Main menu

Background

ပရဆေးကို မူဆယ်နှင့် မြဝတီ နယ်စပ်မှ တင်ပို့ပြီး တမူးမှ ပြန်လည်တင်သွင်း

Tue, 07/07/2015 - 20:48 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ၂၀၁၅ ခုနှစ် ဇွန်လနောက်ဆုံးပတ်တွင် ကန် ဒေါ်လာ သုည ဒသမ ၅၆၈ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန်ချိန် ၁၀၈၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့ခဲ့တဲ့ ပရဆေး ကုန်ကြမ်းတွေကတော့  မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ကြက်ဆူစေ့၊ ကြောင်ပန်းစေ့၊ ဆီးသီးခြောက်၊ ဝဥခြောက် ၊ ဆီးဆံ၊ ကွမ်းစားဂမုန်း၊ ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ မာလာဥ၊ ချဉ်ပေါင်ဖာလာ၊ တောချင်းနဲ့တောင်လုံးကျော်တို့ဖြစ် ပါတယ်။တရုတ်နယ်စပ်မှ ပရဆေး တင်ပို့ခဲ့သလို မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှလည်း ကန်ဒေါ်လာ ၉၃၀၂ တန်ဖိုးရှိ ဆီးဖြူသီးခြောက် ၁၅ တန်ခွဲကို တင်ပို့ခဲ့တာတွေ့ရပါတယ်။
ယခုလို တရုတ်နဲ့ ထိုင်းနယ်စပ်များမှ ပရဆေးကုန်ကြမ်းတင်ပို့မှုရှိသလို မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးစခန်းကလည်း ကန်ဒေါ်လာ ၅၄၀ တန်ဖိုးရှိ တောင်လုံးကျော် ၃ တန်တင်သွင်းလာခဲ့ပါတယ်။တမူးစခန်းမှ ၂၀၁၅ ဇွန်လအတွင်း တောင် လုံးကျော် ၁၉ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။    
မော်မော်အောင်