Main menu

Background

ဒေါ်လာဈေးမှာပြန်လည်မြင့်တက်လာပြန်

Tue, 07/07/2015 - 20:06 -- journal_editor

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း က ဈေးကျဆင်းသွားခဲ့ပြီးနောက် ဈေး ကွက်ပြန်ဖွင့်ချိန်တွင် အနိမ့်ဈေးဖြင့် ဈေးဖွင့်လာခဲ့သော်လည်း  ဈေးကွက် ပိတ်ရက်ရောက်ချိန်တွင် ဈေးပြန်လည် မြင့်တက်လာခဲ့ပြန်ကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။အစိုးရဘဏ်များနှင့်    ပုဂ္ဂလိက ဘဏ်များက သွင်းကုန်ပမာဏများပြား သည့်လုပ်ငန်းရှင်များအား  ဒေါ်လာ များရောင်းချပေးရန် ဗဟိုဘဏ်မှ ညွှန် ကြားချက်များထုတ်ပြန်ပြီးသည့်နောက် တွင် ဒေါ်လာဈေးများ ကျဆင်းခဲ့သော် လည်း လက်တွေ့တွင်မူ ပုဂ္ဂလိကဘဏ် များမှ ရောင်းချပေးနိုင်ခြင်းမရှိ၍ ပြင်ပ ဈေးကွက်ကိုပင် သွင်းကုန်လုပ်ငန်းရှင် များ အားထားလာခဲ့ရသည်။ထို့ကြောင့် ပြည်တွင်းငွေ လဲနှုန်း များမှာ    ကျဆင်းသွားခြင်းမရှိဘဲ အတက်အကျများဖြင့်သာရှိနေခဲ့သည်။ ဒေါ်လာဈေး  အတက်အကျများရှိနေ ခြင်းကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်များ အခက်တွေ့နေရကြောင်း သိရ သည်။''ဒေါ်လာဈေးက မငြိမ်တော့ လုပ် ငန်းလုပ်ရတာ    တော်တော်လေးကို ခက်ပါတယ်။  ဈေးတက်သွားသလား ဈေးကျသွားသလားဆိုတာ  အချိန်နဲ့ အမျှ စုံစမ်းနေရတယ်။  ဈေးက တက် ပြီဆိုရင် တစ်ကျပ် နှစ်ကျပ်မဟုတ်ဘူး။ လေးငါးကျပ်ကနေ  တစ်ဆယ်နီး ပါး လောက်အထိကို  တက်သွားတာ၊ ကျ ရင်လည်း   ဒီလိုပဲ။ အဲဒီလို အတက် အကျတွေကြားမှာ  ကျွန်တော်တို့ ကုန် သည်တွေ လှုပ်ရှားရတာ  တော်တော် လေးကို ခက်ပါတယ်။  ပိုဆိုးတာက အပြင်ဈေးကွက်ကိုပဲ အားထားနေရ တဲ့ အတွက် ဈေးက  သူတို့ သတ်မှတ်တဲ့ ဈေးလိုဖြစ်နေတာ။ ဗဟိုဘဏ်က ဈေး သတ်မှတ်ထားပေမယ့် အပြင်မှာက လို အပ်ချက်ရှိရင်ရှိသလို ဈေးအပြောင်း အလဲ ဖြစ်နိုင်တဲ့အတွက် ဈေးက ဘယ် လိုမှ မငြိမ်နိုင်ဘူးဖြစ်နေတယ်''ဟု ကုန် သည်တစ်ဦးက ပြည်တွင်းငွေလဲနှုန်း အခြေအနေနှင့်ပတ်သက်၍  ရှင်းပြခဲ့ သည်။
ပြင်ပငွေဈေးကွက်တွင်   ဇွန်လ ၂၉ ရက်နေ့က ဝယ်ဈေး ၁၁၇၂ကျပ်၊ ရောင်းဈေး ၁၁၈၀ကျပ်ရှိခဲ့သော်လည်း ဇွန်လ ၃၀ရက်နေ့ ညနေပိုင်းတွင် ဝယ် ဈေး ၁၁၈၀ကျပ်၊ ရောင်းဈေး ၁၁၈၅ ကျပ်သို့ မြင့်တက်ခဲ့သည်။ ဇူလိုင် ၂ ရက်တွင် ဝယ်ဈေး ၁၁၈၃ကျပ်၊ ရောင်း ဈေး ၁၁၈၈ကျပ်သို့ ဆက်လက်မြင့် တက်ခဲ့သည်။ ဇူလိုင် ၃ရက်တွင် ဝယ် ဈေး ၁၁၈၅ကျပ်၊ ရောင်းဈေး ၁၁၉၁ ကျပ်သို့ ဆက်လက်မြင့်တက်ခဲ့သည်။
 မယ်သီတာ