Main menu

Background

မူဆယ်နယ်စပ်မှ နှမ်းဖြူ (အခွံချွတ်) ပိုမိုတင်ပို့

Wed, 07/08/2015 - 19:52 -- journal_editor

ဇွန်လ  နောက်ဆုံးပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်းတန်ဖိုးရှိ နှမ်းဖြူ(အခွံချွတ်)၁၀၇ တန်ခွဲနဲ့ ကန်ဒေါ်လာ ၆၀၀၀ တန်ဖိုးရှိ နှမ်းလှော် ၃ တန်တင်ပို့ခဲ့ပါတယ်။
မကွေးမြို့ရှိ   လှော်ဖိုကြီးများမှ     နှမ်းလှော်များကို ရန်ကုန်၊ မန္တလေးဈေးကွက်သို့  တင်ပို့ကြပြီး ထိုမှတစ်ဆင့် တရုတ်နဲ့ ကိုရီးယားဈေးကွက်အထိ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နေကြတာဖြစ်ပါတယ်။ယခင်ရက် သတ္တပတ် က  မူဆယ်မှ နှမ်းဖြူ(အခွံချွတ်) ၃၈ တန် တစ်မျိုးတည်းသာ  တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်တွင် မူဆယ်မှ နှမ်းဖြူ(အခွံချွတ်)တင်ပို့မှု ပိုမိုလာတာတွေ့ရပါတယ်။ချင်းရွှေဟော်စခန်းကလည်း   ယခင်ရက်သတ္တပတ်က  နှမ်း တင်ပို့မှုမရှိခဲ့ဘဲ ယခုတစ်ပတ်တွင် နှမ်းဖြူ ၉၉၁ တန် ၊ နှမ်းနက် ၁၈၁ တန်နဲ့   နှမ်းညို ၈၃ တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၈၆၆ သန်းဖိုး တင်ပို့မှုရှိခဲ့ပါတယ်။ဇွန်လအတွင်း  စခန်းစုံမှ နှမ်းရောင်စုံ တန်ချိန် ၁၃၆၅ တန်ခွဲထိ  တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က နှမ်းဖြူတစ်တန်ကို ၁၇၅၈၅၇၉ ကျပ်၊ နှမ်းနက် တစ်တန်ကို ၂၀၃၅၃၃၂  ကျပ်ရှိရာမှ   ယခုတစ်ပတ်တွင် နှမ်းဖြူဈေး ၁၇၉၈၃၉၆ ကျပ်နဲ့ နှမ်းနက်ဈေး ၂၀၈၁၄၁၅ ကျပ်သို့ ဈေးမြင့် တက်လာခဲ့ပါတယ်။    
မော်မော်အောင်