Main menu

Background

ရှမ်းနနွင်းဈေးကွက်မှာ ပုံမှန်သာ အရောင်းအဝယ်ဖြစ်

Fri, 07/03/2015 - 18:07 -- journal_editor

ရှမ်းနနွင်းကတော့ ပုံမှန်သာအရောင်းအဝယ်ဖြစ်နေပါတယ်။ အဝင်ကတော့ နည်းသွားပါပြီ။ တောင်သူတွေလက်ထဲမှာ ကုန်သလောက်ဖြစ်သွားပြီး လှောင်လက် တွေဆီမှာတော့ အနည်းငယ်သာကျန်ရှိနေ တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ နနွင်းကို တစ်ခါတည်းများများစားစား ရောင်းရတာမျိုး  အနည်းငယ်သာရှိခဲ့ပြီး၊ ဈေးပတ် သမားတွေနဲ့ စစ်တွေ၊ မုံရွာဝယ်လက်တွေက တစ်ခါဝယ်ရင် နည်းနည်းနဲ့ ဝယ်ယူနေ လို့ နေ့စဉ်၊ အပတ်စဉ်တော့ အရောင်းအဝယ်ဖြစ်နေတယ်လို့  သိရပါတယ်။
ဟင်းခတ်အမွှေးအကြိုင်အပြင် ကျန်းမာရေးအတွက် ဆေးဖော်ဖို့လည်း ဝယ် ယူနေလို့ အရင်နှစ်တွေထက်တော့ ရောင်းနေရတယ်လို့လည်း  နနွင်းပွဲရုံတွေက သိရပါတယ်။ ပင်လောင်းနနွင်းစတွေကတော့ အောင်ပန်းဈေးကွက်ကို သိပ်ပြီးမဝင် လာတော့ပါဘူး။ အရင်နှစ်တွေကလည်း လိန်းလီကတစ်ဆင့် စီးဆင်းသွားတယ်လို့ သိရပါတယ်။ ပင်လောင်းနနွင်းက နှစ်တိုင်းအရောင်းထိုင်း ခဲ့တော့ ဒီနှစ်မှာလည်း အစိုက် နည်းသွားပါတယ်။ ပင်လောင်းစတွေက သီးသန့်စိုက်ပျိုးမှုနည်းပြီး၊ သဘာ၀ အလျှောက် တောထဲမှာရှိတဲ့   နနွင်းကို ဖော်ကြတာကြောင့် အကောင်းကနည်းပြီး ညံ့စသာများပါတယ်။
ဒါကြောင့် ဈေးကွက်သိပ်မဝင်ပါဘူး၊ ခြင်ဆေးခွေအဖြစ်ရယ်၊ အမှုန့်ကြိတ်တဲ့ အခါမှာ ထိပ်စတွေနဲ့ အနည်းငယ်ရောပြီး ကြိတ်တာရယ်အတွက်သာ ဝယ်ယူမှုရှိပါ တယ်။ အောင်ပန်းဈေးကွက်မှာ နနွင်း တစ်ပိဿာပေါက်ဈေးက အနိမ့်ဆုံး ၁၅၀၀ ကျပ်မှ အမြင့်ဆုံး ၂၀၀၀ ကျပ်ဈေးရှိပါတယ်။ တစ်ပတ်အတွင်း ပိဿာချိန်ပေါင်း သုံးသောင်းနှစ်ထောင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။    
ဧဧခိုင်-တောင်ကြီး