Main menu

Background

LINE Messenger App ကို မြန်မာနိုင်ငံတွင် တရားဝင်အသုံးပြု၍ရပြီ

Thu, 07/09/2015 - 19:50 -- journal_editor

ဂျပန်နိုင်ငံအခြေစိုက် LINE Corporation  သည် မြန်မာနိုင်ငံတွင်LINE Messenger App  ကို ဇူလိုင်လ ၃ရက်နေ့မှစတင်ကာ တရားဝင် ဖြန့်ချိလိုက်ပြီ ဖြစ်ကြောင်း သိရသည်။LINEကို မြန်မာနိုင်ငံ တွင် ယခုနှစ် မတ်လအတွင်းက စမ်းသပ်လုပ်ဆောင် ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပြီး အသုံးပြုသူအရေအတွက်မှာ ၃၀၉ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သဖြင့် ယခုကဲ့သို့ တရားဝင်မိတ်ဆက်ကာ ဖြန့်ချိရခြင်းဖြစ်ကြောင်းLINE Myanmar ၏ အထွေထွေမန်နေဂျာ မစ္စတာဒါရင်ဟွမ်က ပြောကြားခဲ့သည်။LINE  သည် အခြေခံဝန်ဆောင်မှုများဖြစ်သည့် Message များ ပေးပို့ခြင်း၊ Voice Call , Video Calls  နှင့်Group Chatting များသာမက ခံစားချက်များ ကို ပိုမိုပေါ်လွင်စေသည့် Stickers များကိုထည့်သွင်းပေးထားကြောင်း သိရသည်။ ထို့ပြင် အဆိုပါ LINE App  တွင် လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင် ပါဝင်သည့် Home  နှင့်  Timeline ကိုပါ ထည့်သွင်းထားကြောင်း သိရသည်။
LINE Corporation သည်LINE App  ဝန်ဆောင်မှုကို ဂျပန်နိုင်ငံတွင် ၂၀၀၁ ခုနှစ် ဇွန်လတွင်စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်ပနိုင်ငံများဖြစ်သည့် အရှေ့အလယ် ပိုင်းဒေသများ၊ တရုတ်(တိုင်ပေ)၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့်အခြားသော အရှေ့တောင်အာရှနိုင်ငံတို့တွင်လည်း အသုံးပြုသူများ များပြားလာခဲ့ကြောင်း သိရသည်။ထို့ပြင် မြန်မာပြည်တွင်း၌ LINE ကို အသုံးပြုရာတွင် ပိုမိုနှစ်သက်စေရန် အတွက် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အောင်ရဲလင်းနှင့် ခင်ဝင့်ဝါတို့ကို LINE ၏ အထူးသံတမန်များအဖြစ် ခန့်အပ်ခဲ့သည်။ ထို့ပြင် ၎င်းင်းတို့၏ပုံရိပ်များကို  LINE ၏Stickers  များတွင် ထည့်သွင်းအသုံးပြုကာ အသုံးပြုသူအချင်းချင်း အဆိုပါ ှSticker  များကို အသုံးပြု၍ Messageများကိုပေးပို့နိုင်မည်ဖြစ်သည်။ထို့ပြင်LINE Messenger App  ၏ ထူးခြားချက်မှာLINE စတစ်ကာ၏ ဇာတ်ကောင်များအား အမည်များမှည့်ခေါ်ထားပြီး စတစ်ကာပုံတစ်ပုံချင်းစီတွင် စိတ်ခံစားမှုကို ပုံဖော်ပေးနိုင်သည့် ပုံရိပ်များကို ထည့်သွင်းထားကြောင်း သိရ သည်။ LINE App နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါကLINE Myanmar Official Account နှင့် ၎င်းင်း၏ဖေ့စ်ဘုတfAccountဖြစ်သည့် www.facebook.com/LineMyanmar.Officialသို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
မယ်သီတာ