Main menu

Background

မူဆယ်နယ်စပ်မှ ကော်ဖီစေ့ ပုံမှန်တင်ပို့

Tue, 07/07/2015 - 20:49 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ  ဇွန်လ တွင် ကန်ဒေါ်လာ ၁၂၈၈၆၅ တန်ဖိုးရှိ ကော်ဖီစေ့ ၁၁၉ တန်တင်ပို့ခဲ့ပါတယ်။အနီးစပ်ဆုံး မေလက ၂၇၉ တန် တင်ပို့ ခဲ့တာကြောင့် မူဆယ်နယ်စပ်မှ တရုတ် ပြည်သို့ ကော်ဖီစေ့ပုံမှန်တင်ပို့နေတယ် လို့ ဆိုရပါမယ်။ရှမ်းပြည်နယ်နဲ့   အခြားဒေသ တွေကထွက်ရှိတဲ့   ကော်ဖီစေ့တွေဟာ  အရည်အသွေး  ပိုကောင်းတာကြောင့် မြန်မာ-တရုတ်နယ်စပ်မှ   ကုန်သည် များက အဓိကဝယ်ယူနေကြကြောင်း ၊ နိုင်ငံတစ်ဝန်းလုံးတွင် ကော်ဖီစိုက်ပျိုး လျက်ရှိနေကြပြီး၊  ပြီးခဲ့တဲ့နှစ်က ဂျပန်နဲ့ ကိုရီးယားမှ ကော်ဖီအဝယ်တော်တွေ ပြင်ဦးလွင်အထိ    လာဝယ်ကြတယ်လို့ မြန်မာကော်ဖီစိုက်ပျိုးရေးလုပ်ငန်းလုပ် ကိုင်တဲ့ ကုမ္ပဏီတစ်ခုမှ သိရပါတယ်။
မော်မော်အောင်