Main menu

Background

ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၃၉၉ တန်ကျော်ဝင်

Tue, 07/07/2015 - 20:09 -- journal_editor

ဇွန်လ ၂၁ ရက်မှ ၂၇ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၃၃၈၇၇၃၄ တန်ဖိုးရှိ ဓာတ်ဆီ ၁၉၈ ဒသမ ၆၉၂ တန်နဲ့ ကန်ဒေါ်လာ ၁၃၆၆၅၁၄၆ တန်ဖိုးရှိ ဒီဇယ် ၂၀၀ ဒသမ ၃၉၂ တန် ကို ပင်လယ်ရေကြောင်း ကုန်သွယ် မှုလမ်းမှ တင် သွင်းရန် သွင်းကုန်လိုင်စင်လျှောက်ထားခဲ့တယ်လို့  သိရပါတယ်။   ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ ၂၇၃ တန်ကျော်  ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၇၅ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒီဇယ် ကလည်း ယခင်သီတင်းပတ်မှာ တန်ချိန် ၇၄၄ ကျော် ဝင်လာခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ၅၄၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  ပြည်တွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်၃ ရက် နေ့အတွင်း ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ်ဈေးများက ရန်ကုန်နဲ့ တောင်ကြီး မှာဈေး ငြိမ်နေပြီး မော်လမြိုင်မှာ  ဒီဇယ်ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ် ပတ်ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါ ဈေးများမှာလည်း ယခင် တစ်ပတ်ဈေးနှင့် နှိုင်းယှဉ်ကြည့်ရင်ရန်ကုန်မှာဓာတ်ဆီရောဒီဇယ်ပါ ဈေးနည်းနည်း ကျလာတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက် မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့   ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့အောက်တိန်းမှာဈေးကျလာတယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာရောင်းချနေတဲ့ဈေးမှာဓာတ်ဆီ ၈၀၀ ကျပ်၊ ဒီဇယ်၇၀၀ ကျပ်၊အောက်တိန်း (၉၂) ၇၃၀ ကျပ်၊ အောက်တိန်း (၉၅) ၈၀၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၃၀ ကျပ် နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့  ပီပါဈေးများမှာ ဇွန်လ ၂၉ ရက်နေ့က ဓာတ်ဆီ ဝယ်ဈေး ၁၃၉၀၀၀ ကျပ်၊ ရောင်းဈေး ၁၄၁၀၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ဇူလိုင် ၂ ရက်တွင်  ဝယ်ဈေး  ၁၄၄၀၀၀  ကျပ်၊ ရောင်းဈေး၁၄၆၀၀၀ကျပ်ထိဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ဒီဇယ်ဈေးမှာ ဇွန် ၂၉ ရက်မှာ ဝယ်ဈေး ၁၄၀၀၀၀ ကျပ်၊ ရောင်းဈေး ၁၄၂၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ရာ ဇူလိုင် ၂ရက် တွင် ဝယ်ဈေး၊ ရောင်းဈေး၃၀၀၀ ကျပ်ဈေးကျပြီး အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရ ပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီဈေး အနည်းငယ်မြင့်ခဲ့ပြီးဒီဇယ် ဈေးအနည်းငယ်ကျလာခဲ့တယ်လို့ သိရပါတယ်။ တစ်ဂါလန် ဝယ်ဈေး၊ရောင်းဈေးများ မှာ ဓာတ်ဆီဈေးက တစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ်  တစ်ဂါလန် ၃၅၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ ဓာတ်ဆီ၊ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။          
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ ဓာတ်ဆီနဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့  သိရပါတယ်။  ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၇၇၀ ကျပ်၊ အောက်တိန်း ၈၀၀ ကျပ်၊ ဒီဇယ် ၇၃၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက် လီဆိုင်များမှာ  အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာဇွန်လ ၂၉ ရက်နေ့မှာ ဒီဇယ်ဝယ်ဈေး ၁၄၀၀၀၀ ကျပ်၊ရောင်းဈေး ၁၄၃၀၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်ရာ ဇူလိုင် ၂ ရက်တွင် ဝယ်ဈေး၁၃၇၀၀၀ ကျပ်၊ ရောင်းဈေး ၁၄၀၀၀၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဓာတ်ဆီဈေးမှာ ဇွန်လ ၂၉ ရက်နေ့ ဝယ်ဈေး ၁၄၇၀၀၀ ကျပ်၊ ရောင်းဈေး ၁၅၀၀၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ဇူလိုင်၂ ရက်တွင် ဝယ်ဈေး၁၄၆၀၀၀ ကျပ်၊  ရောင်းဈေး  ၁၄၉၀၀၀ ကျပ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ပြင်ပလက်လီဆိုင်များရဲ့ တစ်ဂါလန်ဈေးမှာ ဒီဇယ် ၃၄၀၀ ကျပ်၊ ဓာတ်ဆီ ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီနဲ့ အောက်တိန်း မှာ ဈေးငြိမ်ပြီး  ဒီဇယ်မှာဈေးအနည်းငယ် မြင့်လာခဲ့တယ်လို့သိရပါတယ်။ ဒီတစ် ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ဈေးများက  ဓာတ်ဆီ တစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၃၃၀ ကျပ်၊ အောက်တိန်း ၃၄၆၅ ကျပ်နဲ့ရောင်းချတယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၄၀၀ ကျပ်၊အောက်တိန်း ၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါ တယ်။
မကွေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ဒီတစ်ပတ် စက်သုံးဆီဈေးများ ငြိမ်နေတယ်လို့ သိရပါတယ်။ပုဂ္ဂလိက စက်သုံး ဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၄၀၀ ကျပ်၊ ဒီဇယ်၃၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့  သိရှိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ ၄၀၀၀ ကျပ်၊ ဒီဇယ် ၃၁၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့သိရပါ တယ်။
MIRT-DOT