Main menu

Background

တတိယအကြိမ်မြောက် မြန်မာ့နိုင်ငံတကာဆေးဝါးနှင့် ဆေးပစ္စည်းလုပ်ငန်းများ ပြပွဲနှင့်တွေ့ဆုံပွဲ (The 3rd International Exhibition & Conference on Pharmaceutical & Medical Equipment Industry for Myanmar) ကျင်းပမည်

Wed, 07/08/2015 - 19:51 -- journal_editor

Minh Vi Exhibition & Advertising Service Co., Ltd. နှင့် မြန်မာနိုင်ငံဆေးဝါးနှင့်   ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း & Medical Equipment     Entrepreneurs' Association(MPMEEA) တို့ ပူး ပေါင်းကျင်းပပြီး  မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်း၏     ပံ့ပိုးမှုဖြင့်  တတိယအကြိမ်မြောက်  မြန်မာ့နိုင်ငံ တကာဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာ လုပ်ငန်းများ   ပြပွဲနှင့် တွေ့ဆုံပွဲကို ဇူလိုင်  ၉ရက်မှ ၁၁ ရက်အထိ ရန်ကုန် မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပြပွဲတွင် ဆေးဝါးနှင့်ဆေး ပစ္စည်းများ၏ အမျိုးမျိုးသောထုတ်ကုန် များနှင့်နောက်ဆုံးပေါ်  ကိရိယာများ၊ ဆေးဝါးထုတ်လုပ်ငန်းများ အပါအဝင် နောက်ဆုံးပေါ်နည်းပညာများ၊ မတော် တဆနှင့်  အရေးပေါ်သုံးပစ္စည်းများ၊ အရိုးကုသခြင်းနှင့်  သက်ဆိုင်သည့် ပစ္စည်း ကိရိယာများ၊ နည်းပညာအသုံး ပြုခြင်းနှင့်   ဝန်ဆောင်မှု၊ အစား အသောက်နှင့်  မီးဖိုချောင်သုံးပစ္စည်း များ၊ ဆက်သွယ်ရေးနှင့် သတင်းနည်း ပညာ၊ သွားနှင့်ပတ်သက်သည့်ပစ္စည်း များနှင့် အကူပစ္စည်းများ၊ ဓာတ်ခွဲခန်း နှင့် ဆေးခန်းသုံးပစ္စည်းများ၊ ရောဂါရှာ ဖွေစမ်းသပ်ခြင်း၊ ပိုးမွှားနှင့် ရောဂါကူး စက်မှုကာကွယ်ရေး၊   လျှပ်စစ်ပစ္စည်း သုံးဆေးကုသရေး  ပစ္စည်းများ၊ ဆေးရုံ သုံးပရိဘောဂနှင့် ပစ္စည်းများ၊ ဆေး ကုသရေးကုထုံးများ၊ မျက်စိကုသရေး ပစ္စည်းများ၊ ဓာတုဗေဒနှင့် အာဟာရ ဖြည့်စွက်စာများကို ပြသသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ပြင် ဂျပန်နိုင်ငံ PSP Corporation မှ PACS(Picture Archiving Communication System)ကိုလည်းကောင်း၊ မလေးရှားနိုင်ငKossan Latex Industries(M) SDN BHD ခွဲစိတ်ခန်းနှင့် စမ်းသပ် ခန်းသုံး လက်အိတ်များကို   လည်း ကောင်း၊ အမေရိကန်နိုင်ငံRobison Pharma, Inc မှ  အာဟာရဖြည့် စွက်စာများကိုလည်းကောင်း ပြသသွား မည်ဖြစ်ကြောင်း  သိရသည်။
အဆိုပါပြပွဲတွင် ဆေးပညာရပ်နှင့် ပတ်သက်သည့်ဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပြပွဲ  သုံး  ရက်စလုံးတွင်"Development of Clinics & Hospital in Myanmar"? "Demand of Myanmar Healthcare Industry- Discover your opportunities"? "Innovations in Medical Devices" ဟူသောခေါင်းစဉ်များဖြင့်   ဆွေးနွေး ကြမည်ဖြစ်ရာ   ပရိသတ်များကလည်း ပြန်လည်ဆွေးနွေးခွင့်   ရရှိမည်ဖြစ် ကြောင်း သိရသည်။
ပြပွဲ၏  နောက်ဆုံးနေ့တွင် ပြပွဲ၌ ပါဝင်ပြသသည့်   လုပ်ငန်းရှင်များ၊ ကုမ္ပဏီများအား  မြန်မာနိုင်ငံ၏ဆေးရုံ စနစ်ကို ပိုမိုနားလည်စေရန်ရည်ရွယ်၍ ဗဟန်းမြို့နယ်ရှိ ဇီဝတဒါနသံဃဆေးရုံ ကြီးသို့ သွားရောက်လေ့လာခြင်းအပြင် လှိုင်သာယာစက်မှုဇုန်ရှိ   FAME ဆေးဝါးထုတ်လုပ်ရေးစက်ရုံသို့လည်း သွားရောက်     လေ့လာကြမည်ဖြစ် ကြောင်း သိရသည်။
မယ်သီတာ