွက်မှာ ရာသီချိန်မဟုတ်တာကြောင့်  မြေသြဇာ အရောင်း အဝယ်ပါးတယ်လို့ သိရပါ တယ်။   ဒီတစ်ပတ်မှာ မြေသြဇာဈေးများ နည်းနည်း ကျလာတယ်လို့ဆိုပါတယ်။ ယူရီးယားက ၇၀၀ ကျပ်၊ တီစူပါက ၂၀၀ ကျပ်၊ ဓာတ် ဆားနဲ့ ယူရီးယား (ယူအေအီး) က ၅၀၀ ကျပ်၊ မြားကမ္ဘာက   ၉၀၀ ကျပ် ၊ တီစူပါ ၁၅ ပတ်လည်က ၁၀၀၀ ကျပ်ဈေးကျခဲ့တယ်လို့သိရပါတယ်။  ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)  ၂၂၈၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂၈၀၀ ကျပ်၊   ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)၂၃၃၀၀ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၁၀၈၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၁၁၄၀၀ ကျပ်၊ တီစူပါ ၁၅ ပတ်လည် (တရုတ်) ၃၇၀၀၀ ကျပ်၊ တီစူပါ  ၁၀း၁၀း၅ (တရုတ်) ၁၅၇၀၀ကျပ်၊  ဓာတ်ဆား (တရုတ်)  ၁၆၅၀၀ ကျပ်၊   ပိုတက် (တရုတ်)   ၂၄၀၀၀ ကျပ်၊   ယူရီးယား (ယူအေအီး) ၂၁၀၀၀ ကျပ်၊ မြားကမ္ဘာ ၁၅၃၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်တယ် လို့ ဈေးကွက်အတွင်းမှ  စုံစမ်းသိရပါ တယ်။
ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ်  မြေသြဇာက အရောင်းအဝယ်အေးပြီး ဈေးတွေ နည်းနည်းကျလာတယ်လို့သိ ရပါတယ်။ ယူရီးယားက ၁၂၀၀ ကျပ်၊ တီစူပါက  ၁၀၀   ကျပ်၊    ကွန်ပေါင်း က၂၅၀၀ ကျပ် ဈေးကျခဲ့တယ်လို့ သိရ ပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ ယူရီးယား (ရွှေတောင် -တရုတ်) ၂၁၃၀၀ ကျပ် ၊ယူရီးယား (နေရွက်လှေ-တရုတ်) ၂၁၃၀၀ ကျပ်၊ တီစူပါ(သံကွင်း-တရုတ်) ၂၀၂၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ)၂၃၀၀၀ ကျပ်၊ ကွန် ပေါင်း(နေရွက်လှေ- တရုတ်) ၁၅း၁၅း ၁၅ ၃၄၀၀၀ကျပ် ၊ကွန်ပေါင်း ၂၅းရး၇ (တရုတ်) ၃၁၂၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်း မှ စုံစမ်းသိရှိရပါတယ်။